ဒူးအစားထိုးခွဲစိတ်မှုတွင်သွေးတိတ်ဆေးထိုးခြင်းက သွေးဆုံးရှုံးမှု လျော့ကျစေ


အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်တဲ့ ဒူးခေါင်းဆစ်တစ်ခုလုံးအစားထိုး ကုသမှု (Total Knee Replace ment (TKR) မှာ အရိုးတွေ ဖြတ်ထုတ်ရမှု၊ တစ်သျုးတွေဖြတ်ထုတ်ရမှုကြောင့်သွေးထွက်လွန်မှုဖြစ်ပွား နိုင်ပါတယ်။

Bone and Joint ခွဲစိတ် ဂျာနယ်မှာဖော်ပြခဲ့တဲ့သုတေသနတစ်ခုအရသွေးတိတ်ဆေး Tranexamic acid (TXA) ကိုသွေးကြောထဲသို့ ယင်းခွဲစိတ်မှုပြုလုပ်ရာနေရာသို့ ယင်းတိုက်ရိုက်ထိုးခြင်းအားဖြင့် သွေးကြောထဲသို့ TXA သွင်းခြင်း ထက်သွေးထွက်မှု ၃၇% ပိုနည်း တယ်လို့သိရပါတယ်။

သုတေသနမှာ ဒူးဆစ်တစ်ခုလုံးအစားထိုးရမယ့်လူနာဒိန်းမတ်နိုင်ငံသား ၆၀ ဦးပါဝင်ခဲ့ပြီး ယင်းတို့ကိုကျပန်းနှစ်ဖွဲ့ခွဲ၍တစ်ဖွဲ့ကို Tranexamic Acid သွေးကြောထဲသို့သွင်းပြီး ကျန်တစ်ဖွဲ့ကိုသွေး ကြောထဲသို့ရောခွဲစိတ်မှုလုပ်ရာအဆစ်ထဲကိုပါထိုးခဲ့ပါတယ်။ သွေး ကြောထဲထိုးတာကိုတော့မေ့ဆေး ထုံဆေးပေးချိန်မှာတစ်ပြိုင်တည်း ထိုးပြီး အဆစ်ထဲထိုးရာမှာတော့ခွဲစိတ်မှုပြီးပြီးခြင်း ခွဲရာအားပြန်မပိတ်မီတစ်ပြိုင်တည်း ထိုးခဲ့ပါတယ်။ ရလဒ်ကတော့သွေးကြောထဲရော၊ အရိုးအဆစ်ထဲမှာ နှစ်နေရာလုံး ထိုး တဲ့အဖွဲ့ကကျန်တစ်ဖွဲ့ထက်ခွဲစိတ်ပြီး ၂၄ နာရီကနေ ၄၈ နာရီကြားသွေးဆုံး ရှုံးမှု ၃၇%မှာ တွေ့ရပါတယ်။ နှစ်ဖွဲ့စလုံးမှာတော့ခွဲစိတ်ပြီး ရက် ၄၀ အတွင်း သွေးခဲပိတ်တဲ့လက္ခဏာတွေမတွေ့ရပါဘူး။ သွေးကြောထဲတစ်မျိုးတည်းသာဆေးသွင်းသည့်အဖွဲ့ကခွဲပြီးနောက်သွေးသွင်းဖို့လိုအပ်ခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ