သွေးတိုးရောဂါအကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ


ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်မှာ သွေးတိုးရောဂါ ခံစားနေကြရပြီး နှစ်စဉ် ၇ ဒသမ ၁ သန်း သေဆုံးစေပါတယ်။ မြန်မာနိုင်ငံမှာလည်း
သွေးတိုးရောဂါ ခံစားနေရသူဦးရေဟာ တစ် နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာနေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများမှာ ဖော်ပြထား ပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင် ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သွေးတိုးရောဂါ ဟာ အချိန်အခါမရွေး၊ ရာသီဥတုမရွေး ဖြစ်တတ်တဲ့ရောဂါ အမျိုးအစားဖြစ်ကာ အပူအကြောင်းခံ၍ သွေးတိုးခြင်း၊ အအေးအကြောင်းခံ၍ သွေးတိုးခြင်းနဲ့ အပူအအေးနှစ်ပါးပြိုင် ၍ သွေးတိုးခြင်းဆိုပြီး သွေးတိုးသွေးတက်ရောဂါ သုံးမျိုးရှိပါတယ်။

သွေးပေါင်တိုင်းမည် ဆိုပါက

(၁) မတိုင်းမီနာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ပါနှင့်။ (၂) ဝမ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းပါနှင့်။ (၃) မတိုင်းမီ ၁ဝ မိနစ်ခန့် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။ (၄) လက်မောင်းပတ် လေအိတ်နှင့်နှလုံးကို ရေ ပြင်ညီ တစ်တန်းတည်း ရှိနေပါစေ။ (၅) တိုင်းနေစဉ် ငြိမ်ငြိ မ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါ နှင့်။ သွေးတိုးရောဂါအဆင့် သွေးဖိအားကို မီလီမီတာမာကျူရီယူနစ်နဲ့ တိုင်းတာပြီး နှလုံးကြွက် သားညှစ်ထုတ်စဉ် သွေးကြောအ တွင်း ဖြစ်ပေါ်နေတဲ့ ဖိအားကို အပေါ်သွေးဟုခေါ်ပြီး နှလုံး ကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်နေတဲ့ ဖိအားကို အောက်သွေးဟု ခေါ်ပါတယ်။

အသက် ၁၈ နှစ်နဲ့အထက် လူကြီးများအားလုံး၏ သွေးဖိအား အခြေအနေကို (က) ပုံမှန်သွေးဖိအား၊ (ခ) ပုံမှန်ထက် မြင့်မားပြီး သွေးတိုးမဟုတ်သည့် အခြေအနေ၊ (ဂ) အဆင့်-၁ သွေးတိုး ရောဂါ၊ (ဃ)အဆင့်-၂ သွေးတိုးရောဂါဟူ၍ အပိုင်းလေးပိုင်း ခွဲခြားသတ်မှတ်လေ့ ရှိပါတယ်။ (က) အပေါ်သွေး ၁၂ဝ အောက်နဲ့ အောက်သွေး ၈ဝ အောက်က ပုံမှန်သွေးဖိအားဖြစ်ပါတယ်။ (ခ) အပေါ်သွေး ၁၂ဝ မှ ၁၃၉ ကြားနှင့် အောက်သွေး ၈ဝ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သေးတဲ့ အခြေအနေလို့ ယူဆလေ့ရှိပါတယ်။ (ဂ) အပေါ်သွေး ၁၄ဝ မှ ၁၅၉ ကြားနဲ့အောက်သွေး ၉ဝ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါ အဆင့်-၁ အဖြစ် သတ်မှတ်ပါတယ်။ (ဃ) အပေါ်သွေး ၁၆ဝ နှင့်အထက်၊ အောက်သွေး ၁ဝဝ နှင့်အထက်က သွေးတိုးရောဂါ အဆင့်-၂ ဖြစ်ကာ စိုးရိမ်ရပါတယ်။

သွေးတိုးရောဂါ လက္ခဏာများ

သွေးတိုးရောဂါရှိသူတွေရဲ့ ပျမ်းမျှသုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာများ ထွေထွေထူးထူး မပြတာကြောင့် မိမိကိုယ်ကို သွေးတိုးနေမှန်းတောင် မသိကြပါဘူး။ လူအများ စုမှာ ဖြစ်တတ်တဲ့ ရောဂါအစလက္ခဏာများ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်လာ ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ နားအူခြင်း၊ မျက်နှာရောင်အမ်ြး ခင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မျက်ခွံမို့ အစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးများ ဓမ္မတာရာသီ လာနေ စဉ်မှာလည်း သွေးဖိအား တိုးတတ်ပါတယ်။ (သွေးတိုးရောဂါရဲ့ သဘောသဘာဝဟာ ရောဂါစ ဖြစ်ပြီ ဆိုတာနဲ့ ဆက်တိုက် သွေးတိုးသွားဖို့သာ ရှိပါတယ်။ ပြန်ကောင်းသွားစရာ အကြောင်းမ ရှိပါ။ ရောဂါလက္ခဏာပေါ် သည်နှင့် မပေါ်သည်သာ ဖြစ်ပါတယ်။

သွေးတိုးကျ ဆေးအမျိုးအစားဟာ တခြားသော ပဋိဇီဝ အကိုက်အခဲ ပျောက်ဆေးများကဲ့သို့ သောက်သုံးသူကို ဆေးယဉ်သွားခြင်း(ဆေးမတိုးခြင်း)မျိုး လုံးဝမဖြစ်စေပါဘူး။ ဒါကြောင့် မိမိ သဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည်၊ မပေါ်လျှင် ဆေးမသောက်ဘဲနေတာမျိုး မပြုသင့်ပါဘူး။ မည်သည့်ရောဂါ လက္ခဏာမျှမပြဘဲနဲ့လည်း သွေး တိုးရောဂါ ဆိုးဆိုးရွားရွား ရှိ နေနိုင်တာကို သတိပြုပါ)

ဒါတွေကြောင့်လည်း သွေးတိုးနိုင် သွေးတိုးရောဂါရှိသူတွေရဲ့ ၉ဝ-၉၅ ရာခိုင်နှုန်းခန့်မှာ အ ကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးနေကြပြီး ကျန် ၅-၁ဝ ရာခိုင်နှုန်းခန့်က ခန္ဓာကိုယ် တွင်း ရောဂါတစ်မျိုးမျိုး စွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါ ခံစားရလာပါတယ်။ အထူးသ ဖြင့် ကျောက်ကပ်ရောဂါ အမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သိုင်းရွိုက်ဟော်မုန်း အထွက် လွန်ကဲသော ရောဂါ၊ Cocaine, Cyclosporin, Erythropoietin, Adrenergic စတဲ့ ပဋိဇီဝ ဆေးမှီ သောက်သုံးရခြင်း၏ ဘေးထွက်ဆိုး ကျိုးကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနဲ့ ပူပြင်းသောနေရောင်ခြည် အောက် အချိန်ကြာမြင့်စွာ သွား လာရခြင်း စသည့်အကြောင်းများကြောင့်လည်း သွေးတိုးရောဂါ ဖြစ်လာရပါတယ်။

သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

(၁) သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောများ မာကျောကျစ်လျစ်လာပြီး နှလုံးသွေးကြော ကျဉ်းခြင်း သို့မဟုတ်ပိတ်ဆို့ခြင်း ၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ် အားလျော့နည်း လာခြင်းစတဲ့ နှလုံးရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ (၂) သွေးတိုးကြောင့် ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း ဖြစ်လာကာ ထိုမှတစ် ဆင့် လေဖြတ်လေငန်းရောဂါ ဖြစ်လာနိုင်ပါတယ်။ (၃)သွေးတိုးရောဂါ နာတာရှည်လာပါက ကျောက်ကပ် ပျက်စီးသွားပြီး ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်းများ ဖြစ်လာပါ တယ်။ (၄)သွေးတိုးရောဂါ ပြင်းထန်မှုကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာနှင့် သွေးကြောများ ထိခိုက်ပျက်စီးပြီး မြင်အာရုံ ထိခိုက်ယိုယွင်း သွားနိုင်ပါတယ်။ (၅) သွေးတိုးရော ဂါရှိသူများက သွေးဖိအားကို 140/90mmHg ထက်မကျော် လွန်အောင် ထိန်းထားသင့်ပြီး ဆီးချိုနဲ့ကျောက်ကပ် ရောဂါရှိသူများ အနေဖြင့် သွေးဖိအားကို 130/80 mmH g အောက်ရှိနေရမှာ ဖြစ်ပါတယ်။

ဘဝနေထိုင်နည်းပုံစံ

ကိုယ်အလေးချိန် အဝမလွန်စေရန် ထိန်းသိမ်းထားရမှာဖြစ်လို့ လမ်းမြန်မြန်လျှောက်ခြင်း၊ စက် ဘီးစီးခြင်း၊ ရေကူးခြင်းစတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃ဝ ပုံမှန်လုပ် ပေးပါ။ စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ ဒေါသအမျက်ထွက်ခြင်းတို့က သွေးတိုးစေနိုင် တာကြောင့် အတတ်နိုင်ဆုံး စိတ်အေးချမ်းသာစွာ နေထိုင်ပါ။ တရားမှတ်ပါ။ ယောဂကျင့်ပါ။

အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့် အချိန်ပေး၍ နေပါ။ အိပ်ရေးမဝခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။ဆောင်ရန်ရှောင်ရန် အစားအစာများ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများကို များများစားပါ။ ဆားဆိုဒီယမ်ပမာဏ ပါဝင်မှုနည်းတဲ့ အစားအစာများကို ရွေးချယ်ပါ။ အရသာကောင်းစေ ရန် ပြုပြင်ထားသော အစားအစာ များနဲ့ အသင့်စားအစားအစာတွေမှာလည်း ဆားပါဝင်မှုများလို့ သတိပြုပါ။ ငါးများများစားပါ။

အဆီပါဝင်မှုများတဲ့ အနီရောင်အသားများနဲ့ ကြက်၊ဘဲ၊ အရေခွံများကိုရှောင်ပါ။ ကိုလက်စထ ရောများတဲ့ အဆီအအိမ့်၊ အချိုများကိုရှောင်ပါ။ အရက်အလွန် အကျွံသောက် သုံးခြင်းက သွေး တိုးစေတတ်သဖြင့် အထူးရှောင်ကြဉ်ပါ။ တိရစ္ဆာန်ထွက်ဆီနဲ့ အုန်းဆီမစားပါနှင့်။ ဟင်းချိုမှုန့် (အချိုမှုန့်)နဲ့ ကြက်သားမှုန့်လျှော့ပါ။ ငါးဟင်းလျာကို အနည်းဆုံး တစ်ပတ်သုံး ရက်စားပါ။ အရက်တစ်နေ့နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ သွေးတိုးရောဂါအတွက် ဆရာဝန်ညွှန်ကြား ထား သော သွေးကျဆေးများကို တိတိကျကျ လိုက်နာ သုံးစွဲပါ။ သင်ခံစားနေရသော ရောဂါလက္ခဏာပေါ် မူတည်၍ မိမိဘာသာ ဆေးအတိုးအလျှော့ မလုပ်ပါနှင့်။

သွေးတိုးရောဂါပျောက် မြန်မာ့ဆေးနည်းတိုများ

(၁)ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းကာ အရည်ညှစ်ယူပြီး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ချက်ချင်းသက်သာ သွားစေပါတယ်။ ဒန့်သ လွန်ရွက်ဟင်း ခါးရည်သောက်နိုင်ပါတယ်။ (၂)သံပရာသီးအစေ့ငါးစေ့ခန့် ဝါးစားလိုက်တဲ့အခါ သွေးတိုးချက်ချင်း သက်သာသွားပါလိမ့်မည်။ သံပရာပင်၏ အခေါက် ကို ဆေးကြောပြီးရေနဲ့ သွေး၍သောက်နိုင်ပါ တယ်။ ဒါ့အပြင် သံပရာသီး တစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေးအပူချိန် ၇၅ ဒီ ဂရီဖာရင်ဟိုက်ထဲသို့ ၄၅ မိနစ်ခန့် ထည့်ပြီး ယင်းပြုတ်ရည်ကို သောက်သုံးပါက တစ်ခဏ အတွင်း သွေးတိုးကျစေပါတယ်။ (၃)မြင်းခွာရွက်ကို အရည်ညှစ်သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်း ခါးချက် သောက်ြ ခင်းဖြင့် သွေးတိုးကျစေပါတယ်။ (၄)ဧကရာဇ်ပင်၏ အရွက်နှင့်အမြစ်တို့ကို အရည်ညှစ်၍ တစ်နေ့သုံးကြိမ် သောက်ပေးပါ။ (၅)ဗာဒံရွက်အနုသုံး၊ လေးရွက်ခန့်ကို ရေ စင် အောင်ဆေးပြီး ၅ မိနစ်ခန့်ပြုတ်၍ သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် သုံးခွက်ခန့် သောက်ပေးခြင်းဖြင့် ရက်သတ္တပတ် အတွင်းစမှာပင် သွေးတိုးရောဂါ သက်သာသွားပါလိမ့်မယ်။ အထူးသတိပြုရန်မှာ ဗာဒံရွက်ပြုတ်ရည်ကို အလွန်အကျွံ သောက်ပါက ဝမ်းချုပ်တတ်ပါတယ်။ (၆)ကြက်သွန်ဖြူ ဥတစ်လုံး အမျိုးအစားကို ထမင်းစားတဲ့ အခါတိုင်းမှာ သုံးလုံးမှ ငါးလုံးအထိ စားပေးပါက သွေးပေါင်တက်ခြင်းကို ကျစေသလို သွေးပေါင်ကျနေသူကိုလည်း ပြန် လည်သွေးညှိ ပေးနိုင်ပါတယ်။ (၇)တောင်ဆီးဖြူပင် ပဉ္စငါးပါး အရွက်၊ အပွင့်၊ အကိုင်းအခက်၊ ပင်စည်၊ အမြစ်တို့ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပေးပါ။ (၈)ခရာမြစ်ကို သွေးပြီး ဆား အနည်းငယ် ထည့်၍သောက်ပါ။ (၉)နှင်းဆီပန်း၏ ပွင့်ဖတ်များကို ခြွေ၍ ရေနွေးပူပူတွင်ခတ်ကာ နေ့စဉ်သောက်ပါ။ ရေမွှေးနှင်းဆီ မဟုတ်ပါ။ (၁ဝ)နနွင်းခါးနှင့် ပျားရည်ကို ရောစပ်၍ လက်ဖက်ရည် တစ်ဇွန်းခန့် နေ့စဉ်စားသုံးပေးပါ။ (၁၁)ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးပါ။ (၁၂) အရွယ်တူကွမ်းရွက် ငါးရွက်နဲ့ ရဲယိုရွက်ငါးရွက်တို့ကို ရောစပ်ကြိတ်ခြေပြီး အရည်ညှစ်ယူ ပါ။ ထိုအရည်ကို တစ်နေ့သုံးကြိမ်ခွဲ၍ ကုန်အောင်သောက်ပါ။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သွေး တိုးရောဂါကို အနိုင်ယူကြပါစို့။

မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ