သွားနှင့် ခံတွင်း ကျန်းမာခြင်း


မိမိ၏သွားခံတွင် သွားများ သွားဖုံးများ နှင့် သွားခံအတွင်းရှိ မေးရိုးကြွက်သားနှင့် နာဗ့်ကြောများ ကောင်းမွန်နေချိန်တွင် နေ့ စဉ်စားသောက်ဝါးနေပေမဲ့ ကျန်းမာကောင်းမွန်နေခြင်းကြောင့် စားကောင်းခြင်းနှင့်အတူ နာကျင်ခံစားခြင်းလည်းကင်းဝေးစွာ စားသောက်နိုင်ကြပါသည် ။
သွားခံတွင်းရှိ သွားမကောင်းခြင်း ၊ သွားပိုးစားခြင်းနှင့် သွားဖုံးများ မကောင်းခြင်းတို့ ချိုးတဲ့လာပါက အစားသောက်ဝါးသည့်အခါ စားသည့်အခါတွင် နာကျင်ခံစားခြင်းများဖြစ်ပေါ်လာတက်ပါသည် ။ ဌင်း ခံတွင်း ကျန်းမာခြင်း အားနည်းလာခြင်းကြောင့် နာကျင်လာပါက နားထင်တွေ ကိုက်ခဲးလာခြင်း ၊ ခေါင်းမကြည့်ခြင်း ၊ မျက်ကြောများ ကိုက်ခဲးလာခြင်းအတူ နာကျင်ဝေဒနာများစွာခံစားဖြစ်ပေါ်လာပါသည် ။
သွားပိုးစားခြင်းကို ကလေးအငယ်များတွင် ဖြစ်များမှု့ များပြားပြီး အသက်အရွယ်ကြီးရင့်လာသည့်အခါတွင် သွားဖုံးနှင့် ပတ်သက်သော ရောဂါများပိုမိုဖြစ်ပေါ်လာနိုင်ပါသည် ။ နောက်ဆက်တွဲအနေဖြင့် သွားဖုံးကျန်းမာရေး အားနည်းလာခြင်းကြောင့် သွားများနှုတ်ပစ်ရခြင်း သွားများကျိုးလွယ်ပြီး မိမိသွားများ ဆုံးရှုံးစေနိုင်ပါသည် ။

သွားခံတွင်းကျန်းမာမှု့ အားနည်း ဝေဒနာများဖြစ်ပေါ်လာနိုင်ခြင်းများအချို့ မှာ အဟာရဓာတ်ချိုးတဲ့ခြင်း ၊ တစ်ဖက်တည်းကိုသာ ကြိတ်ခါဝါးစားတက်ခြင်း ၊ မျိုးရိုးလိုက်ခြင်းနှင့် ဆီးချိုးဝေဒနာဖြစ်သူများဖြစ်ပါသည် ။
မိမိသွားခံတွင်းအတွက် ကောင်းမွန်စေရန် အလေ့အကျင့်များဖြင့် ကြိုတင်ကာကွယ်သင့်ပါသည် ။

မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်သန့် ရှင်းခြင်း (သွားတိုက်ပြီးပါက သွားတိုက်ဆေးများ ကုန်စင်အောင်ပလုပ်မကျင်းပါက ဖလိုရိုက်ပါဝင်သောကြောင့် သွားပိုးစားမဖြစ်ပေါ်စေရန်အတွက် ပိုကောင်းစေပါသည် ) ၊

ကျန်းမာရေးအတွက် အကျိုးများသည့် အစာအစားများကို ညီညွတ်မျှစွာ စားသုံးခြင်း ၊

အစာအစားစားသောက်ပြီးတိုင်း ရေဖြင့် စားကြွင်းအကျန်များ ကင်းစင်အောင်ထိ ပလုပ်ကျင်းခြင်း ၊

သွားကြားအတွင်ညပ်နေသောအစာများကို သွားကြားထိုးတံသုံးခြင်းအစား သွားပွတ်ကြိုးဖြင့် ရှင်းလင်းဖယ်ရှာခြင်း ၊

ဆေးလိပ်သောက်ပါက ဆေးလိပ်သောက်ခြင်းကို လျှော့ချခြင်း ၊

အအေးလွန်သောရေများ သောက်သုံးခြင်း နှင့်အချိုလွန်ကဲသော အအေးများ ဖျော်ရည်များ သောက်သုံးခြင်းကို ရှောင်ရှာခြင်း ၊

သွားဖုံများ ကောင်းမွန်စေရန် ဆားအနည်းငယ်ထည့်ထားသော ရေနွေးကို ခဏတာငုံပေးထားပြီး ပလုပ်​ကျင်းခါ ပြန်​​ထွေးထုတ်​​ပေးခြင်း၊

အချိုရည် သကြားများသော အရည်များကို ခံတွင်းတွင် မြုံပြီး အချိန်ကြာကြာထားခါ သောက်သုံးတက်ခြင်းကို ရှောင်ရှာခြင်းတို့ ဖြစ်ပါသည် ။

မိမိစားသုံးသည့် အစာအစားကြောင့် နှင့် သွားဖုံရောင်ရမ်းခြင်း သွားဖုံးကြွခြင်းကြောင့် နာကျင်ခံစားဖြစ်ပေါ်လာပါက နာကျင်နေသည့် နေရာများကို လျှာဖြင့်ထိုး​ခြင်းမလုပ်ရပါ ။ခဏခဏလျှာဖြင့်ထိုးခြင်းမျိုးကြောင့် ရောင်ရမ်းခြင်းဖြစ်နေသည့်အတွက် ဌင်းနေ၇ာ ပိုးဝင်ခါ သွားဖုံးပြည်တည်ခြင်းဖြစ်ပေါ်လာနိုင်သည့်အတွက်ဖြစ်ပါသည် ။

နာကျင်သက်သာစေနိုင်သည်မှာ ရေနွေးဖြင့် ငုံခါ ပလုပ်ကျင်းကျင်းပေးခြင်း ပြု့ လုပ်ပါက နာကျင် သက်သာ ပျောက်ကင်းစေပါသည် ။
မိမိသွားတွင် သွားပိုးစားနေခြင်းကြောင့် သွားပေါက်နေရာတွင် အစာစားပြီး တိုင်း အစားများဝင်ခါ ခဏခဏ နာကျင်ဖြစ်ပေါ်နေပြီး သွားပိုးပေါက်ကို သတိထားလာမိလာပါက သွားဘက်ဆိုင်ရာတွင် ကြိုတင်စစ်ဆေးပြီး ကုသမှု့ ခံယူသင့်ပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ