ဆောင်းရာသီမှာ ရှောင်စရာ နှုတ်ခမ်းနီရဲရဲပါ


ချမ်းအေးလွန်းတဲ့ဆောင်းရာသီရောက် ရင် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူ တွေမှာ သိသိ သာသာနှုတ်ခမ်း အသားပပ် လေ့ရှိကြပါတယ် ။ တချို့ကတော့နှုတ်ခမ်း သားတွေ ကွဲအက်နာကျင်သွေးထွက်နေ တာကြောင့် အားရပါးရတောင် မပြုံးနိုင် မရီ(ရယ်)နိုင်ကြရှာပါဘူး။
အထူးသဖြင့် အောက်နှုတ်ခမ်းလွှာမှာ ခြောက်သွေ့အဖတ်လန်နေတတ်ပြီး အရေ ပြားတင်းနေတာကြောင့်လည်း ခံစားမှု သက်သာစေရန်အတွက် လျှာဖြင့်ပွတ်၍ တံတွေးဆွတ်ကြပါတယ်။ ဒီနည်းက အင်မတန်မှားယွင်းတယ်။ နှုတ်ခမ်းကို တံတွေးဆွတ်လိုက်တဲ့အခါ ခဏတာမျှ သက်သောင့်သက်သာဖြစ်သွားသလို ထင်ရသော်လည်းပဲ အသက်ရှူထုတ်ရှူ သွင်းလိုက်တဲ့အခါဖြစ်စေ၊ ဆောင်းလေ အေးအေး တိုက်ခတ်လိုက်တဲ့အခါဖြစ်စေ နှုတ်ခမ်းသားပေါ်က တံတွေးက ၄င်းလေ ဖြင့်မိတ်ဆက်ကာအရေပြားကိုပို၍ခြောက် သွေ့ဆိုးရွားသွားစေပါတော့တယ်။


ပျမ်းမျှ အမျိုးသမီး ၁ဝ ဦးတွင် ကိုး ဦးခန့်က နှုတ်ခမ်းဆိုးဆေးသုံးလေ့ရှိကြ ပါတယ်။ မိတ်ကပ်တို့ဖြင့် မှုန်နံ့သာခြယ် ကာသထားပေမယ့် နှုတ်ခမ်းဆိုးဆေး မဆိုးရသေးရင်တော့ ပြီးပြည့်စုံတဲ့လှ တစ်မျက်နှာမဖြစ်သေးဘူးဟု အမျိုးသမီး အားလုံးနီးပါးက လက်ခံထားကြပါ တယ်။

အရေးတကြီးကိစ္စတစ်ခုခုကြောင့် အပြင်ထွက်ရမယ်ဆိုရင်တောင် မိတ်ကပ် မပါရင်နေပါစေ မျက်နှာအရောင်ထွက် စေဖို့အတွက် နှုတ်ခမ်းဆိုးဆေးကိုတော့ သတိတရသုံးလေ့ရှိကြပါတယ်။ နှုတ် ခမ်းဆိုးဆေးက အလှအပကို ကူညီပံ့ပိုး ပေးရုံသာမက ရံဖန်ရံခါ စိတ်ဖိစီးမှုတွေ နဲ့ စိတ်ဓာတ်ကျတဲ့အခါ နှုတ်ခမ်းဆိုး ဆေးရဲရဲဆိုးပြီး စိတ်ဓာတ်မြှင့်တင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာတယ်လို့ အမျိုးသမီးတော်တော်များများက ခံစား ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ဦးလျှင် အနည်းဆုံးနှုတ်ခမ်းဆိုးဆေး နှစ်ဘူး၊ သုံးဘူးထက်မနည်း ပိုင်ဆိုင် ထားကြပါတယ်။ တချို့မိန်းကလေးတွေ ကတော့ နှုတ်ခမ်းဆိုးဆေး ခရေစီဖြစ်ကြ ပြီး နှုတ်ခမ်းဆိုးဆေးတောင့် သို့မဟုတ်glossesသို့မဟုတ် stains စသဖြင့် ပစ္စည်းအမျိုးစုံ၊ တံဆိပ်စုံ၊ အရောင်စုံ နီးပါး သိမ်းဆည်းထားကြပါတယ်။


ဆောင်းရာသီမှာ ရှောင်စရာ နှုတ်ခမ်းနီ ရဲရဲပါ
နွေရာသီနှင့် မိုးရာသီတွေမှာ နှုတ် ခမ်းသားခြောက်သွေ့အက်ကွဲခြင်း ဖြစ် လေ့ဖြစ်ထမရှိကြပါဘူး။ ထိုရာသီဥတု တွေမှာ နှုတ်ခမ်းဆိုးဆေးရောင်စုံ သုံးစွဲ ခြင်းက ပြဿနာမရှိသော်လည်း ချမ်း အေးလွန်းတဲ့ ဆောင်းရာသီမှာတော့ နှုတ် ခမ်းနီရဲရဲ မသုံးသင့်ပါဘူး။ အဘယ် ကြောင့်ဆိုသော် နှုတ်ခမ်းဆိုးဆေးတွေကို ဖော်စပ်တဲ့အခါ အနည်းနှင့်အများဆိုသလို ခဲသတ္တုဓာတ်ပါဝင်လေ့ရှိကြပြီး အနီ ရောင်ရဲရဲကဲ့သို့သော နှုတ်ခမ်းဆိုးဆေး အရောင်ရင့်လေ ခဲဓာတ်ပါဝင်မှုများလေပဲ ဖြစ်ပါတယ်။ ဆိုးဆေးအရောင်စွဲမြဲစေပြီး နှုတ်ခမ်းသားပေါ်မှာ တာရှည်ခံအောင် ခဲဓာတ်ကိုသုံးလေ့ရှိကြရာ၎င်းခဲဓာတ်များ က နှုတ်ခမ်း ကင်ဆာရောဂါဖြစ်စေတဲ့cinogen(ခေါ်) ဓာတုဗေဒပစ္စည်းဖြစ် ကြောင်း အနောက်နိုင်ငံမှ ဆေးဝါးကျွမ်း ကျင်သူ ဇီဝအနုစိတ်ပညာရှင်လည်းဖြစ် သောDr. Elizabeth Ayoub ဆိုသူက သတိပေးထားပါတယ်။
ဆောင်းရာသီ နှုတ်ခမ်းသားတွေ ခြောက်သွေ့အဖတ်လန်နေချိန်မှာနှုတ်ခမ်းနီ ရဲရဲ သုံးစွဲခြင်းက ခဲဓာတ်တွေနှုတ်ခမ်းအနာ ထဲသို့အလွယ်တကူဝင်ရောက်သွားတတ် တာကြောင့် အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် ဆောင်းရာသီရောက်ရင်-
* နှုတ်ခမ်းသားကို တံတွေးမဆွတ် ပါနှင့်။
* နှုတ်ခမ်းကို ရေဖြင့်တို့ပေးပါ။
*ခဲဓာတ်ပါဝင်မှုနည်းတဲ့ နှုတ်ခမ်း ဆိုးဆေးအရောင်ဖျော့ဖျော့ကိုသာ ရွေးချယ်ပါ။
*အဆီပါသော နှုတ်ခမ်းဆိုးဆေး ကိုသုံးပါ။
*အသုံးပြုတာကြာညောင်းနေပြီ ဖြစ်သော နှုတ်ခမ်းဆိုးဆေး အဟောင်းများကို စွန့်ပစ်ပါ။
*အရည်ပူပူများကို မသောက်ဘဲ အအေးခံ၍သောက်ပါ။
* ရေခဲရေကလည်း နှုတ်ခမ်းသား တွေခြောက်သွေ့စေ၍ဆင်ခြင်ပါ။
*ညအိပ်ရာဝင်ခါနီးတိုင်း အသား လှဆီ သို့မဟုတ် သကြားရည် သို့မဟုတ် နှင်းဆီရည်ဖြင့် နှုတ် ခမ်းနှစ်လွှာထဲသို့  စိမ့်ဝင်အောင် လိမ်းပေးပါ။ ဟနှင်းဆီရည်(ခေါ်)rose water ကို အလှကုန်ပစ္စည်း အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်'

ပေါက်ပေါက်
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ