တုပ်ကွေးကာကွယ်ဆေးကနှလုံးရောဂါသည်တွေမှာ ဆေးရုံတက်ရနိုင်ခြေ လျော့နည်းစေ


ဆေးကုထုံးလမ်းညွှန်အများစုမှာ နာတာရှည်ရောဂါတွေဖြစ်ပွားနေတဲ့ သက်ကြီးရွယ်အိုတွေမှာ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုး သင့်တယ်လို့ဆိုထားပါတယ်။ တုပ်ကွေး ကာကွယ်ဆေး ထိုးခြင်းကနှလုံးရော ဂါဝေဒနာရှင်တွေမှာ ဆေးရုံတက် ရနိုင်ခြေလျော့နည်းစေတယ်လို့ ကမ္ဘာ့နှလုံးရောဂါဝေဒနာများ တတိယ အကြိမ် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်မှသုတေသီတွေရဲ့ တွေ့ရှိချက်တွေအရနှလုံးရောဂါဝေဒနာရှင်တွေမှာ တုပ်ကွေးရောဂါ ကာကွယ်ဆေးခံယူမှုနည်းနေသေးပြီး ၀င်ငွေအသင့် အတင့်နဲ့ ၀င်ငွေနည်းသော နိုင်ငံများ တွင် ၂၀% နှင့် ၀င်ငွေမြင့်မားသော နိုင်ငံများတွင် ၅၀% မှ ၇၀% ထိရှိ ကြောင်း သိရပါတယ်။ အကြောင်း ကတော့နှလုံးရောဂါဝေဒနာရှင် တွေမှာသာမန်သူတွေနဲ့ခုခံအား စနစ်တုန့်ပြန့်မှု မတူတာကြောင့် ထိရောက်မှုနည်းတယ်လို့အချို့ကဆိုထားတဲ့အတွက်ကြောင့်ပါ။

 တုပ်ကွေးကာကွယ်ဆေးကနှလုံးရောဂါ ဝေဒနာရှင်တွေမှာ ဆိုးကျိုးတွေ ကိုလျော့နည်းစေတယ်ဆိုတဲ့ သက်သေတွေပိုလိုအပ်နေပြီး တွေ့ရှိပါကလည်း ကျန်းမာရေး ပေါ်လစီရေးစွဲသူတွေနဲ့တိုင်ပင်ပြီး လက်ရှိကုထုံးမှာ ပေါင်း ထည့်သင့်သလို မတွေ့ရှိပါကလည်း လက်ရှိကုထုံးကို ပြန်လည်ပြုပြင်သင့်တယ်လို့ အကြံပြုခဲ့ကြပါတယ်။ ဒါကြောင့်မို့ ၁၉၉၀ ကနေ ၂၀၁၃ ကြား အင်္ဂလန်ကျန်းမာရေးဌာနက အချက် အလက်တွေကို စီစစ်ခဲ့ပါတယ် ။

အဲဒီနောက်တစ်ဦးချင်းစီရဲ့တုပ်ကွေးကာကွယ်ဆေးထိုးတဲ့နှစ်မှာနှလုံးနဲ့အဆုတ်ရောဂါတွေကြောင့် ဆေးရုံတက်ရနိုင်ခြေကို မထိုးတဲ့နှစ်မှာ ဆေးရုံတက်ရနိုင်ခြေနဲ့ နှိုင်း ယှဉ်ခဲ့ပါတယ်။ ရလဒ်တွေအရနှလုံး ရောဂါသည် ၅၉၂၀၂ ဦးမှာတုပ်ကွေး ကာကွယ်ဆေးထိုးခြင်းကနှလုံး ရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေ ၃၀% ပိုနည်းပြီး အသက်ရှုလမ်း ကြောင်း ဝေဒနာ ကြောင့်ဆေးရုံတက် ရ နိုင်ခြေ၁၆%၊ ဘာအကြောင်း ကြောင့်ဖြစ်ဖြစ် ဆေးရုံတက်ရနိုင်ခြေ ၄%၊ ဆေးထိုးပြီး ၃၁ ရက်နေ့ရက် ၃၀၀ အတွင်း ဆေးမထိုး သည့်နှစ်များ ထက် ပိုလျော့နည်းတာတွေ့ခဲ့ရပါတယ်။ ဒီတွေ့ရှိချက်က တုပ်ကွေး ရောဂါပိုးကနှလုံးသွေးကြောကျဉ်း တာနဲ့အခြားနှလုံးသွေးကြောရောဂါ တွေဖြစ်စေတယ်လို့မဆိုလိုပါဘူး။ ဆိုလိုတာကကာကွယ်ဆေးထိုးခြင်း အားဖြင့်နှလုံးသွေးကြောရောဂါ ပိုဆိုးစေမယ့်ရောဂါတွေဝင်ရောက် ခြင်းကကာကွယ်ပေးတယ်လို့ဆိုလိုတာသာဖြစ်ပါတယ်။

ဒါ့အပြင်ကျွန်တော်တို့ထင်ခဲ့တာကလူငယ်တွေမှာလူကြီးတွေထက်ပိုပြီး တုပ်ကွေးရောဂါ ကာကွယ်ဆေးရဲ့ အကျိုး ရလဒ်ကိုပိုတွေ့မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်အသက်ကြီးတဲ့သူတွေမှာ ဆေးရုံတက်ရဖို့ အခြား ပူးတွဲအကြောင်းအရင်းတွေပိုများတဲ့အတွက်ခုခံအားစနစ်တုန့်ပြန်မှုမှာလူငယ်တွေကိုမမှီသော်လည်း အလုံး စုံကောင်းကျိုး သက်ရောက်မှုနဲ့တွက်တဲ့အခါလူကြီးတွေကလူငယ်တွေထက်ပိုပြီးတုပ်ကွေး ကာကွယ်ဆေး မှကောင်းကျိုးပိုရတာတွေ့ခဲ့ရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ