အီဘိုလာရောဂါ ပျောက်ကင်းရန်မှာ ဗီဇလက္ခဏာအပေါ် မူတည်သည်

ကျန်းမာရေးသတင်း၊ နို ၂၊ ရဲရင့်တည်

အီဘိုလာရောဂါသည် ကူးစက်သည့် လူတိုင်းကို သေစေနိုင်စွမ်းမရှိဘဲ အချို့ သော ဗီဇလက္ခဏာများကို ပိုင်ဆိုင် သူများက အီဘိုလာရောဂါ ပျောက်ကင်းနိုင်ပြီး အချို့ မှာ အီဘိုလာရောဂါကို ခံနိုင်စွမ်းရှိနိုင်မည်ဟု အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်မှ သုတေသီများကဆိုသည်။

အီဘိုလာရောဂါပိုးကြောင့် ကူးစက်သူဦးရေ ၁၃၀၀၀ ခန့်ရှိခဲ့ပြီဖြစ်ကာ သေဆုံးသူဦးရေ ၄၉၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ အီဘိုလာပိုးက ကူးစက်ရာတွင် အချို့ သောလူနာများမှာ လျင်မြန်စွာအသက်ဆုံးရှုံး ကြရပြီး အခြားသူတို့ မှာ အီဘိုလာရောဂါ ပျောက်ကင်းသွားသည်ကို တွေ့ရသည်။ အီဘိုလာရောဂါ၏ လက္ခဏာများက လူနာများတွင် ပြောင်းလဲမှုများရှိနေခဲ့သဖြင့် ဆရာဝန်များက အီဘိုလာ၏အလုပ်လုပ်ပုံကို အပြည့်အ၀နားလည်ရန် ခက်ခဲခဲ့သည်။ ယခု စမ်းသပ်ချက်အရ အီဘိုလာရောဂါသည် လူတို့ကို ဆိုးဝါးစွာကူးစက်နိုင်သလို အချို့ ကူးစက်ခံရသော လူနာများ တွင် ရောဂါကလွယ်ကူစွာပျောက်ကင်းနိုင်ကြောင်း ၄င်းတို့၏ ဗီဇပုံဆောင် ဓာတုပစ္စည်း
ကိုလေ့လာ၍ သိရှိနိုင်သည်။ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် တက္ကသိုလ်မှ သုတေသီများက စမ်းသပ်ခံကြွက်များခန္ဓာကိုယ်အတွင်း လက်ရှိပျံ့ နှံ့ နေသည့် အီဘိုလာရောဂါတစ်မျိုးကို ထည့်သွင်းကာ လေ့လာခဲ့သည်။ သုတေသီများက ကြွက်အချို့ တွင် အီဘိုလာရောဂါ၏ လက္ခဏာအပြည့်အ၀ပေါ်နေသည် ကိုတွေ့ရှိခဲ့ပြီး အချို့ ကြွက်များတွင်လည်း ရောဂါမှ ပြန်လည်ကောင်းမွန်သွားသည်ကို တွေ့ရှိခဲ့သည်။ အခြားကြွက်များမှာမူ ရောဂါ၏ကူးစက်မှုကိုပင် ခုခံနိုင် စွမ်းရှိသည့် လက္ခဏာများပြသခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ အီဘိုလာရောဂါ ကူးစက်လိုက်သည့် ကြွက်များတွင် ရလဒ်များမတူညီခဲ့ရခြင်းမှာ ၄င်းတို့၏ ဗီဇဓာတုပစ္စည်း များကြောင့် ဖြစ်ကြောင်း သုတေသီများက အဖြေထုတ်နိုင်ခဲ့သည်။ ကြွက်တို့၏ အလိုအလျောက် ရောဂါပြီးစနစ်ကို အလုပ်လုပ် စေခြင်းနှင့် သွေးကြောမျှင်များကို ပြုပြင်ပေးခြင်း တို့ကိုလုပ်ဆောင်ပေးရာတွင် ပါဝင်သည့် ဗီဇဓာတုပစ္စည်းများသည် ကြွက်တစ်ကောင်နှင့် တစ်ကောင် မတူညီ၍ကွဲပြားသော ရလဒ်များရရှိခဲ့သည်။ ၄င်းတို့ စမ်းသပ်ခဲ့သည့်ကြွက်များမှ ၇၀ ရာခိုင်နှုန်းမှာ ဆိုးဝါးသော ရောဂါလက္ခဏာများပေါ်လွင်ခဲ့ပြီး တစ်ဝက်ကျော်မှာ သွေးနှင့် အသည်း တို့တွင် ပျက်ဆီးမှုများဖြစ်ပေါ်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသွားသည့် ကြွက်များတွင် ၄င်းတို့၏ ဗီဇဓာတုပစ္စည်းနှစ်မျိုးမှာ လှုပ်ရှားမှုနည်းပါးနေသဖြင့် သွေးကြောပေါက်ခြင်းများ ဖြစ်ပေါ်စေကာ ရောဂါကူးစက်မှုကို ကုသပေးသော သွေးဖြူဥများကို စိမ့်ထွက်စေပြီး ဆဲလ်ပျက်ဆီးမှုများဖြစ်ပေါ်စေကာ ကိုယ် အင်္ဂါအစိတ်အပိုင်း ပျက်ဆီးမှုများဖြစ်ပေါ်စေပြီး သေဆုံးမှုဖြင့် အဆုံးသတ်လေ့ရှိကြောင်း သိရသည်။

ရှာဖွေတွေ့ရှိမှုအရ အီဘိုလာရောဂါကူးစက်မှုသည် လူနာတစ်ဦးစီတွင် မည်သည့် အတိုင်းအတာအထိ ဆိုးဝါးနိုင်မည်ကို ၄င်းတို့၏ ဗီဇဓာတုပစ္စည်းအကြောင်း လေ့လာ၍ သိရှိနိုင်သည်။ လူနှင့် ကြွက်တို့၏ ဗီဇဓာတုပစ္စည်း ဖွဲ့စည်းပုံတွင် လူတို့၏ဗီဇဖွဲ့စည်းပုံမှာ ကြွက်ထက်များစွာရှုပ်ထွေးသဖြင့် ၄င်းတို့၏ရှာဖွေမှုကို လူတို့အတွက်သတ်မှတ်၍ မရသေးသောကြောင့် အီဘိုလာရောဂါက ကြွက်နှင့်လူတို့၏ ဗီဇကိုမည်သို့တိုက်ခိုက်ပုံကို
လေ့လာမှုများဆက်လက် ပြုလုပ်သွားရဦးမည်ဖြစ်ကြောင်း သုတေသီအဖွဲ့မှ Michael Katze က ဆိုသည်။

Lashio News Diary
https://www.facebook.com/lashio.news.city?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ