ဆီးချိုကို စမတ်မျက်ကန်မှန်ဖြင့် တိုင်းတာနိုင်ရန် စမ်းသပ်လျက်ရှိ


မျက်ကပ်မှန်များတွင် အာရုံခံကိရိယာအကြည်များထည့်သွင်းကာ ဆီးချိုဝေဒနာရှင်များတွင် သွေးတွင်း သကြားဓါတ်ပါဝင်မှုကို ပုံမှန်တိုင်းတာပေးနေနိုင်မည့်စနစ်တစ်ခုအား စမ်းသပ်လျက်ရှိကြောင်း အမေရိကန် ပြည်ထောင်စု၊ Oregon တက္ကသိုလ်မှ သုတေသီ Gregory Herman က ပြောသည်။မကြာခင်မှာ သွေးတွင်းသကြားဓါတ်ပမာနကို အာရုံခံဖော်ထုတ်ပေးနိုင်မယ့် မျက်ကပ်မှန်တွေကို ထုတ်လုပ် နိုင်တော့မှာဖြစ်ပါတယ်။

 ဝေဒနာရှင်တွေအနေနဲ့  အရင်လို အသားအနာခံပြီး သွေးစထုတ်နေရတာမျိုးကို လုပ်ဖို့ လိုအပ်တော့မှာမဟုတ်ပါဘူးဟု Herman က ဆက်လက်ပြောပြသည်။ Herman သည် ဖော်ပြပါ မျက်ကပ်မှန်အကြည်ကို ရေခဲတုံးပေါ်တွင် စမ်းသပ်ထုတ်လုပ်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့် ဆီးချိုတိုင်းတာရန် သွေးတွင်းသကြားပမာဏကို သိရှိရန်လိုအပ်ကြောင်း၊ သွေးတွင်းသကြား ပမာဏကိုတိုင်းတာရန် လက်ချောင်းထိပ်ကို အပ်ဖောက်ရကြောင်း၊ ထွက်လာသည့်သွေးစကို သွေးတွင်း သကြားပမာဏတိုင်းတာသည့်ကိရိယာပေါ်သို့ တင်ပေးရကြောင်း၊ နေ့ စဉ်နှင့်အမျှ အကြိမ်ကြိမ်အပ်ဖောက် နေရသောကြောင့် ဆီးချိုဝေဒနာရှင်များအဖို့  လက်ချောင်းထိပ်များ အမြဲတစေနာကျင်နေသည့်ဝေဒနာကို ခံစားရလေ့ရှိကြောင်း သိရသည်။

 ယခုဖော်ပြပါ အာရုံခံကိရိယာအကြည်ပါဝင်သည့်မျက်ကပ်မှန်က လူတစ်ဦး၏ သွေးတွင်းသကြားပမာဏကို အချိန်ပြည့် စောင့်ကြည့်တိုင်းတာဖော်ပြပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ အဆက်မပြတ်စောင့်ကြည့်ခြင်းဖြင့် ဆီးချိုရောဂါနှင့်ဆက်နွယ်နေသည့် ကျန်းမာရေးအန္တရာယ်အများစုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သွေးတွင်းသကြားပမာဏ ပြောင်းလဲသွားသည်နှင့် ကာယကံရှင်ကို အသိပေးခြင်းဖြင့် ကြိုတင်ကာကွယ်မှု များ အမြောက်အများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။သွေးတွင်းသကြားပမာဏကို စဉ်ဆက် မပြတ်တိုင်းတာဖော်ပြပေးနိုင်သည့်ကိရိယာများ ရှိနှင့်ပြီးဖြစ်သော် လည်း ၄င်းတို့ ကိုအသုံးပြုနိုင်ရန် လူ့  ခန္ဓာကိုယ် အရေပြားအောက်ထဲသို့  electrode များ ထည့်သွင်းရလေ့ ရှိကြောင်း၊ အလွန်နာကျင်ပြီး အရေပြားယားယံခြင်း၊ အခြားပိုးမွှားများဝင်ရောက်ခြင်းကြောင့် ယောင်ကိုင်း ကာ အနာဖြစ်ခြင်း အစရှိသည်တို့ ကို ခံစားရနိုင်ကြောင်း၊ ထို့ အပြင် ရက်ရှည်ကြာလာလျင် အသစ်ပြန်ပြန် လဲရလေ့ရှိကြောင်း၊ ယခု မျက်ကပ်မှန်များသည် မည်ကဲ့သို့ သော ကယိကထကိုမှ ပေးမည်မဟုတ်ဘဲ ပုံမှန် တပ်ဆင် ထားလိုက်ရုံနှင့်ပင် ၄င်းနှင့်ချိတ်ဆက်ထားသည့် ဖုန်းအပလီကေးရှင်းက သွေးတွင်းသကြားဓါတ် ပမာဏကို ပုံမှန်ဖော်ပြပေးနိုင်နေမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ