ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင်


ရယ်မောခြင်းဟာ သွေးဖိအားကို လျော့ကျ စေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း တွန်းအား ပေးတဲ့အတွက် ကိုယ်တွင်း လမ်းလျှောက် လေ့ကျင့်ခန်းလို့ ခေါ်ဆိုနိုင်ကြောင်း ကာလီဖိုးနီးယားပြည်နယ် လိုမာလင်ဒါ တက္ကသိုလ်မှ ပညာရှင်တွေရဲ့ လေ့လာမှုမှာ ဖော်ပြပါတယ်။

အဲဒီလေ့လာမှုမှာ ပါဝင်သူတွေကို ဟာသ ကားတွေ မိနစ် ၂၀ ကြာ ကြည့်ခိုင်းပြီးနောက် နေ့စဉ် ဗာဟီရတွေကို ဆက်လက် လုပ်ဆောင်စေတဲ့အခါ ၎င်းတို့မှာ စိတ်ဖိစီးမှု ဟော်မုန်း၊ သွေးဖိအားနဲ့ ကိုလက်စထရောတို့ သိသိသာသာ ကျဆင်းလာတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ရယ်မောခြင်းဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ မလွယ် တဲ့ အသက်အရွယ်ကြီးမြင့်သူတွေမှာ ရယ်မောခြင်းဟာ အရေးပါကြောင်း ဆရာဝန်တွေက ဆိုပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ