ဘယ်အချိန်မှာ ကိုယ်ဝန်ရှိမရှိ ဘယ်လိုစစ်သင့်သလဲ


အမျိုးသမီး တစ်ယောက် ကိုယ်ဝန်ရှိမရှိစစ်ဖို့အတွက် ကိုယ်ဝန် ရှိမရှိ စစ်ကြည့်တဲ့နည်းလမ်းတွေရှိပါ တယ်။သွေးထဲမှာ သို့မဟုတ် ဆီးထဲ မှာ ကိုယ်ဝန်ရှိနေကြောင်း ညွှန်ပြတဲ့ ဒြပ်ပေါင်းကိုကြည့်ခြင်းဖြင့် သိရတဲ့ ကိုယ်ဝန်ရှိမရှိ စစ်ကြည့်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ဆီးထဲမှာ့ human chorionic gonadotropin (hCG) ဆိုတဲ့ ကိုယ်ဝန်ဆောင်ဟော်မုန်းဓာတ်ကိုကြည့်ပြီး ကိုယ်ဝန်ရှိမရှိ စစ် ရတဲ့နည်းလမ်းကို ဆီးစစ်ခြင်းဖြင့် ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း (Urine tests) လို့ခေါ်ပါတယ်။ ကိုယ်တိုင်
အိမ်မှာလဲစစ်လို့ရသလို ဆေးရုံဆေး ခန်းတွေမှာလဲ စစ်လို့ရပါတယ်။

 ဆီးစစ်တဲ့ကိရိယာအတံလေးနဲ့စစ်ကြည့်လို့ရသလို ဓာတ်ခွဲခန်းမှာ ဆီးထဲ အဲ့ဒီဟော်မုန်းလေးရှိမရှိ စစ်ကြည့်လို့ ရပါတယ်။ အိမ်မှာစစ်ကြည့်တဲ့အခါ ရလဒ်ကိုကြည့်ရတာ မြန်ဆန်ပြီးဓာတ် ခွဲခန်းမှာတော့ စောင့်ဆိုင်းချိန်လေး တော့ရှိပါတယ်။ သားအိမ်နံရံပေါ်ကို မျိုးအောင်ထားတဲ့ သားဥကလေး ကပ်တွယ်ပြီးဆိုတာနဲ့ အဲ့ဒီဟော်မုန်း လေးက စတင်သွေးထဲမှာ တွေ့ရှိနိုင် ပါပြီ။

သွေးထဲမှာ ကိုယ်ဝန်ဆောင်ဟော်မုန်းရှိမရှိကတော့ ဓာတ်ခွဲခန်း မှာပဲစစ်လို့ရပြီး အမျိုးအစားနှစ် ခုရှိ ပါတယ်။ ကိုယ်ဝန်ရှိနေလား မရှိဘူး လားကို ကိုယ်ဝန်ဆောင်ဟော်မုန်း ရှိနေ မရှိနေ ကိုကြည့်ပြီး ရလဒ်ထုတ် ပေးတဲ့ Qualitative hCG blood test အမျိုးအစားရှိသလို ကိုယ်ဝန် ဆောင်ဟော်မုန်း ပမာဏကိုတိုင်းတာပေးတဲ့ Quantitative hCG blood test အမျိုးအစားဆိုပြီးနှစ်မျိုးရှိပါတယ်။

ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက် အရွယ်အတွင်းရှိ မည်သည့် အမျိုး သမီးမဆို ကိုယ်ဝန်ရှိနေပြီလို့ ကိုယ့် ကိုကိုယ်ထင်နေရင် စစ်ကြည့်သင့် ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပြုလုပ်ထားတယ် ဆိုရင်လည်း ကိုယ်ဝန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ကိုယ်ဝန်ရခါစ လက္ခဏာတွေဖြစ်တဲ့ ရာသီထိမ်ခြင်း၊ ရင်သားများ နာကျင် ခြင်း၊ တင်းလာခြင်း၊ ပျို့အန်ခြင်း၊ ဆီးခဏခဏသွားခြင်းနှင့် ပျို့အန် ခြင်းများ ခံစားနေရရင်တော့ ကိုယ် ၀န်ရှိမရှိစစ်ဆေးသင့်ပါတယ်။

Dr A.Z
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ