Thyroperoxidase (TPO) စစ်ဆေးခြင်း


ကျမအသက် ၃၁ အိမ်ထောင်မရှိပါ။ လတ်တလော အသက်ရှူမဝလို့ ဆရာဝန်သွားပြပြီး သွေးစစ်တာ Cholesterol နဲ့ TSH များနေတယ်လို့သိရပါတယ်။ နောက်တခါ Anti-TPO ထပ်စစ်တော့လည်း များနေတာတွေ့ရတယ်။ TSH နဲ့ Anti-TPO ကဘာအတွက်စစ်တာလဲသိချင်လို့ပါဆရာ။ သွေးအဖြေအရ များနေတော့ အရေးကြီးမကြီး ဆေးသောက်ဖို့လိုမလို ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်လို့ပါဆရာ။ ဆရာဝန်နဲ့က နောက်တပတ်မှ ပြန်ပြရမှာမို့လို့ ဒီကြားထဲ စိတ်ပူနေလို့ပါ။ ဆေးစစ်ထားတဲ့ဖြေစာရွက်ကိုလည်း ပို့ပေးလိုက်ပါတယ်။

အင်ဇိုင်းတမျိုးဖြစ်တယ်။ လည်ပင်းကြီးဟော်မုန်းတည်ဆောက်ရာမှာလိုတယ်။ အိုင်အိုဒင်းနဲ့ပေါင်းပြီး triiodothyronine နဲ့ thyroxine (tetraiodothyronine) ဖြစ်လာစေတယ်။ thyroid gland antigens လည်ပင်ကြီးဂလင်း အင်တီဂျင်ဖြစ်တယ်။

လည်ပင်းကြီးရောဂါတချို့ဟာ Autoimmune ခေါ်ခုခံအားကမောက်ကမကြောင့်ဖြစ်ရတယ်။ Autoantibodies သူတို့မှာ အော်တိုအင်တီဘော်ဒီတွေရှိနေမယ်။ Anti-TPO antibodies တွေကနေ လည်ပင်းကြီးအိတ် အလုပ်တွေ မလုပ်အောင် တားဆီးတယ်။ Hypothyroidism ဟော်မုန်းနည်းရောဂါဖြစ်လာစေမယ်။

TPO antibody အနည်း-အများကိုကြည့်ရင် Hashimoto thyroiditis, idiopathic myxedema နဲ့ Graves disease တွေကို သိမယ်။ Hashimoto thyroiditis မှာ ၉ဝ% အများဆုံးတွေ့မယ်။ Graves disease မှာ ၆ဝ-၈ဝ% တွေ့မယ်။
ဟော်မုန်းနည်းရောဂါမပြသေးသူတွေမှာ အဲတာတွေနေရင် hypothyroidism ရောဂါဖြစ်လာစရာရှိတယ်။ စစ်ရင် <9 .0="" 1="" adrenal="" anemia="" autoimmune="" br="" diabetes="" insufficiency="" iu="" ml="" pernicious="" thyroiditis="" type="">
Thyroid Function Tests လည်ပင်းကြီးဟော်မုန်း စစ်ဆေးခြင်းစာပို့လိုက်မယ်။ Cholesterol ကိုလက်စထော၊ Cholesterol and food ကိုလက်စထောနဲ့ အစားအစာ၊ Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) စာတွေကိုလည်းဖတ်ပါ။ လိုက်နာပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ