ကျွမ်းကျင်ဝန်ထမ်းတွေလည်း အချို့အခြေအနေများတွင် အမှားအယွင်းပိုများနိုင်


ဘယ်အဖွဲ့အစည်းက လုပ်ငန်း ခွင်ထဲမှာ ကျွမ်းကျင်ဝန်ထမ်းတွေကို အလိုမရှိပဲနေပါလိမ့်မလဲ။ ဒါပေမဲ့ လူမှန်ရင် အမှားမကင်းဘူးဆိုတဲ့ အတိုင်း ကျွမ်းကျင်ဝန်ထမ်းတွေက လည်း အမှားတွေလုပ်နိုင်ပါတယ်။ သုတေသနတစ်ခုမှာတော့ ကျွမ်းကျင် သူတွေက အလုပ်ကို မြန်မြန်ဆန်ဆန် လုပ်ကိုင်တဲ့အတွက် အနှောင့်အယှက် မရှိဘူးဆိုရင်တော့ အမှားအယွင်း မရှိပေမဲ့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ရ တာကြောင့် လုပ်ငန်းစဉ်ကို ပြန်လည် စီစစ်နိုင်ခြေနည်းသွားပြီး ပြင်ပ အနှောက်အယှက် တစ်ခုခုကြောင့် စိတ်လွင့်ပါးခဲ့ရင်တော့ အမှားအယွင်း ပါနိုင်ခြေ ပိုများတယ်လို့ ဆိုခဲ့ပါ တယ်။

 ဥပမာအားဖြင့် ကျွမ်းကျင်ဝန် ထမ်းတွေအနေနဲ့ မိမိလုပ်ရမဲ့ အလုပ် ကို ဇယ်ဆက်သလို လုပ်ကိုင်သွားရင်း အကြောင်းတစ်ခုခုကြောင့် ခေတ္တရပ် နားပြီး အလုပ်ကိုပြန်စလုပ်ရင် ဘယ် ကစပြီး လုပ်ကိုင်ရမလဲဆိုတာေ၀၀ါး သွားတတ်ပါတယ်။ သူနာပြုဆရာမ တစ်ယောက်ဆိုပါစို့ ဆေးထိုးဖို့ အတွက် ပြင်ဆင်နေချိန်မှာ ကိစ္စ တစ်ခု ပေါ်လာလို့ သွားလုပ်ပြီးတဲ့ နောက်၊ ဆေးထိုးပြီးပြီးလား၊ မထိုးရ သေးဘူးလား၊ ဘယ်ဆေးတွေ ထိုးရ မှာလဲ စတာတွေက မှတ်ကိုမှတ်မိနေ ရမှာပါ။ ဒါပေမဲ့ သုတေသနအရ အတွေ့အကြုံပိုများတဲ့ သူနာပြုတွေ က အတွေ့အကြုံနည်းတဲ့ သူနာပြု တွေလောက် တိတိကျကျ မှတ်မိခြင်း မရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အတွေ့အကြုံပိုများတဲ့ သူနာပြုက ဝေဒနာရှင်တွေကို ဆေးထိုးပေးတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့အဆင့်တွေ ကို ပိုပြီး လျင်လျင်မြန်မြန်လုပ်ဆောင် နိုင်တာ တွေ့ရပါတယ်။

ဒါက ကျွမ်းကျင်သူနာပြုတွေ ကို ဆေးမထိုးခိုင်းရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အသိ၊ သတိမကပ်ပဲ၊ လုပ်ငန်းမှာ ကျွမ်းကျင်တာတစ်ခု တည်းဆိုရင် အမှားအယွင်းတွေ ပို များနိုင်တယ်လို့ ဆိုလိုတာပါဆိုပြီး မီချီဂန်ပြည်နယ် တက္ကသိုလ်က သုတေသီတွေက ဆိုခဲ့ပါတယ်။ သုတေသနအတွက် လူပေါင်း ၂၂၄ ဦးကို နှစ်ဖွဲ့ခွဲပြီး ကွန်ပျူတာနဲ့ ဆက် စပ်လုပ်ငန်းစဉ်တွေကို နှစ်ရက်ခွဲကာ လုပ်ဆောင်စေခဲ့ပါတယ်။ ပါဝင်သူ တွေကို ကွန်ပျူတာမှာ စာရိုက်နေစဉ် အကြောင်းအမျိုးမျိုးဖြင့် နှောင့်ယှက် ပြီး ပြန်စလုပ်တဲ့အခါ သူတို့နောက် ဆုံးလုပ်ကိုင်ခဲ့တဲ့ အဆင့်ကို မှတ်မိ၊ မမှတ်မိ စောင့်ကြည့်ခဲ့ပါတယ်။

ရလဒ်တွေအရ ပိုပြီး ကျွမ်းကျင်လေ နှောင့်ယှက်မှုကြုံပြီးတဲ့နောက် ပြန်စ တဲ့အခါ တိကျမှုမရှိလေဆိုတာကို တွေ့ခဲ့ရပါတယ်။ သုတေသီခေါင်း ဆောင် အတ်မန်းက ]]ကျွန်တော်တို့ မြန်မြန်လုပ်လေ မှတ်မိဖို့ ခက်လေပါ ပဲ။ အရေးပေါ်ခန်းတွေ၊ ပြင်းထန် ကုသဆောင်တွေမှာ အလုပ်လုပ်နေ ရတဲ့ ၀န်ထမ်းတွေအနေနဲ့ အရေးပေါ် ကုသရေးလုပ်ငန်းစဉ်တွေ လုပ်ကိုင် နေစဉ် အကြောင်းတစ်ခုခုဖြင့် နှောင့် ယှက်ခံရပါက ဘယ်နေရာ၊ ဘာလုပ် နေတယ်ဆိုတာ မှတ်မိနိုင်မဲ့ လေ့ကျင် မှုမျိုးတွေ အထောက်အကူပစ္စည်း တွေရှိရင် ပိုပြီး အကျိုးများနိုင်ပါမယ် လို့ အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ