အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက် သဘာဝ နည်းဖြင့် ဒီလိုကုသ


အမျိုးသမီး များထက် အမျိုးသား များ က အိပ်ပျော် စဉ်ဟောက်တတ်ကြပြီး ပျမ်းမျှ အားဖြင့် အရွယ်ရောက်သူ အမျိုးသား ၄၅ ရာခိုင်နှုန်း က ဟောက်လေ့ ရှိကြပါ တယ်။ အိပ်ပျော်နေစဉ်ကိုယ်ဟန်အနေအထား ပုံစံ မမှန်ခြင်းကြောင့် နှာခေါင်း၊ လည်ချောင်းစတဲ့ အသက်ရှူလမ်းကြောင်းတစ် လျှောက် တစ်သျှူးများ ကျဉ်းသွား ကာ ဟောက်သံထွက် လာပါတော့တယ်။

အဲဒီ လို ဟောက်သံ ကျယ်လောင်ခြင်း ကြောင့် အိပ်မောကျနေစဉ် မိမိ အသံကြောင့် ရုတ်တရက် လန့်နိုးခြင်း၊ အသက်ရှူ လမ်းကြောင်းပိတ်၍ မွန်း ကျပ်လန့် နိုးခြင်းဖြစ်ကာ ကြာလာတာနဲ့အမျှ နှလုံးကိုပြဿ နာဖြစ် လာစေ တတ် ပါတယ်။

ဒါ့ပြင် ဟောက်သံနဲ့အလေ့အကျင့် မရှိသူ ဥပမာ ကြင်စဦး ဇနီးမောင်နှံများမှာ ထိုဆူဆူ ညံညံ ဟောက် သံကြောင့် အိပ်စက်မှုကို အနှောင့် အယှက်ဖြစ် စေပြန်ပါတယ်။

ဒါ့ကြောင့် ဟောက်..
-----

(၁) လူလတ်ပိုင်း အရွယ်ရောက်တဲ့ အခါ လည်ချောင်ြး<ွကက် သားများတင်း မာခြင်း မရှိဘဲ ပျော့တွဲကျဉ်းမြောင်းသွားလေ့ ရှိလို့ အမျိုးသားများ သက်လတ်ပိုင်း အရွယ်မှာ စတင်ဟောက် တတ်ကြပါတယ်။

(၂) ကျားသဘာဝ မျိုးရိုး ဗီဇ ခန္ဓာ ကိုယ်ဖွဲ့ စည်းတည်ဆောက်ပုံ အရ အမျိုးသမီး များနဲ့နှိုင်းယှဉ် ပါက အမျိုးသားတွေ ရဲ့နှာခေါင်းနဲ့ လည်ချောင်းစပ်ကြားရှိ အ ရည် ကျိတ်ကကြီးမားနေတာကြောင့် လည်ချောင်းထဲရှိလေ လမ်းကြောင်းက ပိုကျဉ်းမြောင်း သွားရာ ဟောက်ခြင်းကို ဖြစ်လာစေပါတယ်။

(၃) နှာခေါင်းပေါက်နဲ့ ဆက်နေသော ဦးခွံရိုး အတွင်းမှအခေါင်းမှာ ပိတ်ဆို့ ၍သော်လည်းကောင်း၊ ထိပ်ကပ်နာ စတဲ့ နာတာရှည်နှာခေါင်းရောဂါ အမျိုးမျိုး တို့ ကြောင့်လည်း ဟောက်စေတတ်ပါတယ်။

(၄) အဝ လွန်ခြင်း ကြောင့် ခန္ဓာကိုယ်ထဲရှိ အဆီ များတဲ့ တစ်သျှူးတွေက အိပ် ပျော်နေ စဉ် အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့ထား လို့ ဟောက်ခြင်း ကိုဖြစ်စေပါတယ်။

(၅) အရက်နဲ့ဆေးလိပ်အ လွန်အကျွံသောက်သုံးသူများက အတော်အသင့်သောက် သုံးသူတွေထက် ညအိပ်တဲ့အခါ ပိုမိုဟောက်တတ်ကြပါ တယ်။

သဘာဝ နည်းဖြင့် ဒီလိုကုသ..
----

(၁) ကိုယ် အလေးချိန်လျှော့ချပါ။ ပိန် တဲ့ သူတွေလည်း ညအိပ်တဲ့ အခါ ဟောက် တတ်ကြ ပါတယ်။ ဒါပေမဲ့ ကိုယ်အလေး ချိန်များပြီး ဝလာတဲ့အခါ လည်ပင်းတစ် ဝိုက် ဝိတ်တက် လာလို့ နေ့ဘက်မှာ မသိ သာပေမယ့် ညအိပ်တဲ့အခါ လည်တိုင် ကြွက်သား များကိုညှစ် ၍အသက်ရှူရ ခြင်းကြောင့် ဟောက်ခြင်းကိုဖြစ်စေနိုင် ပါတယ်။

(၂) အရက် နဲ့ စိတ်ငြိမ်ဆေးဝါး များ မမှီ ဝဲရ။ ဟောက်တတ် သူများ ညအိပ်ရာ ဝင်ချိန် ထက် ၄ (သို့မဟုတ်) ၅-နာရီကြို ၍ အရက် မသောက် သင့်ပါဘူး။ အရက်သောက်ခြင်းကြောင့် လည်တိုင် အတွင်း ပိုင်းကြွက်သား များကို လှုပ် ရှားစေကာ သိသိသာသာ ပို ဟောက်စေပါတယ်။ ထိုနည်းတူ စိတ်ငြိမ်ဆေးဝါး များက လည်း လည်တိုင်အတွင်းပိုင်းကြွက်သားကို လှုံ့ဆော်ပေး လို့ မမှီဝဲ သင့်ပေ။

(၃) အိပ်စက်ပုံ မှန်ကန်ပါစေ။ ပက်လက်လှန် အိပ်ခြင်းက လျှာတို ဝင်သွားပြီး လည်ပင်း ရဲ့အတွင်းနံရံ ကိုသွားထောက် မိကာ အိပ်ပျော်သွားတဲ့ အခါ ဟောက် သံထွက်ပေါ်လာ ပါတော့တယ်။ ဒါ့ကြောင့် ပက်လက်မအိပ် ဘဲ ဘေး သို့ စောင်း အိပ်ပေးပါ။

(၄) ပလုတ် (အာလုတ်) ကျင်းပါ။ ည အိပ်ခါနီး ရေအေး ၁- ဖန်ခွက် ထဲမှာ ပူစီနံ ရွက်အဆီ တစ်စက်ချ၍ ပလုတ် (အာ လုတ်)ကျင်းခြင်းက မဟောက်နိုင် အောင် အထောက်အပံ့ ဖြစ်စေပါတယ်။

(၅) အိပ်ခန်း သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ်၊ အိပ်ယာ ခင်း၊ စောင် များ လျှော် ဖွပ် သန့်စင်ခြင်းနဲ့ အိပ်ခန်းအတွင်း အနံ့ အသက်ကောင်း မွန် အောင် ထားခြင်းဖြင့် ဟောက်ခြင်း ကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ အိပ်ခန်း ထဲမှာ ခွေး၊ ကြောင် တို့ ဝင်ရောက်နေထိုင်ခွင့် မပြုပါနဲ့။

(၆) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်း ကလည်း လည် မျို တစ်ဝိုက် အမြှေး ပါးများကိုရောင်ရမ်း ပိတ်ဆို့စေပါတယ်။ ညအိပ်စဉ် ဟောက်လေ့ရှိသူ အများစု ဟာ ဆေးလိပ်သောက် ကြသူများဖြစ်လို့ ကျန်းမာရေးကို ဘက်စုံကောင်း မွန်စေ အောင် ဆေးလိပ်ဖြတ်ပါ။

(၇) ရေနွေးငွေ့ရှူပါ။ အသက် ရှူလမ်းကြောင်းပွင့်နေအောင် ညအိပ်ရာ မဝင် ခင် ရေနွေးငွေ့ ရှူပါ (သို့မဟုတ်) ရေနွေးပူပူ ထဲမှာ ဆားခတ်၍ အငွေ့ရှူ ရှိုက်ပါ။

(၈) ခေါင်းအုံးကို ဂရုစိုက်ပါ။ မမြင့်လွန်း မနိမ့်လွန်း ဘဲ ဦး ခေါင်း-လည်ပင်း-ဇက် တို့နဲ့ အဆင်ပြေ တဲ့ ခေါင်းအုံး မျိုးကိုရွေးချယ် တတ်ဖို့လိုပါတယ်။ ကြာလာတဲ့ အခါ ခေါင်းအုံးပျော့ပြီး အိပ်စက်ပုံ အနေအ ထားမမှန်တော့ ဘဲ ဟောက်ခြင်း ကိုဖြစ်စေတဲ့ အပြင် ဇက် ကြောတက်-အုံးလွဲ-လည်ပင်းနာ စသည့်နောက် ဆက်တွဲ ဝေဒနာ များမဖြစ်ရအောင် ခြောက်လတစ်ကြိမ်ခေါင်းအုံး အသစ်လဲ သင့်ပါတယ်။ အထူးသဖြင့် ပန်းဂျုံ(ခေါ်)အမည်း ရောင်နှံစား အစေ့တို့ဖြင့်ပြု လုပ်ထားတဲ့ခေါင်းအုံးက ဟောက် ခြင်းကို အထိုက်အလျောက် သက်သာစေ ပါတယ်။

(၉) အားကစားလေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်/စက် ဘီးစီး စတဲ့ပေါ့ပေါ့ ပါးပါးလေ့ကျင့်ခန်း ကစားခြင်း ကလည်း ညဘက်ဟောက်ခြင်း ကို လျော့ပါး သက်သာစေပါတယ်။

(၁ဝ) ည အိပ်ရာ မဝင်ခင် အစားများများ မစားရ။ ညစာ လျှော့စားပါ။ အိပ်ရာ ဝင်ခါနီး ဗိုက်ပြည့်တဲ့အစာများစား ခြင်းက ကျယ်လောင်စွာ ဟောက်တတ်လို့ ဆင်ဆင်ခြင်ခြင် စားသောက်ပါ။

(၁၁) ရေသောက် ရုံဖြင့် နှာခေါင်းထဲ ကိုရေဖြင့်မှုတ်ပါ။ ည အိပ်ရာမဝင် ခင် (သို့မဟုတ်) တစ်ရေးနိုး ထလာတဲ့ အခါများ မှာ ရေသောက်ရင်း နှာခေါင်း အတွင်းပေါက် ရှိရာ အာခေါင် အပေါ်ပိုင်း ကို ရေဖြင့် မှုတ်ထုတ်ပေးပါ။

(၁၂) ဆရာဝန်ဖြင့် တိုင်ပင်ပါ။ အကယ်၍ အထက်ပါနည်း လမ်းများဖြင့် ထိန်း မထားနိုင်သေးဘဲ မိမိကိုယ်တိုင်ရော ဘေးလူကိုပါ အအိပ်ပျက် လောက်အောင် ဆူညံ၍ ဟောက် မြဲတမ်းဟောက်နေသေးပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပါ။ လိုအပ်ပါက CPAP စက်(ခေါ်)ည အိပ်စဉ် အဆက်မ ပြတ်လေ လမ်းကြောင်း ပွင့်စေသောစက်ဖြင့် တပ်ဆင်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ