သံဓာတ်ချို့တဲ့ခြင်းကိုဖော်ပြတဲ့ လက္ခဏာ (၉)ရပ်


 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ ၃၀ရာခိုင်နှုန်းကျော်ဟာ သွေးအားနည်း မှု ကြုံတွေ့နေရကြပြီး၊ အများစုမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အသက်(၁၉)မှ (၅၀)အရွယ် အမျိုးသားတွေအတွက် နေ့စဉ် သံဓာတ် ၈ မီလီဂရမ်လိုအပ်ပြီး၊ အမျိုးသမီးတွေအတွက် ၁၈ မီလီဂရမ်လိုအပ်ကာ ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာတော့ ၄င်းပမာဏထက်ပိုပြီး လိုအပ် တဲ့အပြင်၊ ကိုယ်ဝန်ဆောင်များအတွက် ၂၇ မီလီဂရမ်လိုအပ်ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့ (NHI) ဖော်ပြချက်အရ သိရပါ တယ်။

          သံဓာတ်ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်ရှိ တစ်ရှုးများဆီသို့ အဆုတ်မှအောက်စီဂျင် သယ်ဆောင် ပေးသော ပရိုတိန်းဓာတ်ဖြစ်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုပမာဏ မလုံလောက်ဖြစ်လာပါတယ်။ ဒါကြောင့် မောပန်းအားအင်ကုန်ခမ်းခြင်း၊ စွမ်းအင်မရှိခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။ ပျမ်းမျှ အမျိုးသမီး ၁၀ဦးခန့်မှာ ၆ဦးခန့်က သံဓာတ်ချို့တဲ့လေ့ရှိကြပြီး၊ သံဓာတ်ချို့တဲ့ခြင်း ရှိ၊ မရှိ ၊ မိမိကျန်းမာရေးအခြေအနေကို အောက်ပါလက္ခဏာ(၉)ရပ်တို့နဲ့ စမ်းစစ်နိုင်ပါ တယ်။

အလွန်အမင်းမောပန်းခြင်း
          ခန္ဓာကိုယ်သံဓာတ်ကို အသုံးပြုပြီး သွေးကလာပ်စည်းဆဲလ်များထဲရှိ အောက်စီဂျင်ကို သယ်ယူပေးတဲ့  သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့လာတဲ့အခါမှာ ကျန်းမာ သန် စွမ်းတဲ့ သွေးဆဲလ်တွေ အလုံအလောက်မရှိတော့ဘဲ အလွန်အမင်း မောပန်းနွမ်းနယ်လာပါတော့တယ်။

အာရုံစူးစိုက်မရခြင်း
          သံဓာတ်ချို့တဲ့လာတဲ့အခါ အာရုံခံအင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် ပုံမှန်လုပ်နေကျ အလုပ်တွေမှာတောင်  စိတ်အာရုံစူးစိုက်မရတော့ဘဲ တက်တက်ကြွကြွမရှိ စွမ်းဆောင်ရည်တွေ တဖြည်း ဖြည်း ကျဆင်းလာပါတယ်။

စိတ်ဝင်စားမှုမရှိခြင်း
          သံဓာတ်ချို့တဲ့လာတာကြောင့် အာရုံခံအဖွဲ့အစည်းတွေကို ထိခိုက်စေရုံမျှသာမက စိတ်နှလုံး နောက်ကျိလာကာ မိမိရဲ့မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ယခင်လို စိတ်ဝင် စားမှုမရှိတော့ဘဲ တစ်ယောက်တည်း ဖာသိဖာသာနေလိုစိတ်ပြင်းပြနေတတ်ပါတယ်။

အသက်ရှုကြပ်ခြင်း
          သွေးထဲမှာသံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်ကအောက်စီဂျင်ကို အလွန်အမင်း တောင်းတလာပြီး အသက်ရှုမ၀မွန်းကြပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန်အားကစား လေ့ကျင့်ခန်း လုပ်တဲ့ အခါတွေ ပုံမှန်လမ်းလျှောက်တဲ့အခါတွေမှာ သိသိသာသာအသက်ရှုမ၀ခြင်းဟာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း
          နှုတ်ခမ်းသား၊ လက်ဖ၀ါး၊ အောက်မျက်ခမ်းအတွင်းသားတွေမှာ ယခင်နဲ့မတူ ဖြူစုတ်လာခြင်း၊ လက်ဖ၀ါး၊ ခြေဖ၀ါးတွေအေးစက်ကာမျက်နှာနဲ့အသားအရေတွေ ဖြူဖတ်ဖြူရော်ဖြစ်လာခြင်းကလည်းသွေးနီ ဥ ပမာဏတွေကျဆင်းလာတာကြောင့် သွေးမလျှောက်နိုင်တော့ပါဘူး။

ကြွက်သားတွေနာကျင်ခြင်း
          ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်တွေအားနည်းလာတာကြောင့် ကြွက်သားတွေပျော့အိလျော့ရဲ လာပြီး တော်ရုံတန်ရုံဖိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ အသားတွေနာကျင်လာပါတယ်။

ခြေသည်း၊ လက်သည်း၊ ကွဲထွက်ခြင်း
          ခြေသည်း၊ လက်သည်းအစပ်နားတွေ သူ့အလိုလိုတစ်စစီကွဲထွက်ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခတစ်ရပ်ဖြစ်ပါတယ်။ အချို့သူတွေမှာ လက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ ဇွန်း သဏ္ဍာန် အတွင်းပိုင်းကို ချိုင့်ခွက်ဝင်နေကြပါတယ်။

မကြာခဏဖျားနာခြင်း
          အသက်ရှုလမ်းကြောင်းမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသော ရာသီဖျားတွေကို မကြာခဏကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံတန်ရုံအအေးခံရုံမျှနှင့် နှာခေါင်းပိတ်ခြင်းတို့ကလည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ပါပဲ။

ပန်းရောင်(သို့မဟုတ်) အနီရောင်ဆီးသွားခြင်း
          သွေးဆုံးပြီးအမျိုးသမီးကြီးတွေ ၁၀ဦးမှာ ၂ဦးလောက်က ပန်းရောင်(သို့မဟုတ်) အနီရောင်ဆီးသွား တတ်ပါတယ်။ တစ်ချို့အမျိုးသမီးကြီးတွေက လက်ဖက်ရည်ကြမ်းကျကျကဲ့သို့ နီညိုရောင်ဆီးသွားတတ်ပါ တယ်။ အကယ်၍ အနီရောင်ခြယ်စတော်ဘယ်ရီသီးတွေ၊ beet root (ခေါ်)သကြား၊ မုန်လာဥ(ခေါ်) သွေးနီ ရောင်အရည်ရွှမ်းတဲ့ မုန်လာဥနီအလုံးတွေကိုမစားဖြစ်ဘဲ ဆီးအရောင်ကသူ့အလိုလိုပြောင်းသွားခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

သံဓာတ်ဖြည့်တင်းပေးတဲ့ အစားအစာများ
အမဲအသည်းမှာ သံဓာတ်ပမာဏ ၅.၈ မီလီဂရမ်အထိ အပြည့်အ၀ပါရှိပြီး၊ ကျန်းမာရေးကိုထိခိုက် စေမယ့် အဆီနဲ့ကယ်လိုရီတွေပါဝင်မှု လွန်စွာနည်းပါးပါတယ်။
အမဲသား(မိုးခိုသား)ထဲမှာ သံဓာတ်ပမာဏ၂.၉မီလီဂရမ်ပါရှိတဲ့အပြင် ကျန်းမာရေးကို အထောက် အကူဖြစ်စေတဲ့ ပရိုတင်း၊ ဗီတာမင် ဘီ6၊ ဗီတာမင်စီနဲ့ ဗီတာမင်ဒီတို့ကြွယ်ဝစွာပါရှိပါတယ်။
အမဲသားမှာ သံဓာတ်ပမာဏ ၁.၈မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့ ကိုလက်စထ ရောတွေ ကျအောင်ပံ့ပိုးပေးပါတယ်။

ကြက်(ရင်ပုံသား)ထဲမှာ သံဓာတ်ပမာဏ ၁.၈မီလီဂရမ်ပါရှိနေလို့ ခြေလေးချောင်းသား မစားသူများ အဖို့ သံဓာတ်အားဖြည့်စာအဖြစ် ကြက်(ရင်ပုံသား) စားပေးသင့်ပါတယ်။ (အရေခွံမစားပါနဲ့)
ဆဲလ်မွန်ငါးထဲမှာ သံဓာတ်ပမာဏ ၀.၇မီလီဂရမ်ပါရှိပြီး ၊ အိုမီဂါ ၃ဖက်တီးအက်စစ်တွေ ပါရှိနေတာ ကြောင့် သွေးခဲပိတ်ဆို့ခြင်းနဲ့ လေဖြတ်ခြင်းတွေမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
ရွှေဖရုံသီးအစေ့ထဲမှာ သံဓာတ်ပမာဏ ၄.၂မီလီဂရမ်ပါရှိပြီး ကျောက်ကပ်တည်ခြင်းမှလည်း ကာကွယ် ပေးပါတယ်။

ချောကလက်အနက်ရောင်ထဲမှ သံဓာတ်ပမာဏ ၄.၁မီလီဂရမ်ပါရှိပြီး၊ သွေးထဲက ကိုလက်စထရော တွေကိုချပေးကာ သွေးအားနည်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။
စမုန်ဖြူ(အခြောက်)ထဲမှာ သံဓာတ်ပမာဏ ၃.၇မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာ မင်စီ တို့ပါရှိတဲ့အပြင် ခန္ဓာကိုယ်ကိုဘေးဥပါသ်ဖြစ်စေတဲ့ ကိုလက်စထရောလုံးဝမပါရှိပါဘူး။
သကာရည်ထဲမှာ သံဓာတ်ပမာဏ၃.၅မီလီဂရမ်ပါရှိတဲ့အပြင် ကယ်လ်စီယမ်ဓာတ်တွေ အပြည့်အ၀ ပါရှိပါတယ်။

ဆီးသီးခြောက်ထဲမှာ သံဓာတ်ပမာဏ ၃.၆ မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု beta carotene, အမျှင်ဓာတ်နဲ့အခြား အာဟာရဓာတ်တွေ ပါရှိနေပါတယ်။
ပဲနီကလေးထဲမှာ သံဓာတ်ပမာဏ ၃.၃ မီလီဂရမ်ပါရှိပြီး၊ မပျော်ဝင်လွယ်သော အမျှင်ဓာတ်တွေ ပါရှိနေ တာကြောင့် ဆာလောင်မွတ်သိပ်မှု မဖြစ်စေတော့ဘဲ အဆာခံစေပါတယ်။
အာလူး(ကြီးကြီး)တွေထဲမှာ သံဓာတ်ပမာဏ ၃.၂ မီလီဂရမ်ပါရှိပြီး အာဟာရသိဒ္ဓိပြည့်ဝစေတဲ့ အစာဖြစ် ပါတယ်။

ဟင်းနုနွယ်ပင်ထဲမှာ သံဓာတ်ပမာဏ ၃.၂ မီလီဂရမ်ပါရှိပြီး ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တား ပေးနိုင်စွမ်းရှိပါတယ်။
ပဲက္ကတီပါထဲမှာ သံဓာတ်ပမာဏ ၂.၆မီလီဂရမ်ပါရှိပြီး ခွန်အားတိုးပွားစေတဲ့အပြင် နှလုံးရော ဂါဖြစ်နိုင်ခြေ နည်းပါးအောင် ကူညီပေးပါတယ်။

တို့ဟူးထဲမှာ သံဓာတ်ပမာဏ ၂.၀ မီလီဂရမ်ပါရှိပြီး၊ အာဟာရဓာတ်ပြည့်ဝတာကြောင့် သက်သက် လွတ်စားသူတွေ မှီဝဲသင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပဲထောပတ်ထဲမှ သံဓာတ်ပမာဏ ၁.၈ မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု သတ္တုဓာတ်တွေနှင့် အင်ဇိုင်းတွေ ကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။

ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်းထဲမှာ သံဓာတ်ပမာဏ ၁.၂မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်တွေ အမြောက် အမြားပါရှိတာကြောင့် အူမကြီးနှင့်အစာအိမ်ကင်ဆာတို့ကို မဖြစ်စေအောင် ဟန့်တားပေး ပါတယ်။

ကိုးကား…. Women’s Health
ပေါက်ပေါက်
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ