ဇရာကိုအံတုမဲ့ Protein+ BCAAS


ဇရာကိုအံတုမဲ့ Protein+ BCAAS ပရိုတိန်းကို လုံလောက်စွာ စားသုံးခြင်းသည် ကျန်းမာစေပြီး အသက်ရှည်စေနိုင်ကြောင်းကို အီတ လီနိုင်ငံ့ University of Brescia မှ Professor EnzoNisoli နှင့် အဖွဲ့မှ သုတေသနပြု တင်ပြခဲ့ကြသည်။ ပရိုတိန်းကို ရေဖြင့်ဖြစ်စေ၊ နို့ဖြင့်ဖြစ် စေဖျော်ပြီး shake လုပ်သောက်ခြင်း သည် လက်ရှိကိုယ်အလေးချိန်နှင့် ကျန်းမာရေးကိုထိန်းထားရန်အတွက် အကောင်းဆုံးဖြစ်ပြီး၊ လူလတ်ပိုင်း အရွယ် ပုဂ္ဂိုလ်များသည် ပရိုတိန်း shake များကို နေ့စဉ်ရောဂါပျောက် ဆေးအဖြစ် မှီဝဲနိုင်ပြီး၊ ထိုအလေ့ အကျင့်သည် ပျမ်းမျှလူ့သက်တမ်းကို ဆယ်နှစ်ခန့် ပိုရှည်နိုင်သည်ဟု အီတလီသိပံ္ပပညာရှင်များက လက်ခံ ယုံကြည်ကြသည်။

ပရိုတိန်းကိုလုံ လောက်စွာမှီဝဲခြင်းသည်၊ လူလတ် ပိုင်းများနှင့် သက်ကြီးပိုင်းများတွင် စွမ်းအင် တိုးတက်စေပြီး နှလုံးနှင့် သွေးကြောများကိုလည်း သန်မာစေ သည်။ The professor at the University of Brescia Nisoli သည် သက်လတ်ပိုင်းအရွယ် ကြွက်များကို BCAAS ကိုရေတွင် ဖျော်ထားပြီး၊ တိုက်ကျွေးစမ်းသပ် ကြည့်ရာ BCAAS မမှီဝဲရသော ကြွက်များထက် ပျမ်းမျှသက်တမ်း ရက်ပေါင်း ရှစ်ဆယ်ခန့် ပို၍ရှည် သည်ကို လေ့လာတွေ့ရှိရသည်။

ပရိုတိန်းဖြည့်စွက်ဆေးများကို မသောက်လိုလျင် အားကစားသမား များ မှီဝဲသည့်၊ ကြက်ရင်အုပ်၊ အမဲ သား၊ ဥအမျိုးမျိုးနှင့် တူနာငါးစသည် တို့ကို မှီဝဲနိုင်ပါသည်။ ကြွက်သား ကလာပ်စည်း(ဆဲလ်)များအတွင်း တွင် စွမ်းအင်ထုတ်လုပ်ရန် အဓိက ကျသော မိုက်တိုကွန်ဒရိယများသည် BCAAS ကိုပုံမှန် ဖြည့်စွက်မှီဝဲပါက တိုးပွားလာပြီး၊ ကိုယ်တွင်း ဇီဝဖြစ် စဉ်ကို အဆိပ်အတောက်ဖြစ်စေနိုင် သော မော်လီကျူးများဖြစ်သည့် ဖရီးရေဒီကယ်လ်များကိုလည်း၊ တား ဆီးပေးနိုင်ပါသည်။ ထို့ကြောင့် ပရိုတိန်းနှင့် BCAAS ကို ပုံမှန်မှီဝဲ ခြင်းသည်၊ ဇရာကို ကျန်းမာစွာတွန်းလှန်နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း----- ယခုဆောင်းပါး ကို အများအကျိုးအတွက်သာ တင်ပြ ခြင်းဖြစ်ပါသည်။ သို့သော် ဤမျှအကျိုးထူးသော ဖြည့်စွက်ဆေးနှစ်မျိုးကို ကျွန်တော် တို့နိုင်ငံတွင် ပေါများဖောသီစွာ တံဆိပ်အမျိုးမျိုးဖြင့် ရရှိနေနိုင်ပြီဖြစ် သည့်အတွက် ယုံကြည်စိတ်ချရသော brand ယုံကြည်ရွေးချယ်နိုင်ပါသည်။

နိုင်ဦး ၁၁၉ / muscle professor
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ