ရေမှာပျော်ဝင်တဲ့ သက်စောင့်ဓာတ်များ

ဗီတာမင်ဘီဝမ်းဓာတ်

ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်များအတွက် လိုအပ်တဲ့ဓာတ်ဖြစ်တယ်။ ထို့ပြင် အစာကြေဖို့နဲ့ နှလုံးသားအကြောများ သန်မာကောင်းမွန်စေဖို့ အားပေးတယ်။ ဘီဝမ်းချို့ယွင်းရင် ဆုံနာစို၊ ဆုံနာခြောက်ဖြစ်ခြင်း၊ အကြောများ အင်အားလျော့၍ ခြေ၊လက် မသယ်ချင်ဖြစ်ခြင်း၊ နှလုံးတုန်မောပန်းခြင်း၊ အစာမကြေခြင်း၊ ဖောရောင်ခြင်း၊ ကလေးများ တက်ခြင်းတို့ဖြစ်ပြီး အတက်ကြမ်းပါက ရုတ်တရက် သေဆုံးတတ်သည်။ ဘီဝမ်းဓာတ်ဟာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးသူငယ်များအတွက် လိုအပ်တဲ့ ဓာတ်ဖြစ်တယ်။ ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့ အစာတွေက မောင်းထောင်း ဆန်၊ ပြုတ်ဆန်၊ ဆန်လုံးညို၊ပဲ၊ အသား၊ အသည်းနဲ့ ဥတို့ဖြစ်တယ်။

ဗီတာမင်ဘီတူး

ယင်းဓာတ်ဟာ ခန္ဓာကိုယ်အတွင်း အင်ဇိုင်းများ ပါဝင်တယ်။ အင်ဇိုင်းများဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်အတွက် အဓိကလိုအပ်သော ဗီတာမင်ဘီတူးဟာ အရေးကြီးလိုအပ်တယ်။ ကျီးကန်း ပါးစပ်နာဖြစ်ခြင်း၊ နှာခေါင်းအရေပြား လန်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ သွေးကြောရောင်ခြင်း၊ မျက်သားနီခြင်း၊ မျက်နှာမှာ တင်းတိပ်များ ပေါ်ခြင်းတို့ ဖြစ်တတ် တယ်။ ဘီတူးကြွယ်ဝတဲ့ အစားအစာတွေက နို့၊ ကြက်ဥ၊ အသား၊ အသည်း၊ ပဲပင်ပေါက်၊ ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး တို့ဖြစ်တယ်။

ဗီတာမင်ဘီသရီး

ဗီတာမင်ဘီသရီး နိုင်ယာစင်ဓာတ်ဟာ ကစီဓာတ်ကို အစာကြေညက်စေဖို့ ဘီတာမင် ဘီဝမ်းကိုပါ ကူညီတဲ့ဓာတ် ဖြစ်တယ်။ ဘီသရီးချို့တဲ့ရင် အစာမကြေခြင်း၊ ဝမ်းလျှောခြင်း၊ လျှာများနီပြီးကွဲခြင်း၊ ဦးနှောက်မကြည်လင်၊ ထိုင်းမှိုင်းခြင်း၊ ရူးသွပ်ခြင်း၊ နေရောင်ထိတဲ့ အရေပြားပေါ်မှာ အနာဖြစ်တတ်တယ်။ ပြောင်း၊လူး၊ ဆပ်မှာ ယင်းဓာတ် ချို့တဲ့လို့ ဖြည့်စွက်အားဆေး သောက်သင့်တယ်။

ဗီတာမင်စီ

ဗီတာမင်စီဟာ အသား၊ အရေပြား၊ သွားနဲ့အရိုးများ ကောင်းစွာဖြစ်ထွန်းဖို့ အထောက်အကူပြုတယ်။ အအေးမိခြင်း ကို သက်သာစေပြီး အနာများ အကျက်မြန်စေတယ်။

ဗီတာမင်စီချို့တဲ့ရင်

သွားဖုံးရောင်ရမ်း၍ သွေးယိုစိမ့်ထွက်ခြင်း၊ သွားများနဲ့၍ ပိုးစားခြင်း၊ အရိုးကျိုးထွက်ခြင်း၊ သွေးအားနည်းခြင်း၊ အစား အသောက်ပျက်ခြင်း၊ ကြွက်သားများပျော့ခြင်း၊ အရေပြားခွံ သွေးခြည်ဥခြင်းနဲ့ အရိုးအဆစ် နာခြင်းတို့ဖြစ်တယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာများမှာ စိမ်းလန်းတဲ့ ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်း အသီးအရွက်၊ ဆီးဖြူသီး၊ သံပရာသီး၊ လိမ္မော်သီး၊ သီဟိုဠ်သီး၊ မာလကာသီး၊ ကန်စွန်းရွက်၊ ဒန့်သလွန်ရွက် တို့ဖြစ်တယ်။ မီးအပူပေးရင် ပျက်စီးတတ်လို့ အသီးအရွက်များကို အစိမ်းစားခြင်းက ပိုကောင်းတယ်။

သတ္တုဓာတ်များ

ထုံးဓာတ်နဲ့ သံဓာတ်တို့ဟာ ခန္ဓာကိုယ် တည်ဆောင်မှုနဲ့ ကျန်းမာရေး အထူးအရေးကြီးတယ်။ ထုံးဓာတ်ဟာ ကြွက်သားလှုပ်ရှားမှု၊ နှလုံးကြွက်သားများ မှန်ကန်စွာလှုပ်ရှားမှု၊ အာရုံကြောများ လှုပ်ရှားမှုနဲ့ သွေးတိတ်စေဖို့ ကူညီ တယ်။ အရိုးနဲ့သွားများ တည်ဆောက်ခိုင်မာဖို့ အထူးလိုအပ်တယ်။ ထုံးဓာတ်ချို့တဲ့ရင် နှလုံးခုံမမှန်ခြင်း၊ ကြွက် တက်ခြင်း၊ သွေးတိတ်ရန် ကြန့်ကြာခြင်းတို့ ဖြစ်တတ်တယ်။ ထုံးဓာတ် ကြွယ်ဝတဲ့ အစာတွေက အသား၊ နို့၊ ငါးကလေးခြောက၊် ပုဇွန်ခြောက်၊ ငါးပိတို့ဖြစ်တယ်။

သံဓာတ်၊ သံဓာတ်ချို့တဲ့ရင်

သွေးအားနည်းရောဂါ၊ ခြေလက်မလှုပ်နိုင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ လက်သည်း၊ ခြေသည်း ကြီး၍ အလယ်ခွက်ခြင်း ဖြစ်တတ်တယ်။သံဓာတ်ကြွယ်ဝတဲ့ အစားအစာမှာ ဥ၊ အသည်း ၊ အစေ့၊ ဒန့်သလွန်ရွက်၊ ဟင်းနုနယ်ရွက်၊ ပိန်းဥ၊ ကန်စွန်းရွက်တို့ ပါဝင်တယ်။

အိုင်အိုဒင်းဓာတ်

အိုင်အိုဒင်းဓာတ်ဟာ လည်ပင်းကြီးရောဂါ၊ မျက်လုံးပြူးလာခြင်း ဖြစ်စေတယ်။ ရူးသွပ်ပြီး စိတ်ဖောက်ပြန်တတ် တယ်။ ပင်လယ်ငါး အမျိုးမျိုး၊ ပင်လယ်ရေမှော်၊ ကျောက်ပွင့်မှာ အိုင်အိုဒင်း ကြွယ်ဝတယ်။

ရေဓာတ်

ရေဓာတ်ဟာ အရေးပါပြီး ရေဓာတ်နည်းရင် ကြွက်တက်ကာ သေတဲ့အထိ ဖြစ်စေတယ်။ ဒါကြောင့် ရေများများ သောက်သင့်ပါတယ်။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ