ကင်ဆာများနှင့် အီး-စီးကရက်


စီးကရက်သောက်နေသည့်အမျိုးသားများအနေဖြင့် ယနေ့ ခေတ်ဆန်စတိုင်တစ်မျိုးဖြင့် ပုံမှန်သောက်နေကြဖြစ်သော စီးကရက်အစား အီး-စီးကရက်ကို သောက်သုံးသူများလည်း တဖြေးဖြေးများလာကြပါသည် ။
နည်းပညာတွေကို အသုံးပြု့ ပြီး ဆေးလိပ်အစား မီးလည်းမလို မီးဖွားလည်းမကျ စတိုင်လည်းကျ အငွေ့ လည်းထွက်ဆိုပြီး စတိုင်ကျကျသောက်သုံးသူများအနေဖြင့် ကောင်းကျိုးထက် ဆိုးကျိုးများနေသည်ကို သိမယ်မထင်ဘဲ စတိုင်ကျတာကိုအဓိကထားပြီး သောက်သုံးနေပါက ကင်ဆာရောဂါဆိုး ဖြစ်နှုန်းမြန်ဆန်ပါသည် ဆိုတာကို သိထားစေချင်ပါသည်။
ကမ္ဘာမှာခေတ်စားလားသည့် အီး စီးကရက်ကို ဆေးပညာရှင် သိပ္ပံပညာရှင်များအနေဖြင့် ဌင်း အီးစီးကရက်သည် သာမန် စီးကရက်ထက် ပိုမိုပြီး အန္တရာယ်များလာနေကြောင်းကို ထုတ်ပြန်ကြေငြာထားပါသည် ။

ထို အီး စီကရက်တွင် နီကိုတင်းဓာတ်ပါဝင်ပေမဲ့ ထပ်မံပြီး ပုပ်သိုးမှု့ ကို နိုင်သော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Formaldehyde ဓာတ်ပစ္စည်းတစ်မျိုးပါဝင်နေပါသည် ဌင်းကြောင့် ပိုမို အန္တရာယ်ပိုများပါသည် ။ ထိုသို့ ပါဝင်နေသောကြောင့် သုတေသီများမှ သာမန် စီးကရက်ထက် ကင်ဆာဖြစ်ပွားမှု့ နှုန်း အဆပေါင်း ၁၀ ဆ သာလွန်ကြောင်း လေ့လာတွေ့ ရှိထားကြပါသည် ။
ဆေးလိပ်သောက်သုံးခြင်းသည့် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါသည် လို့ အသိပေးစာတမ်းတွေပါဝင်ပေမဲ့ သိတော့သိပါတယ် ကြိုက်လည်းကြိုက်လည်း ဖြတ်ရတာလည်း မဖြတ်နိုင်ဘူးဆိုခဲ့ပါက သာမန် စီးကရက် ဆေးလိပ်ကိုသာ သောက်သုံးသင့်ပါသည် ။

စတိုင်လည်းကျ ခေတ်စကားအရ မိုက်တယ် ဆိုပြီး အီး-စီးကရက်ကိုသောက်သုံးနေပါက သင့် ကျန်းမာရေးအတွက် ဆိုးရွားလာစေခြင်းကို သာမန် စီးကရက် ဆေးလိပ်များထက် အဆပေါင်း ၁၀ ဆ ဆယ်ဆ ပိုမို ဆိုးရွားနိုင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ