"၂၀၁၈ မှာ ပြင်ရမယ့် သွားကျန်းမာရေးနှင့်ပတ်သက်သော အကျင့်ဆိုးများ "


(၁) သွားတိုက်တံတစ်ခုတည်းကို အကြာကြီးသုံးခြင်း ။

သွားတိုက်တံတွေကို အနည်းဆုံး ၃-၄ လတစ်ကြိမ် လဲပေးရပါမယ်။ ဖွာလန်ကျဲနေတဲ့ သွားတိုက်တံတွေက သွားတွေကို လုံလုံလောက်လောက် သန့်ရှင်းမှုပေးနိုင်မှာမဟုတ်ပါဘူး..။

(၂) သွားမြန်မြန်တိုက်ခြင်း ။

တချို့လူတွေရဲ့သွားတိုက်ချိန်ဟာ ၄၅ စက္ကန့်လောက်သာကြာပါတယ်...။ တကယ်တော့ သွားတိုက်တဲ့အခါ အနည်းဆုံး (၂) မိနစ်ခန့်ကြာသင့်ပြီး တစ်နေ့နှစ်ကြိမ်တိုက်ရမှာပါ...။
ခုခေါတ်လို Smart phone တွေပေါများတဲ့ကာလမှာ phone နဲ့ Timber ပေးထားပါ ဒါမှမဟုတ် သီချင်းတစ်ပုဒ်ဖွင့်ပြီး ပြီးတဲ့အထိတိုက်ပါ..။

(၃) အားဖြင့်ဖိတိုက်ခြင်း ။

လူတော်တော်များများက သွားတွေကို အားနဲ့ဖိတိုက်မှ အားရသလို ပိုပြီးသန့်ရှင်းတယ်လို့ယူဆထားကြပါတယ်...။ တကယ်တော့ အားအများကြီးသုံးပြီး သွားဖိတိုက်တာက သွားဖုံးတွေကို ပျက်စီးစေပါတယ်...။ ဒီတော့ ညင်ညင်သာသာသန့်ရှင်းပေးပါ...။

(၄) သွားပွတ်တံကို ဖြစ်သလိုသိမ်းခြင်း။

သွားပွတ်တံကို ထောင်ရက်အနေအထားနဲ့ ဖွင့်ပြီး ထားသင့်ပါတယ်..။ သွားပွတ်တံကို ဘူးတစ်ခုခုထဲမှာ အလုံပိတ်ပိတ်ပြီးထားတဲ့အခါ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ပါတယ်...။

(၅) သွားတိုက်တံမာမာကြီးသုံးခြင်း။

သွားတိုက်တံရဲ့ အမျှင်လေးတွေ နူးညံ့လေလေ သွားကျန်းမာရေးအတွက်ကောင်းလေပါပဲ...။ မာလွန်းတဲ့ သွားတိုက်တံနဲ့ သွားတိုက်တဲ့အခါ သွားနဲ့သွားဖုံးအစပ်နားနေရာလေးတွေ စုတ်ပြတ်သတ်သွားနိုင်ပါတယ်။
သင့်အတွက် ဘယ်လိုသွားတိုက်တံမျိုးက အသင့်တော်ဆုံးဆိုတာ သွားဘက်ဆိုင်ရာဆရာဝန်ဆီကနေ အကြံဥာဏ်လေးတွေရယူပါ။

(၆) သွားတိုက်နည်းစနစ်မှားနေခြင်း ။

သွားတိုက်ရင် များသောအားဖြင့် ကန့်လန့်ဖြတ်ပြီးတိုက်နေကြတယ်ပေါ့နော်...။ သွားနှင့်ခံတွင်းရောဂါတွေကို ကာကွယ်ဖို့အတွက် စနစ်ကျတဲ့သွားတိုက်နည်းဟာ အကောင်းဆုံးဖြစ်တယ်..။ ဒီတော့ သွားနှင့်ခံတွင်းဆေးခန်းတွေမှာ check up လုပ်ရင်း သွားတိုက်နည်းစနစ်မှန်ကို သွားဘက်ဆိုင်ရာ ဆရာဝန်ဆီကနေ သင်ယူနိုင်ပါတယ်...။
ကျွန်တော်အားတဲ့အခါလည်း Video ရိုက်ပြီး ဒီ Page လေးကနေ ဝေမျှပါဦးမယ်..။

သွားနှင့်ခံတွင်းရောဂါတွေ ကင်းရှင်းပါစေခင်ဗျာ
မေတ္တာဖြင့်
ဒေါက်တာမျိုးမြင့်အောင်
Health Guide
https://www.facebook.com/pg/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ