ခေါင်းအုံးစွပ်နှင့် မျက်နှာအသားအရေ


- မိမိအုံးသော ခေါင်းအုံးစွပ်များက သန့်ရှင်းမှုမရှိပဲ ချေးညှော်နှင့် ဆီချေးများ ရှိနေလျှင် မိမိ၏မျက်နှာ အသားအရေပေါ်၌ ၀က်ခြံဖုများ ဖြစ်စေမည်ဟု Dr. David E Bank ဖော်ပြခဲ့သည်။ သို့ဖြစ်၍ ပုံမှန် အားဖြင့် မိမိ၏ခေါင်းအုံးစွပ်များအား ပုံမှန်အားဖြင့် လဲလှယ်လျှော်ဖွပ်သင့် သည်။

- သို့ဖြစ်၍ ပုံမှန်အားဖြင့် မိမိ ခေါင်းအုံးစွပ်များအား လဲလှယ် လျှော်ဖွပ်သင့်သည်။ နေ့စဉ် ကြုံတွေ့ ရသော ပတ်ဝန်းကျင်မှ အညစ် အကြေးများသည် ဆံပင်နှင့် မျက်နှာ တွင် ကပ်ငြိလာရာမှ ညအိပ်ချိန် ခေါင်းအုံး၌ ကပ်ငြိပြီး မိမိတို့၏ မျက်နှာရှိ ချွေးပေါက်များ ပိတ်ခြင်း၊ အသားရောင်ကွက်မဲ၍ တင်းတိတ် ကွက်များ ဖြစ်စေမည်။

- ခေါင်းအုံးစွပ်များသည် များသော အားဖြင့် ချည်သားများ ဖြစ်ကြသည်။ သို့ဖြစ်၍ ချည်သားထက် ပိုး(သို့) ဖဲသားကို အသုံးပြုသင့်သည်။

- အရောင်ချွတ်ထားသော (သို့) အရောင်များသော၊ အရောင်ရင့်သော ခေါင်းအုံးစွပ်များက အရောင်များ တစတစကျွတ်၍ မိမိမျက်နှာကို ငြိစွန်းစေပြီး မျက်နှာပေါ်တွင် ၀က်ခြံ ဖုများ ဖြစ်စေသည်။

- Control Corrective Skincare System ၏ အဆိုအရ လူတိုင်း၌ ခေါင်းအုံးစွပ်ကြောင့် မျက်နှာအသား အရေ ထိခိုက်ခြင်းသည် လူတိုင်း၌ ခံစားရခြင်း မဟုတ်ဘဲ အထူးသဖြင့် ဟိုမုန်း(သို့) မျိုးရိုးအရ (သို့) စိတ် ဖိစီးမှုကြောင့် အခြေအနေဆိုးရွား မှုကို ဖြစ်စေသည်။

- Benzoyl Peroxide (သို့) retinol ပါဝင်သော acne လိမ်းဆေးများက ခေါင်းအုံးတွင် ချေးအဖြစ် စုစည်းနေ တတ်သည်။

- သို့ဖြစ်၍ အရောင်နုခေါင်းအုံးစွပ် များ ဥပမာ- အဖြူရောင်၊ ပန်းရောင်၊ အပြာနုရောင် စသည်တို့ကို ပြောင် စင်အောင် ဖွတ်လျှော်သင့်သည်။

- ထို့အပြင် ခေါင်းအုံးစွပ်ကို ရနံ့ပါသော ပျော့ဆေးများသုံး၍ လျှော်ဖွပ်ခြင်းမပြုလုပ်ပဲ အနံ့ကင်း သော Softener ကို အသုံးပြုခြင်း အားဖြင့် ၀က်ခြံ၊ တင်းတိတ်ဖြစ်ခြင်း ကင်းစေမည်ဖြစ်သည်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ