သာမန်ဗိုင်းရပ်တစ်မျိုးကြောင့် ကစီဓါတ်ကိုမချေဖျက်နိုင်သည့်ရောဂါ ဖြစ်ပွားနိုင်


ပုံမှန်အားဖြင့် လူကိုထိခိုက်မှုမဖြစ်စေနိုင်သည့် Reovirus သည် တစ်ကယ်တမ်းတွင် ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်ပြီး အထူးသဖြင့် အူသိမ်တို့ က ကစီဓါတ်ကိုမချေဖျက်နိုင်သည့်ဝေဒနာကို ခံစားရစေနိုင် သည်ကို ကြွက်များနှင့်စမ်းသပ်တွေ့ ရှိရကြောင်း အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုတက္ကသိုလ်မှ သုတေသီများက ပြောသည်။Reovirus သည် ပုံမှန်အားဖြင့် လူကိုမထိခိုက်စေနိုင်ကြောင်း၊ သို့ သော် မူလကပင် ကစီဓါတ်ကို မချေဖျက် နိုင်သည့်ဝေဒနာကိုခံစားနေရသူများတွင် Reovirus ကို သာမန်လူများတွင်ထက်ပို၍ အမြောက်အများ တွေ့ ရှိရကြောင်း၊ ကြွက်များနှင့်စမ်းသပ်ရာတွင်လည်း reovirus အများအပြားရှိသည့်ကြွက်များတွင် ကစီဓါတ်ကိုမချေဖျက်နိုင်သည့်ပြဿနာ ပိုနေသည်ကို တွေ့   ရှိရကြောင်း သိရသည်။

 Reovirus သည် လူကို အမြဲတစေကူးစက်နေကြောင်း၊ သို့ သော် လူကိုထိခိုက်စေနိုင်သည့်လက္ခဏာမျိုး မပြဖူးခဲ့ကြောင်း၊ ကစီဓါတ်ကိုမချေဖျက်နိုင်သည့်လူနာများတွင် ၄င်းဗိုင်းရပ်ကို ပေါများစွာတွေ့ ရှိရပြီးသည့် နောက် ဆက်လက်စူးစမ်းလေ့လာရာမှ ၄င်းဗိုင်းရပ်သည် အပြစ်အန္တရာယ်ကင်းစင်သည့်ဗိုင်းရပ်မျိုးမဟုတ် ဘဲ လူ့ ကစီဓါတ်ကိုချေဖျက်ပေးနိုင်သည့် ဇီဝကမ္မဖြစ်စဉ်ကို နှောက်ယှက်အားပျော့စေနိုင်သည့်အစွမ်း ရှိ နေသည်ကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ Reovirus သည် ခန္ဓာကိုယ်ရောဂါခုခံစနစ်အပေါ် ခြေရာထင်ကျန်နိုင်သည့်ဗိုင်းရပ်မျိုးဖြစ်ကြောင်း၊ ဆိုလို ရင်းမှာ တစ်ကြိမ်ကူးစက်ပြီးလျင် အရှင်းပျောက်မသွားတော့ဘဲ အမြဲတစေ တစ်နည်းမဟုတ်တစ်နည်း ဒုက္ခ ပေးနိုင်မည့် ဗိုင်းရပ်မျိုးဖြစ်ကြောင်း သုတေသီများက အတည်ပြုလိုက်ပြီး ကျန်းမာရေးရှုထောင့်မှကြည့် လျင် ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်သည့်အာနိသင်များမရှိသော်လည်း အလိုအလျောက်ရောဂါခုခံသည့်စနစ်ကို မူ အနှောက်အယှက်ပေးနိုင်သည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကစီဓါတ်ကိုမချေဖျက်နိုင်သူများတွင် IRF1 ပရိုတိန်း ပိုများကြောင်း၊ IRF1 ကြောင့် ကစီဓါတ်ကို မခံနိုင်ခြင်း ဖြစ်ပြီး IRF1 ထွက်လာရန် Reovirus က အားပေးလှုံ့ ဆော်ခြင်းဖြစ်ကြောင်း၊ သို့ သော် Reovirus ကိုလည်း အမျိုးမျိုးတွေ့ နေရကြောင်း၊ T1L အမျိုးအစား Reovirus သည် ခန္ဓာကိုယ်ရောဂါခုခံသည့်စနစ် ကို ပို၍ပင်ကောင်းစေနိုင်ကြောင်း၊ ယခုဒုက္ခပေးနေသည့်ဗိုင်းရပ်မှာ T1L ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ