သားဆက်ခြားခြင်းနဲ့ မျိုးအောင်ခြင်း


သားဆက်ခြားနည်းတွေက တကယ်ပဲ အမျိုးသမီးတွေရဲ့မျိုးအောင်ခြင်းကို သက်ရောက်မှုရှိနေပါသလား။
သားဆက်ခြားတယ်ဆိုတာ ကိုယ်ဝန်မရအောင် နည်းလမ်းတစ်ခုနဲ့တားထားတာကိုပြောတာပါ။ သား ဆက်ခြားတယ်ဆိုတာကမမျိုးးဥနဲ့သုက် ပိုးနဲ့မတွေ့အောင်တနည်းနည်းလုပ်ကြတယ်။ မတွေ့အောင် ကာကွယ်တာရှိတယ်။ မမျိုးဥမကြွေအောင်လုပ်တာရှိတယ်။ ကျွန်မတို့ရဲ့ စစ်တမ်းအရကြည့်လိုက်မယ်ဆိုရင် အမျိုးသမီး ၁၀၀မှာသားဥကြွေချိန်ဟာ ဆေးပညာအခေါ်အရတော့ ovulation time ပေါ့။ ဒီရာသီစက်ဝန်းရဲ့ ဒုတိယပတ်၊ တတိယပတ် လောက်မှာအမျိုးသားနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံမိရင်တောင် အမျိုးသမီး ၁၀၀မှာ ၈ယောက်ပဲ သန္ဓေအောင်တာရှိပါတယ်။ ကိုယ်ဝန်ကိုမလိုလားသေးဘူး။ မလိုချင်သေးဘူးဆိုရင်တော့ သားဆက်ခြားနည်းလမ်းတစ်ခုခုနဲ့သုံးတယ်။ သားဆက်ခြားနည်းလမ်းလေးက သက်ရောက်မှုရှိသလားဆိုတဲ့ မေးခွန်းလေးအတိုင်း သက်ရောက်မှုရှိအောင် မတွေ့အောင်တားတယ်။ ဒါမှမဟုတ်သားဥမကြွေ အောင်လုပ်တယ်။ ဈေးကွက်ထဲမှာရော ရပ်ကွက်ထဲမှာရောသိကြတဲ့ မှန်မှန်သောက်တဲ့ သောက်ဆေးပေါ့။ တစ် နေ့ကိုတစ်ကြိမ်တစ်ကြိမ်သောက်သွားတဲ့ဆေး၊ စားဆေးရှိပါတယ်။ ဒါမှမဟုတ် ထိုးဆေး။ ခုချိန်မှာအများသုံးနေ ကြတဲ့ သုံးလခံဆေး။ သုံးလတစ်ကြိမ်ထိုးတဲ့ဆေးတွေရှိတယ်။ နောက်တစ်ခုကတော့ အရေပြားအောက်ထဲသွင်းတာ။ ခန္ဓာကိုယ်တွင်းသွင်းတာပေါ့။ လက်မောင်းအောက်ကိုသွင်းတဲ့နည်းရှိတယ်။ ဒါမှမဟုတ် အမျိုးသမီးရဲ့သားအိမ်ထဲထည့်တဲ့ပစ္စည်းတွေရှိမယ်။ ဒါမှမဟုတ်အကာအကွယ်ပေါ့။ အမျိုးသားသုံး၊ အမျိုးသမီးသုံးကွန်ဒုံးတွေ စတဲ့ ဒီနည်းတွေနဲ့တားကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်ခုနကပြောတဲ့ သူတို့ကို မတွေ့အောင်လုပ်တယ်၊ သားဥ မကြွေအောင်လုပ်တယ်။ ဟော်မုန်းတွေ၊ ထိုးဆေးတွေနဲ့သားဥမကြွေအောင် လုပ်တယ်။ အဲဒီတော့တွေ့စရာမရှိဘူးပေါ့။ အဲဒီကြောင့် သက်ရောက်မှုရှိတယ်လို့ဆိုလိုတာပါ။
#သားဆက်ခြားနည်းလမ်းတွေ အသုံးပြုတဲ့အမျိုးသမီးတွေအနေနဲ့ ဘေးထွက်ဆိုးကျိုးတွေတွေ့လာနိုင်ပါသလား။
ဆရာမတို့မြင်နေတွေ့နေရတဲ့ အတွေ့အကြုံအရ သားဆက်ခြားနည်းကြောင့်ပဲ မျိုးမအောင်တာတို့၊ သား မြုံတာတို့တွေ့ခဲ့ဖူးပါလားဆိုတာသိချင်ပါတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့သားဆက်ခြားနည်းပဲ အမြဲသုံး နေမယ်ဆိုရင်တော့ ဘယ်လိုမျိုးဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကိုလည်းသိချင်ပါတယ်။
ဟုတ်ကဲ့ပါ။ ခုမေးသွားတဲ့မေးခွန်းသုံးခုမှာ ပထမမေးခွန်းကိုကျွန်မပြောမယ်ဆိုရင် ဟော်မုန်းကိုသုံးပြီး ထုတ်တာရှိတယ်။ ဟော်မုန်းကိုမသုံးဘဲထုတ်တာရှိတယ်။ ဟော်မုန်းမသုံးတာက ဘာတွေလဲဆိုတော့ ကွန်ဒုံးတို့လို့မျိုး၊ သားအိမ်ထဲထည့်တဲ့ပစ္စည်းလိုမျိုး။ ခုဒီတိုင်းပြည်မှာအများဆုံး သုံးနေတာကတော့ ဟော်မုန်းမပါတဲ့ဟာပါ။ ဟော်မုန်းမရှိတော့ ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးကမရှိပါဘူး။ ဘေးထွက် ဆိုးကျိုးမရှိဘူးလားဆိုတော့ အနည်းငယ်ရှိပါတယ်။ ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေရှိတယ်။ သုံးတဲ့ဟော်မုန်းလေးတွေကို ပြန်ပြီးတော့ စိတ်ပိုင်းလိုက်မယ်။ ဟော်မုန်း ၂မျိုးလည်း ကျွန်မပြောတယ်။ ဟော်မုန်း ၁ မျိုးလည်း ကျွန်မပြောတယ်။ အဲဒီထဲမှာအီစတိုဂျင် ဆိုတဲ့ဟော်မုန်းက သူ့ရဲ့မကောင်း တဲ့အချက်လေးက ဘာလဲဆိုတော့ကျွန်မတို့သားဆက်ခြားတယ်ဆိုတာ ကလေးတစ်ယောက်မွေးပြီး နောက်တစ်ယောက်မမွေးရအောင်။ မမွေးသေးဘူး။ ကလေးတွေနီးမယ်။ နောက်လိုချင်တဲ့အခါမှယူမယ်။ အဲလို မိခင်တွေက ဒီဆေးလေးကို သုံးမယ်ဆိုရင် နို့တိုက်မိခင်မှာ နို့ထွက်နည်းသွားတယ်။ ကလေးနို့မ၀ဘူးပေါ့။ အဲဒါအီစတိုဂျင်ကြောင့်။ သူ့ကို ကလေးမွေးပြီး (၆)လ ရှိတဲ့မိခင်တွေကိုမတိုက်ပါဘူး။ ဘာလို့လဲဆိုတော့ နို့ထွက်နည်းမှာစိုးလို့။ နှစ်မျိုးပါတာရှိတယ်၊ တစ်မျိုးတည်းပါတာရှိတယ်။ တစ်မျိုးတည်းပါတာဆိုတာ ပရိုဂျက်စတုန်း။ အဲဒါဆို ၂၁ လုံးပဲသောက်ရတယ်။ ဒီဆေးကျတော့ နို့ထွက်တာကိုမထိခိုက်ဘူး။ အဲဒီအတွက် အဲဒိကိုနို့တိုက်မိခင်တွေကို ညွှန်းတယ်။ ဒါပေမယ့်သူက မှန်မှန်သောက်ရတယ်။ သောက်ဆေးရဲ့ဘေးထွက်ဆိုးကျိုးလေးကို ပြောမယ်ဆိုရင်တော့ ဒါက ဘယ်ပေါ်မူတည်လဲဆိုရင် အမျိုးသမီးပေါ်မူတည်တယ်။ မှတ်မိရမယ်လေ။ သူသောက်ရမှာကိုး။ မသောက်ရင် သူကလေးရနိုင်တာပေါ့။ ဟာ မသောက်တာနဲ့ရမလားဆိုတော့ အဲလိုတော့လည်းမဟုတ်ဘူး။ ခုနတုံးက တစ်မျိုးတည်းပါတဲ့ နို့တိုက် မိခင်သောက်တဲ့ဟာဆိုရင် နာရီတောင်ခြားလို့မရဘူး။ ဟော်မုန်းကနည်းနည်းလေးပါတာ။ ဟော်မုန်းရဲ့ side effect ကို နည်းစေချင်လို့လုပ်ထားတာဆိုတော့ အဲဒါမျိုးသတိထားရမယ်။ နောက်တစ်ခုက ပရိုဂျက်စတုန်းတစ်ခုတည်းပါတဲ့ဟာ။ ထိုးဆေးပေါ့။ လက်ရှိရှိနေတဲ့ဆေး သုံးလခံဆေးပေါ့။ သူကျ တစ်ခုပဲပါတယ်။ သူကတော့ သားဥ မကြွေအောင်လုပ်တယ်။ ဒီသားဥလေး ကြွေလာရင် ဒီသားဥလေးနေဖို့ဆိုပြီးတော့ သားအိမ်နံရံဟာထူရတယ်။ တကယ်လို့ သုက်ပိုးနဲ့မတွေ့ရင် သားအိမ်နံရံပြိုတော့သွေးပေါ်တယ်။ သားဥကိုမကြွေတော့ သားအိမ်နံရံလည်း ထူစရာမလိုတော့ဘူးပေါ့။ မလိုတဲ့အခါကျတော့ ပြိုစရာလည်းအကြောင်းမရှိဘူး။ အဲဒီတော့သွေးမလာဘူးပေါ့။ အဲဒါလေးတွေကို ကျွန်မရှင်းပြတာပါ။ တစ်ခုနဲ့ တစ်ခုက နည်းနည်းချင်းစီကွာတာလေးတွေပေါ့နော်။ လက်မောင်းအောက်ဆို တာလည်း ပရိုဂျက်စတုန်းထည့်ထားတာပါ။ သူလည်းသားဥကိုမကြွေပါဘူး။ ရာသီအပြောင်းအလဲလေးတွေ၊ ဒါလေးတွေတော့ရှိပါတယ်။
ဒုတိယမေးခွန်းအတွက်ကတော့ သားဆက်ခြားဆိုတာက သားသမီးမလိုချင်လို့ခြားထားတာ။ လိုချင်ရင်ပြန်ယူမယ်။ ခဏလေးခြားထားတာပါ။ ခုနတုန်းက non hormonal ကိုအရင်ရှင်းလိုက်မယ်နော်။ ကွန်ဒုံးတွေမသုံးတော့ဘူးဆိုရင်ချက်ခြင်းပြန်ရမယ်။ သားအိမ်ထဲထည့်တဲ့ပစ္စည်းဆိုရင်ပြန်ရမှာပဲ။ ကဲ ဟော်မုန်းပစ္စည်းကရော တစ်နေ့တစ်လုံးမှန်မှန်သုံးနေတဲ့ပစ္စည်းတွေ၊ သောက်ဆေးတွေရှိတယ်။ ဒါတွေက ရပ်လိုက်ပြီးတာနဲ့ အချိန်သိပ်မခြားဘူး။ ပြန်ရတယ်။ ဘာတစ်ခုပဲလဲဆိုရင် သုံးလခံထိုးဆေးက သုံးလလုံးခံတာဆိုတော့ ခန္ဓာကိုယ်ထဲမှာ သူ့ရဲ့ဟော်မုန်းလေးတွေကကျန်နေတတ်တယ်။ မရတာတော့မဟုတ်ဘူး။ အချိန်လေးနည်းနည်းစောင့်ရတယ်။ ဆေးပညာရဲ့စာအရဆိုရင် ရေးထားတာကတော့ ၄ လ ကနေ ၇ လ၊ အများဆုံး တစ်နှစ်လောက်အထိတော့စောင့်ရတတ်တယ်။ ဒီအတွက်ကြောင့်ပဲကလေးမရဘူးလို့ထင်တတ်ကြတယ်။ တကယ်တော့ လုံးဝမြုံသွားတာမဟုတ်ပါဘူး။ မျိုးမ အောင်တာမဟုတ်ဘူး။ ဆေးပညာအရ ပြန်ရှင်းပြရမယ်ဆို မျိုးမအောင်ခြင်း၊ သားမြုံခြင်း ဒါကိုဘယ်အခါမှာခေါ်နိုင်သလဲဆိုရင် စုံတွဲတစ်တွဲသည် ဘာအကာအကွယ်မှမယူဘူး။ သားဆက်ခြားဆေးတွေဘာမှမလုပ်ထားဘူး။ လုံးဝလည်းအကာအကွယ်မယူဘဲ လိင်ဆက်ဆံမှုလည်းရှိပါလျက်နဲ့ တစ်နှစ်အတွင်းမှာ ကလေးမရမှသာ သူတို့ကို မျိုးမအောင်တာ၊ သားမြုံတာဆိုပြီး ကျွန်မတို့က အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီဟာက ကျွန်မတို့အချိန်ကြောင့်ဖြစ်တယ်ဆိုတော့ ဒီထိုးဆေးတွေကြောင့်၊ ဒီသားဆက်ခြားဆေးတွေကြောင့် ဒါမျိုးမရှိနိုင်ပါဘူး။ သားဆက်ခြားနည်းကြောင့်ဖြစ်တာမဟုတ်ဘူး။ ရှိခဲ့တယ်ဆိုရင်တောင် သူ့မှာတခြားသောအကြောင်းအရာတစ် ခုခုရှိပါမယ်။ ဒါကြောင့်မဟုတ်ဘူးဆိုတာကိုတော့လူထုသိစေချင်ပါတယ်။
နောက်ဆုံးမေးခွန်းဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သားဆက်ခြားနည်းလမ်းတွေကိုအမြဲသုံးတာအန္တရာယ်ရှိလားဆိုတာကတော့ အဲဒါက အမြဲသုံးတယ်ဆိုတာက သူမလိုချင်သေးရင်သူတားထားတယ်။ မတားထားရင် မလိုချင်သေးတဲ့ကိုယ်ဝန်ရလာမယ်။ အဲဒီတော့ အများစုကဖျက်ချတာပေါ့။ အဲဒါကပိုဆိုးတာပေါ့။ မလိုချင်သေးရင်တားထားတယ်။ တားနေတဲ့အချိန်မှာတော့ ဘာအန္တရာယ်မှမရှိပါဘူး။ မှန်မှန်ကန်ကန်သုံးစွဲမယ်ဆိုရင် အန္တရာယ်မရှိပါဘူးလို့ပြောချင်ပါတယ်။
#အမျိုးသမီးတွေမှာရော မတူတဲ့သားဆက်ခြားနည်းတွေက မတူတဲ့အကျိုးတွေဘာကြောင့်သက်ရောက်တာ လဲဆိုတာ ရှင်းပြပေးပါဦး။
မတူတဲ့သားဆက်ခြားနည်းကနေ မတူတဲ့အကျိုးဆိုတာက အခြေခံထားတာပေါ့။ ဒီနည်းလမ်းက မျိုးအောင်တယ်ဆိုတာကလည်း မမျိုးဥနဲ့သုက်ပိုးတို့တွေ့တာ။ ဒါကိုမတွေ့အောင် လုပ်တဲ့နည်း။ ဒါမှမဟုတ်ရင် ဒီမျိုးဥက ဘယ်ကလာလဲ။ တစ်လတစ်ကြိမ် သားဥကြွေတယ်တာကို မကြွေအောင်လုပ်တယ်ဆိုတော့ အဲဒီအပေါ်မှာမူတည်တာပေါ့။ ကိုယ်ဘာကိုသုံးလဲ သုံးတဲ့အပေါ်မှာမူတည်တယ်။ ဟော်မုန်းမပါတာဆိုရင်တော့ ဒီအကျိုးတွေက တော်တော်လေးနည်းသွားတယ်။ အီစတိုဂျင်ပါရင်တော့ အီစတိုဂျင်ရဲ့ ဘေးထွက်ဆိုးကျိုးကလေးတွေရှိမယ်။ အဲဒါလေးတွေကိုသက်သာအောင် နေ့တိုင်းနေ့တိုင်းသောက်ရမယ်။ ပျို့တာလေးတွေ၊ အန်တာလေးတွေတစ်ချို့သောအမျိုးသမီးတွေမှာရှိတတ်တယ်။ ညနေစာစားပြီးရင် သောက်လိုက်ပါ။ ညနေစာစားပြီးချိန်ဆိုရင် ဗမာလူမျိုးတွေအတွက် နားနေချိန်လေးဖြစ်လို့ သူ့ရဲ့အိပ်ချိန်နဲ့လည်းနီး သွားတာဖြစ်လို့ မူးမောတာလေးက ပြေပျောက်သွားတယ်။ ဟော်မုန်းတစ်မျိုးတည်းပါတာကျတော့သားဥကြွေတာကိုတားတယ်။ တားတယ်ဆိုတော့ သားဥကမကြွေဘူး။ မကြွေတော့သားအိမ်နံရံမထူဘူး။ ပြိုစရာအကြောင်းမရှိဘူး။ ဒါကိုဆေးပညာနဲ့အလှမ်းဝေးနေသူတွေက ဘာပြောကြလဲဆိုရင် ငါကတော့ လစဉ်ပုံမှန်လာနေတာကနေဘယ်ပျောက်သွားလဲမသိဘူး။ သွေးတွေလည်းမလာတော့ဘူး။ ဗိုက်ထဲမှာတော့ သွေးလုံးတွေရှိနေပြီလားမသိဘူးဆိုပြီး တော်တော်များများက ပူပန်ကြတယ်။ ဒါဟာပူပန်စရာမဟုတ်ပါဘူးဆိုတာလည်း အသိပညာပေးချင်ပါတယ်။ ခုနတုန်းကပြောတဲ့ barrier method က အန္တရာယ်မရှိဘူး။ အရမ်းဆိုးကျိုးနည်းတယ်ဆိုပေမယ့် မှန်မှန်ကန်ကန်တော့သုံးတတ်ဖို့လိုပါတယ်။ သားအိမ်ထဲထည့်တဲ့ပစ္စည်းဆိုရင် မှန်မှန်ကန်ကန်သုံးတတ်ဖို့ဆိုတာ စနစ်တကျလေ့ကျင့်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ဆရာမတွေဆီမှာ ထည့်ဖို့လိုတယ်။ ထည့်တဲ့အခါမှာ ပိုးမ၀င်ဖို့အရေးကြီးတယ်။
#အချိန်တစ်ခုယူပြီးမှကလေးယူမယ့် စုံတွဲတွေအတွက် ဆရာမရဲ့အကြံပြုချက်လေးလည်းသိချင်ပါတယ်။
မိသားစုဘ၀လေးကိုလိုချင်တယ်၊ ဒီအချိန်မှာတော့ ငါကလေးယူမယ်၊ ဥပမာ ကျောင်းနေတုန်းစုံတွဲများ၊ အလုပ်လုပ်သောစုံတွဲများပေါ့။ အချိန်နဲ့တိုင်းပြီး ကလေးယူချင်တဲ့စုံတွဲတွေအတွက် ကျွန်မအကြုံပြုချင်တာက ဟော်မုန်းဆိုလည်း ဟော်မုန်းရဲ့ effect လေးကရှိနေတော့ အဲဒါလေးကိုသိပ်မသုံးဘူးပေါ့။ အဓိကထိုးဆေးကို ကျွန်မအားမပေးပါဘူး။ ချက်ချင်းရနိုင်တဲ့ ကွန်ဒုံးသုံးမလား။ ဒါမှမဟုတ် သားအိမ်ထဲထည့်တဲ့ပစ္စည်းထည့်မလား။ ဒါတွေက ထုတ်လိုက်တာနဲ့ကလေးရမယ်။ ဒါမှမဟုတ် တစ်နေ့တစ်လုံးမှန်မှန်သောက်တဲ့ဆေး စားဆေး။ ဒါကိုတော့ မှန်မှန်သောက်ပေါ့နော်။ အဲဒါကို ရပ်လိုက်ရင်တော့ ရတာပေါ့နော်။ သားအိမ်ထဲထည့်တဲ့ပစ္စည်းကို တွေ့တဲ့လူတိုင်းနဲ့မထည့်ပါနဲ့။ ထည့်ရတာလွယ်တယ်ဆိုတာ မဟုတ်ပါဘူး။ တတ်ကျွမ်းနားလည်တဲ့skill person တွေနဲ့ဆရာဝန်တွေ၊ ဆရာမတွေ၊ ကျန်းမာရေးဆရာဝန်တွေနဲ့ထည့်သင့်တယ်။ အဲဒါဆိုအချိန်ကိုက်ပြန်ရနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
ခုလိုဖြေကြားပေးတဲ့ဆရာမကို ကျန်းသုခ Health Guide မိသားစုက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒေါက်တာသန္တာဝင်း (Senior Medical Consultant - DKT International Co.,Ltd )
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ