ကြက်သွန်ဖြူနှင့် မျက်နှာပေါ်တင်ခြင်း၏ရလဒ်


ကြက်သွန်ဖြူနှင့် မျက်နှာပေါင်းတင်ခြင်းဖြင့် အကျိုးရစေသည်များ မှာ-
- အသားအရေသန့်စင်ခြင်း၊ နေ ရောင်ကြောင့်ဖြစ်သော အဆိပ် အတောက်များကို ပယ်ရှားပေးပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း၊ အမာရွတ်များ ပျောက်ကွယ်သွား ခြင်း၊ အရေးအကြောင်း၊ ပါးရေတွန့် ခြင်းများကို လျော့ပါးစေခြင်း၊ အမဲ ကွက်များထွက်ခြင်းကို ပျောက်စေ ခြင်း၊ အရွယ်ကြောင့်ဖြစ်သော လက္ခဏာများကို လျော့ပါး စေသည်။ ကြာရှည်လုပ်လျှင် မျက်နှာအရေပြားရှိ Cellular များကို တိုးပွားစေခြင်း။

- အရေပြားကင်ဆာကို လျော့ချခြင်း။

- အရေပြားပေါ်၌ PH ကို ထိန်းချုပ်ပေးခြင်း၊ အဆီပို များအား ထိန်းပေး ခြင်း၊ ခြောက်သွေ့သောအသားအရေ ကို အစိုဓာတ်ဖြည့်ပေးခြင်း၊

- အသားလောင်ခြင်း၊ နှင်းခူ၊ သွေးထွက်၊ ပြည့်တည်နာ Ulcer များ၊ မှိုကြောင့်ဖြစ်သော ရောဂါများကို ပျောက် ကင်းသက်သာခြင်း ဖြစ်မလာခြင်း၊

- သွေးလည်ပတ်မှုကိုတိုး၍ အရေပြားတစ်သျှူးများတွင် အောက်စီဂျင်ဓာတ်ကို တိုးစေခြင်းစသည့် ရလဒ်များဖြစ် စေသည်။ မည်သည့်အရေပြား၌မဆို ပြုလုပ်နိုင် သည်။ ဆဲလ်သေများကို ပယ်ရှားပြီး နူးညံ့သန့်ရှင်း၍ ရေဓာတ် အပြည့်ရှိသော အသားအရေကို ရရှိစေသည်။

- လိုအပ်သည်များကတော့
- ကြက်သွန်ဖြူ (၃) White clay စားပွဲဇွန်း (၂) ဇွန်း (၂၀) ဂရမ်၊ ပျားရည်စားပွဲဇွန်း (၃) ဇွန်း၊ နှင်းဆီရည်၊ (မိမိလိုသလောက်)
- ပထမဆုံးကြက်သွန်ဥများကို ထောင်းပါ။ စေးပြီး အရည်ထွက်လာ သည့်အဖတ်များဖြစ်သည်အထိ ထောင်း ပါ။

- ပန်းကန်လုံး (၁) လုံးထဲတွင် White clay ၊ ပျားရည် ထည့်၍ ရောပါ။
- နှင်းဆီရည်ထည့်ပြီး အနည်းငယ်ရေ ဓာတ်ရပြီး cream ဖြစ်လာအောင် လုပ်ရပါမည်။

- ညအချိန် မိတ်ကပ်ဖျက်ထားသော မျက်နှာပေါ်၌ ပါးပါးလိမ်းပါ။

- မျက်လုံးစပ်ခြင်းမဖြစ်စေရန် သတိထားလိမ်းပါ။

- မျက်နှာတွင်သာမက လည်တိုင်နှင့် ယင်းပတ်ဝန်းကျင်ကို လိမ်းနိုင်သည်။

- (၁၅-၂၀) မိနစ်ထားပါ။ ရေအေးနှင့် စင်အောင်ဆေးပြီး moisturizer အနည်းငယ်လိမ်းပါ။

- တပတ်လျှင် (၂-၃) ခါ ပြုလုပ်ပေးခြင်းဖြင့် ရလဒ် ကောင်းများကို ရရှိစေ မည်ဖြစ်သည်။

TKD
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ