နှုတ်ခမ်းတ၀ိုက်အရေးအကြောင်းများကိုသဘာဝနည်းဖြင့်ဖယ်ရှားနည်း


ကျား/မအားလုံး အရွယ်ရလာတာနဲ့ အမျှ နှုတ်ခမ်းသားတ၀ိုက် အရေးအကြောင်းများတွန်လာတတ်တာ ဓမ္မတာပါ။ အလှကုန် ဈေးကွက်မှာ အရေးအကြောင်းပြေပျောက်စေတဲ့မျက်နှာလိမ်းကရင်မ်မျိုးစုံရှိသော်လည်း၊ တာရှည်ခံအောင် ဓာတုပစ္စည်းများဖြင့်ပြုပြင်ထားလို့  တခါတရံအရေပြားဓာတ်မတည့်မှုများလည်း ကြုံတွေ့ နေကြရပါတယ်။

အဲဒီလို ဘေးထွက်ဆိုးကျိုးတွေမကြုံ ရလေအောင် မိမိလက်တကမ်းမှာ လွယ်လင့်တကူရနိုင်ပြီး ၊ငွေကုန်သက်သာ/ အာနိသင်ထူးတဲ့သဘာဝနည်းလေးများဖြင့် အောက် ပါအတိုင်းစမ်းသပ် ကြည့်ကြပါစို့  လားရှင်။

(၁) အရေပြားပေါ်ရှိ ၀က်ခြံ၊ အရေးအကြောင်း၊ ကြွက်နို့ ၊ အသားမာ စသည်တို့ အတွက်ဌက်ပျောသီး နှင့် ဌက်ပျောခွံများကို ရှေး ရာစုနှစ်ပေါင်းများစွာကတည်းကအားထားလာခဲ့ကြပါတယ်။ ခုလို နှုတ်ခမ်းတ၀ိုက် အရေးအကြောင်းများအတွက် ဌက်ပျောသီးမှည့်မှည့်အနှစ်သားများကို တမျက်နှာလုံး (နှုတ်ခမ်းသားတ၀ိုက် ခပ်ထူထူ)လိမ်းပြီး ၊နာရီဝက်အကြာ ရေနွေးနွေးလေးဖြင့်ဆေး ကြောလိုက်ရုံပါဘဲ။

(၂) မျက်နှာ နှင့် နှုတ်ခမ်းတ၀ိုက် အရေးကြောင်းအတွန့့်များအတွက် အုန်းဆီက အကောင်းဆုံး သမားတော်ပါဘဲ။ အုန်းဆီက အ ရေပြားတစ်ရှုးများကိုပြန်လည်ပြုပြင် တည်ဆောက်ပေးတာကြောင့် အရေးအကြောင်းများကိုပြေပျောက်စေရုံသာမက၊အစိုဓာတ် ထိန်းပေးကာ၊ ပိုးသားလေးလို နူးညံ့ချောမွတ်ပြီး
အရွယ်တင်နုပျိုလာစေမှာဖြစ်ပါတယ်။

(၃) အနီရောင်အရည်ထွက်ရှိသော မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်)beet root ကDNA ကို သဘာဝနည်းကျကျပြု ပြင်ပေးလို့ ၊ မျက်နှာအရေးအကြောင်းများအတွက်ဆေးဘက်ဝင်လှပါတယ်။ အဲဒီသကြားမုန်လာအရည်ကို နှုတ်ခမ်းသားတ၀ိုက်အသာအယာပွတ်လိမ်းပေးပါ။ ခြောက်သွားရင် နောက်ထပ်လိမ်းပေးလိုက်ပါဦး။ တစ်နေလျှင် ၁၀မိနစ်မျှ ၁-လခန့် လိမ်းပြီး နောက်မှာတော့သိသိသာသာအကျိုးအာနိသင်ခံစားနိုင်ပါတယ်။ *(အကယ်၍ သကြားမုန်လာမရှိပါက၊ပုံမှန်မုန်လာဥနီကို သုံးနိုင်ပါတယ်။ မုန်လာဥနီထဲရှိ သဘာဝဗီတာမင်အေ ကလည်းအရေပြားအိုမင်းရင့်ရော်ခြင်းကို ကောင်းကျိုးပြုပါတယ်) *

(၄) နာနတ်သီးထဲရှိ ရှားရှားပါးပါး bromelainအင်ဇိုင်းက အရေပြားအပေါ်ယံလွှာများကို ဘေး ဥပါသ်ကင်းဝေးစွာဖြင့် အချပ်လိုက် အလွှာလိုက်ကွာကျစေပြီး၊ အရည်ပြား အသစ်ပြန်လည် တည်ဆောက်ပေးလို့  အရွယ်တင်နုပျိုစေပါတယ်။ နှုတ်ခမ်းတ၀ိုက် အပါ အ၀င် မျက်နှာတစ်ပြင်လုံး နာနတ်ရည်လိမ်းပေးပြီး၊ ၁၅မိနစ်လောက် စကားလုံးဝမပြောဘဲငြိမ်ငြိမ်လေးနေပါ။ ပြီးရင် ရေခပ်နွေး နွေးဖြင့်ဆေးချပါ။

(၅) သဘာဝပျားရည်စစ်စစ်က အရွယ်တင်နုပျိုစေတာ အားလုံးသိပြီးဖြစ်မှာပါ။ ဦးစွာမျက်နှာပေါ်ရှိချွေးပေါက်များပွင့်သွားအောင် ရေနွေးဖြင့် မျက်နှာသစ်ပါ (ရေနွေးပွက်ပွက်ဆူမဟုတ်ပါ)
ပြီးရင် မျက်နှာကိုရေမသုတ်ဘဲ ပျားရည်ဖြင့် အသားထဲစိမ့်ဝင်အောင် လိမ်းပါ။
နာရီဝက်ခန့် အကြာမှာတော့ ရေအေးအေး(သို့ မဟုတ်)ရေခဲရေဖြင့် မျက်နှာသစ်ပါ။

သက်ရှိသတ္တ၀ါအားလုံးတိုင်း ဇရာကိုအံတု၍မရနိုင်သော်ငြား၊ အထက်ပါ
ရိုးရှင်းလွယ်ကူတဲ့သဘာဝနည်းများဖြင့် အရွယ်တင်နုပျို ကြပါစေကြောင်း။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို
ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်
>>
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ