ဆေးလိပ်သောက်တာကနေ ကင်ဆာ ၁၂ မျိုးကိုဖြစ်စေနိုင်တယ်

 Smoking Causes 12 Different Kinds of Cancers
တိုင်းမ်မဂ္ဂဇင်းပါ ဆေးပညာဆောင်းပါးဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကင်ဆာ ၁၂ မျိုးကြောင့် သေဆုံးသူတွေကို လေ့လာတော့ သူတို့ထဲက ၄၈% ကျော်ဟာ ဆေးလိပ်သောက်ခဲ့သူတွေ ဖြစ်နေတာတွေ့ရလို့ အခုလိုပြောနိုင်တာ ဖြစ်ပါတယ်။

စီးကရက်သောက်ရင် အဆုပ်ကင်ဆာဖြစ်နိုင်တာတော့ လူတိုင်းလိုလို သိကြမှာပါ။ သေဆုံးသူတွေထဲမှာ ၈ဝ% ရှိလို့ သိတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီတမျိုးတည်းမကပါ သရက်ရွက်ကင်ဆာကနေ သွေးကင်ဆာအထိပါဝင်ပါတယ်။ အစာမျိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အသည်းကင်ဆာတွေလည်းပါတယ်။ လည်ချောင်းကင်ဆာနဲ့ သေဆုံးကြရသူတွေထဲမှာ ဆေးလိပ်သောက်သူ ၇၇% ပါတယ်။

Centers for Disease Control and Prevention ဌာနကနေ ၂ဝ၁၁ ခုနှစ်ကလေ့လာခဲ့တာပါ။ ယူအက်စ်မှာ ၁၆၈ဝဝဝ ယောက်ဟာ ဆေးလိပ်သောက်တာနဲ့ဆက်စပ်ပြီး နှစ်စဉ်သေဆုံးနေရပါတယ်။ ဆေးလိပ်သောက်သူ နည်းလာတာတော့ မှန်ပါတယ်။ ထပ်လုပ်စရာတွေက အများကြီးရှိသေးတယ်။
http://time.com/3921149/cancer-smoking-lung-cancer/

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ