ရှားပါးမျိုးရိုးဗီဇရောဂါစုတွင် ဖြစ်ပွားလေ့ရှိသော သွားဖုံးသွားခြေ ရောင်ရမ်းမှုအခြေအနေ


Chediak-Higashi Syndrome ဆိုတဲ့ရောဂါစုကတော့ ရှားပါးတဲ့မျိုးရိုးဗီဇကြောင့် ဖြစ်ပွားသောရောဂါစု တစ်မျိုးဖြစ်ပါတယ်။ ၎င်းင်းရောဂါစုက ပရိုတင်းတွေကို ထုတ်ပိုးပြီး ဆဲလ်များကြား ပို့ဆောင် ပေးရာမှာ အရေးကြီးတဲ့ lysasomal trafficking regulator gene (LYST) ဗီဇမှာ ပြောင်းလဲမှုတွေဖြစ် ပွားသွားတဲ့အတွက် ဖြစ်ပေါ်လာရ ခြင်းဖြစ်ပေါ်တယ်။

 ရောဂါလက္ခဏာ တွေအနေနဲ့ သမင်ဖြူကဲ့သို့ မျက်လုံး၊ အရေပြားနဲ့ ဆံပင်တွေဖြူခြင်း၊ မူမ မှန်သွေးထွက်ခြင်း၊ မကြာခဏ ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း၊ ခုခံအားစနစ် ပျက်စီးလာခြင်း၊ ဦးနှောက် အာရုံကြောဆိုင်ရာ ပြဿနာတွေအပြင် အပြင်းအထန် သွားဖုံးသွားခြေ ရောင်ရမ်းခြင်းတွေ ဖြစ်တတ်ပါတယ်။ ယင်း Chediak- Higashi ရောဂါစုမှာ ကြုံရလေ့ရှိတဲ့ ပြင်းထန်သွားဖုံးသွားခြေရောင်ရမ်းခြင်းနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင် ရာနှင့် အမေရိကန်သွားဖက်ဆိုင်ရာ သုတေသနအဖွဲ့အစည်း (IADR/ AADR) မှ Chediak- Higashi ရောဂါစုမှ ပြင်းထန်သွားဖုံးသွားခြေ ရောင်ရမ်းခြင်းမှာ ရောင်ရမ်းခြင်း ဆိုင်းရာ ခုခံအားစနစ်ရဲ့ တုန့်ပြန်ပုံ ပြောင်းလဲလာခြင်းကြောင့်ဖြစ်တယ် ဆိုတဲ့ခေါင်းစဉ်နဲ့ ပုံနှိပ်ဖော်ပြခဲ့ပါ တယ်။ ပြီးခဲ့တဲ့ သုတေသနမှာ LYST ဗီဇပြောင်းလဲခြင်းက tdl- like receptors (TLRs) လက်ခံ ပစ္စည်းအပေါ် သက်ရောက်စေပြီး မကြာခဏ ဘက်တီးရီးယားပိုး ကူး စက်ခံရခြင်းကို ဖြစ်စေတယ်လို့ တွေ့ ခဲ့ကြပါတယ်။ TLR လက်ခံပစ္စည်းရဲ့ တာဝန်က ခန္ဓာကိုယ်မှာ ဘက်တီး ရီးယားများဝင်ရောက်မှုကို အာရုံခံ ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။
ယခုသုတေသနမှာ Chediak- Higashi ရောဂါစုဖြစ်ပွားနေသော လူနာအမျိုးမျိုးရဲ့ သွားဖုံးသွားခြေ အခြေအနေကို လေ့လာတဲ့ သုတေသနဖြစ်ပါတယ်။ ဒါ့အပြင် သုတေသီတွေက LYST ဗီဇပြောင်း လဲမှုကြောင့် TLR-2 နဲ့ TLR-4 လက်ခံတွေအပေါ် သက်ရောက်မှုကို လည်း စစ်ဆေးခဲ့ပါတယ်။အကြောင်း ကတော့ CHS ရောဂါစုဝေဒနာရှင် တွေမှာ သွားခြေသွားဖုံးရောင်ရမ်း ခြင်းရဲ့ အကြောင်းကတော့ သွားဖုံးရဲ့ ခုခံအားစနစ်နဲ့ ရောင်ရမ်းမှုကို ထိန်း ချုပ်ထားတဲ့ gingival fibroblasts ရဲ့ လုပ်ငန်းစဉ်ကို TLR-2 နဲ့ TUR-4 တို့က သက်ရောက်စေတဲ့ အတွက် ဖြစ်ပါတယ်။ Gingival Fibroblasls တွေက သွားဖုံးတစ်သျှူး တွေကို ကူညီပေးပြီး၊ ဆဲလ်များကြား ဆက်သွယ်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ Cytokines နဲ့ အခြား မော်လီကျူးတွေကို ထုတ်ပေးပါ တယ်။ စံကုထုံးစနစ်မှာ သမားရိုးကျ CHS ရောဂါစုဝေဒနာရှင်အားလုံးကို ရိုး တွင်းချဉ်စီအစားထိုးကုသမှု လုပ် ဆောင်ရပါတယ်။ ရောဂါမရှိတဲ့ လူကောင်းတွေနဲ့ နှိုင်းယှဉ်တဲ့အခါ CHS ဝေဒနာရှင်တွေမှာ နာတာရှည် သွားဖုံးသွားခြေ ရောင်ရမ်းခြင်းတွေ၊ သွားနှဲ့တာတွေနဲ့ အရွယ်မတိုင်မှီ သွားကျွတ်တာတွေကြုံရတာ သတိ ထားမိခဲ့ကြပါတယ်။ ကျန်းမာသူတွေ နဲ့ CHS ဝေဒနာရှင်တွေရဲ့ Gingival fibroblasts တွေကို နှိုင်း ယှဉ်ကြည့်တဲ့အခါ CHS ဝေဒနာရှင် တွေမှာ TLR-2 တွေများနေပြီး TLR-4 တွေနည်းနေတာကို တွေ့ခဲ့ ရပါတယ်။ ယင်းဝေဒနာရှင်တွေမှာ သွားခြေရောင်ရမ်းမှုကို ဖြစ်စေတဲ့ Fusobacterium nucleatum ကတဆင့် ထုတ်လုပ်ထားတဲ့ပစ္စည်းနဲ့ ကုသလိုက်တဲ့အခါ မကုသတဲ့ဆဲလ် တွေထက် TLR-2 နဲ့ TLR-4 တွေ ထုတ်လုပ်မှု ပိုနည်းသွားတာကို တွေ့ ခဲ့ရပါတယ်။

သုတေသီတွေရဲ့ တွေ့ရှိ ချက်အရ F.nucleatum extract နဲ့ တွေ့တဲ့အခါ သမားရိုးကျမဟုတ် CHS ဝေဒနာရှင်တွေရဲ့ gingival fibroblast ဆဲလ်တွေက သမားရိုးကျ CHS ဝေဒနာရှင်တွေထက် cytokine တွေ ပိုထုတ်တာ တွေ့ခဲ့ရ ပါတယ်။ ဒါကြောင့် LYST ဗီဇ ပြောင်းလဲမှုက TLR-2 နဲ့ TLR-4 ထုတ်လုပ်မှုနဲ့ ဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိစေပြီး၊ ခုခံတိုက် ထုတ် ရောင်ရမ်းမှုစနစ် တုန့်ပြန်မှု တွင် တလွဲတချော်တွေဖြစ်စေပြီး သွားခြေ သွားဖုံးရောင်ရမ်းမှုတွေကို ပိုဆိုးစေတယ်လို့ ကောက်ချက်ချခဲ့ပါ တယ်။

 ယခုတွေ့ရှိမှုက ကုသရေးနှင့် သုတေသနနယ်ပယ်မှ ပညာရှင်တွေ ကို CHS ဝေဒနာရှင်တိုင်း ပြင်းထန်
သွားဖုံးသွားခြေရောင်ရမ်းမှုဖြစ်စေ တာမဟုတ်တာကို သတိပြုမိစေနိုင် ပါတယ်။ ဒါ့အပြင် CHS ဝေဒနာရှင် တွေမှာ သွားခြေသွားမြစ် ရောင်ရမ်း ခြင်းက သွေးဆဲလ် (haemopoietic cells) တွေအပေါ် မူတည်ပြီး ဖြစ် ပွားတာဖြစ်တဲ့အတွက် သမားရိုးကျ CHS ဝေဒနာရှင်တွေမှာ ရိုးတွင်း ချဉ်စီအစားထိုးကုသမှုခံယူထားသူ တွေနဲ့ သမားရိုးကျမဟုတ်သော CHS ဝေဒနာရှင်တွေမှာ ဖြစ်ပွား နိုင်ခြေ ပိုနည်းပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ