ဇရာကိုရင်ဆိုင်ဖို့အကြံပြုချက် (၆) ရပ်


ဇရာဆိုတာလူတိုင်းမဖြစ်မနေကြုံတွေ့လာရမယ့်အခြေအနေတစ်ခုပါ။ ဒါပေမယ့် ဒီလို မဖြစ်မနေ ကြုံတွေ့လာရတဲ့အခါတစ်ချို့ကတော့သူများတွေအားကျရလောက်အောင်ကို ကျန်းမာပျော်ရွှင်လှပစွာ ဖြတ်သန်းနိုင်တာကိုတွေ့ရပါတယ်။ တစ်ချို့ကျတော့လည်း အရွယ်မတိုင်မီ တည်းကကို ကျန်းမာရေးပြဿနာတွေကြုံတွေ့နေရတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီလိုတွေမဖြစ်ရအောင် အာဟာရပညာရှင်လည်း ဖြစ်၊ အ၀လွန်ခြင်းနဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဆေးပညာမှ အတိုင်ပင်ခံ သမားတော်လည်းဖြစ်တဲ့ အန်ဂျလီဟူဒါဆန်ဂွမ် က ယခုကဲ့သို့အကြံပြုခဲ့ပါတယ်။

(၁) အစားအသောက်-အသက် အရွယ်ရလာတာနဲ့အမျှ လူတွေကနို့ထွက်ပစ္စည်းတွေနဲ့ ဂလူတန်တွေကိုငယ်စဉ်တုန်းကလိုအသုံးမချနိုင်တော့ပါဘူး။ ဒါကြောင့်ကယ်လိုရီများ တဲ့နို့ထွက်ပစ္စည်းတွေနဲ့ ဝေးဝေးနေ သင့်ပါတယ်။ ဂလူတန်ကလည်း အစာကြေဖို့ခက်ခဲတာကြောင့်ကြေလွယ်တဲ့အစေ့အဆန်တွေပဲစားသင့်ပါတယ်။ ဒါတွေကဆန်တို့၊ ဂျုံတို့လိုအင်ဆူလင်အများကြီး ထုတ်စရာမလိုတော့ဘူးပေါ့။ နောက်တစ်ခုကသကြားပါ။ သကြားကလည်း အရွယ် ရလာတာနဲ့အမျှခြေဖျက်ဖို့ခက်ခဲလာတဲ့အတွက်စားလို့ရမလားလို့အကြံတောင်းလာရင်အဖြေက]] သြ}}ပါပဲ။

(၂) ဟော်မုန်း- အရွယ်ရလာရင် ဟော်မုန်းမျှတဖို့ကလည်း အရေးကြီး တဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ မျှတတဲ့ ဟော်မုန်းတွေဖြစ်အောင် အာဟာရပြည့်တဲ့အခွံမာသီးတွေ၊ အစေ့တွေ၊ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပရိုတင်းဓာတ် (အသားဖြစ်ဖြစ်၊ အပင်ကရတာဖြစ်ဖြစ်) တွေစားသုံး သင့်ပါတယ်။

(၃) လေ့ကျင့်ခန်း- ရေရှည်လုပ်နိုင် မယ့်လေ့ကျင့်ခန်းအစီအစဉ်တွေဆွဲထားဖို့လိုပါတယ်။ အရွယ်ရလာ တာနဲ့အမျှ<ကက်သားတွေကလျော့ပါးသွားတဲ့အတွက်<ကက်သားတွေအတွက်၊ အလေးတွေနဲ့လေ့ကျင့်ရတဲ့လေ့ကျင့်ခန်းမျိုး ပါသင့်ပါတယ်။ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီး၊ လေ့ကျင့်ပေးသူနဲ့တွေ့ကဘယ်လိုလေ့ကျင့်ခန်းတွေလုပ်နိုင်တယ်ဆိုတာ ရွေးချယ်သင့်ပါတယ်။

(၄) အပေါင်းအသင်း-အပေါင်း အသင်းဆိုတာ အရွယ်ရလာလေ ပိုလိုအပ်လာလေပါဘဲ။ အရွယ်တူ တွေစုပြီးနေခြင်းကစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေရနိုင်ပါတယ်။ ဦး နှောက်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကလည်း အရေးကြီးပါတယ်။ ဥပမာဆူဒိုခုကစားတာ၊ ဥာဏ်စမ်းတွေဖြေတာနဲ့အခြားဂိမ်းတွေကဦးနှောက်လေ့ကျင့်ခန်းတွေပါပဲ။

(၅) အထောက်အကူများ-အသက် အရွယ်နဲ့ညီမျှတဲ့ မှန်ကန်တဲ့ဖြည့် စွက်စာတွေရရှိဖို့ လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ ငါးကြီး ဆီတွေကိုမျှတမှန်ကန်တဲ့အချိုး အစားနဲ့စားဖို့က အရေးကြီးလှပါတယ်။ မဂ္ဂနီဆီယမ်ဖြည့်စွက်စာက လည်း မေ့ထားလို့မရတဲ့တစ်ချက်ပါပဲ။

(၆) အချိန်မှန်ကျန်းမာရေးစစ်ဆေး ခြင်း-အသက်ကြီးလာရင်နောက်ထပ်ကိုယ်နဲ့မကွာဆောင်ထားသင့်တာကဆေးကုသမှတ်တမ်းနဲ့၊ သွား တွေ့ဖို့မမေ့သင့်တဲ့သူကတော့ ဆရာဝန်ပါပဲ။ ဆရာဝန်တွေနဲ့တွေ့ဖို့ လိုသလို အသက်အရွယ်နဲ့သင့်တော် တဲ့ကင်ဆာစစ်ဆေးမှုတွေလုပ်ဖို့လိုအပ်ပါတယ်။ သွေးပေါင်ချိန်မှန်အောင်ထိန်းသိမ်းထားဖို့ကလည်း မမေ့သင့်ပါဘူး။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ