အရိုးပွရောဂါအတွက်သုံးတဲ့ ဆေးက တင်ပဆုံးရိုးကျိုးနိုင်ခြေများ


''Prednisolone" ကဲ့သို့ steroid ဆေးတွေကို အရောင်ကျဖို့ အတွက် အသုံးပြုနေကြတဲ့ လူကြီး ပိုင်းတွေမှာ ''Alendronate" လို့ခေါ်တဲ့ အရိုးပွရောဂါအတွက် အသုံးပြု တဲ့ဆေးများနဲ့ တွဲဖက် အသုံးပြု၍ ကုသခြင်းဟာ တင်ပဆုံ ရိုးကျိုးနိုင်ခြေကို လျော့ကျစေပါတယ် လို့ တွေ့ရှိမှုအသစ်တွေအရ သိရှိရပါ တယ်။

ရောင်ရမ်းတာတွေ လျော့ကျ စေဖို့ အတွက် steroid ပေးပြီး ကုသကြပေမဲ့လည်း အဆိုပါနည်း လမ်းဖြင့် ကုသခြင်းဟာ အရိုးထိခိုက် နိုင်ချေများပြီး အရိုးကျိုးနိုင်ချေလည်း မြင့်မားတာကို တွေ့ရပါတယ်။ ဆွီဒင်နိုင်ငံ ရိသင်ဘတ်တက္ကသိုလ်မှ သုတေသီတွေဟာ ''Prednisolone" အနည်းဆုံးသုံးလ တိုက်ပြီး "Alendronate" ပေးကာ ကုသတဲ့လူနာ (၁၈၁၂) ယောက်နဲ့ "Alendronate" အသုံးမပြုတဲ့လူနာ (၁၈၀၂) ယောက် ကို နှိုင်းယှဉ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

လူနာတွေရဲ့ ပျမ်းမျှအသက် ဟာ (၈၀) ၀န်းကျင်ဖြစ်ပြီး (၇၀) ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ တစ်နှစ်နဲ့သုံးလအကြာ လေ့လာမှုအပြီးမှာတော့ "Alendronate" ပေးတဲ့အုပ်စုမှာ လူနာ (၂၇) ယောက်ဟာ တင်ပဆုံရိုး ကျိုးခြင်းနဲ့ ကြုံတွေ့ရပြီး "Alendronate" မသုံးတဲ့ အုပ်စုမှာ တော့ (၇၃) ယောက်ဟာ တင်ပဆုံ ရိုးကျိုး ခြင်းနဲ့ တွေ့ကြုံခဲ့ရပါတယ်။ လေ့လာ ဆန်းစစ်ချက်တွေအရ ညွှန်ပြနေတဲ့ အချက်ကတော့ နှစ်နှစ်နဲ့ ကိုးလ အကြာ "Alendronate" ပေး၍ ကုသခြင်းဟာ တင်ပဆုံရိုးကျိုးနိုင် ခြေတော်တော်များများ လျော့နည်း သွားတယ်ဆိုတာပါပဲ။

ဝသန်
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ