သွေးအုပ်စုအရ ကျန်းမာနုပျိုအောင် ဘယ်လိုနေထိုင်မလဲ


Type O သွေးပိုင်ရှင်များ
ကိုယ်ကာယ လေ့ကျင့်ခန်း များများလုပ်ပေးပါ။ တိရစ္ဆာန်မှထွက် သော ပရိုတိန်းများကို စားသုံးပေးပါ။ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် စာနှံပင် များကမူ သူတို့အတွက် ဒီလောက် ချည်း မကောင်းနိုင်ပါ။ O သွေးသမား များ ခန္ဓာကိုယ်ဝရခြင်းအကြောင်းက တော့ ဂျုံပြင်၊ ဂျုံစေ့မှထွက်သော စားသောက်ကုန်ပစ္စည်းများမှ ကစီ ဓာတ်များကြောင့် ပိုများပြီး အခြားက စီဓာတ်ပါဝင်သည့် ပဲနီလေး၊ ပြောင်း၊ ပဲကတ္တီပါ၊ ဂေါ်ဖီထုပ်များမှာမူ ပမာဏနည်းသော ကစီဓာတ်ကိုသာ ရရှိသည်။ သို့ဖြစ်၍ အေရိုးဗစ်၊ ပြေးခြင်း Martial arts များဖြစ်သော ကာရာတေး၊ boxing၊ ဂျူဒို၊ ၀ူရှူး၊ အစရှိသည့် အားကစားများ၊ အခြား contant sport များဖြစ်သော စက်ဘီး၊ တင်းနစ်၊ တောင်တက်၊ ရွက်လှေ အစရှိသည့် ကိုယ်ကာယ လေ့ကျင့်ခန်းများကို လုပ်ပေးရမည်။

Type A သွေးပိုင်ရှင်များ
အသီးအရွက်များ၊ လတ်ဆတ် သန့်ရှင်းသည့် အော်ဂဲနစ်အစား အစာများကို စားသုံးပေးသင့်သည်။ သူတို့၏ ထိခိုက်လွယ်သော ခန္ဓာ ကိုယ်ခုခံအားစနစ်ကြောင့် နှလုံး ရောဂါ၊ ကင်ဆာ၊ ဆီးချိုဖြစ်လာနိုင် ဘွယ်အလာရှိသည်။ Type A သမား များသည် အေးအေးဆေးဆေးနှင့် centering exercise ဥပမာ- ယောဂ၊ ထိုက်ချိ စသည့်တို့ကဲ့သို့သော လေ့ကျင့်ခန်းများနှင့် ပို၍ သင့်တော် သည်။

Type B

ဤသွေးပိုင်ရှင်တို့တွင် မြင့်မား သော ခုခံအားစနစ်မျိုးရှိကြပြီးအစား ချေစနစ်ကို သည်းခံနိုင်အားရှိပြီး ပြင်းထန်သော ဆေးမတိုးသည့် နာတာရှည်ဖျားနာမှုများကို ခံနိုင်ရည် ရှိသည့်သဘောမျိုး ကိန်းဝပ်ကြ။ သူတို့အတွက် စိတ်၏ balane ရရှိ စေနိုင်သော တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ တင်းနစ်ကစားခြင်း၊ ရေကူးခြင်း အစရှိသည့် ကိုယ်ကာယ လေ့ကျင့်ခန်းများက အကောင်းဆုံး ဖြစ်သည်။

Type AB

Type A နှင့်B ပြုလုပ်သော လေ့ကျင့်ခန်းမျိုးများပြုလုပ်ပေးသင့်သည်။ ဤသွေးအုပ်စု (၄) မျိုးတွင် biologically complex ဇီဝဗေဒ ရောယှက်သောသွေးအုပ်စုမျိုးဖြစ်၍ Type A နှင့် B ၏ လုပ်ငန်းစဉ်များ အတိုင်း လုပ်ဆောင်သင့်သည်။

TKD
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ