Preauricular sinus မွေးရာပါ နားပေါက်


မင်္ဂလာပါ ဆရာ။ မ, ၆နှစ် ၂လ။ ဘယ်ဘက်နား ထိပ်မှာ မွေးရာပါ အပေါက်ပါ။ အရည်ထွက်နေတာ ၄လရှိ။ အနံ့နံတာ ၁ လရှိ။ မိခင်၏အဘိုးတွင်လဲ ဒီလိုအပေါက်ပါဖူးသော်လည်း ပြသာနာ မရှိခဲ့။ ဆေးခန်းပြတော့ ခွဲပြီးဖယ်ထုတ်လိုက်မှ အရှင်းပျောက်မည်ပြော။ ကြီးလာရင် အားလုံးခွဲထုတ်ဖို့မလွယ်တော့ ဟုပြော။ ခွဲစိတ်ခန်း ၁နာရီကြာမည်။ ၄နှစ် ကတည်းက ရေကူးပါသည်။ ဘာကြောင့် ဒီလိုအပေါက်လေး ပါလာတာပါလဲ။ မေ့ဆေးဒဏ်က ကလေးဥာဏ်ကို ထိခိုက်စေနိုင်မလား။ ရေကူးတဲ့ အတွက်ကြောင့်လားဆရာ။ ခွဲစိတ်လိုက်ရမလား။ ခွဲစိတ်ခန်း ၁ နာရီကြာမယ်ဆိုတော့လဲ စိုးရိမ်မိပါတယ်ဆရာ။ ဆရာနှင့်တကွ ဆရာ့မိသားစုဝင်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ရိုသေစွာဖြင့်။

မွေးရာပါ နားပေါက်ကို Preauricular sinus လို့လည်းခေါ်တယ်။ congenital auricular fistula လို့လည်းခေါ်တယ်။ Geswein hole လို့လည်း ခေါ်တယ်။ preauricular cyst လို့လည်းခေါ်တယ်။ အပြင်နား ခေါ် နားရွက်တနေရာမှာ အပေါက်လေး၊ အဖုလေး၊ အချိုင့်လေး၊ အသီးလေး မွေးကတည်းကပါလာတယ်။

ယူအက်အေမှာ 0.1-0.9% တွေ့ရတယ်။ ယူကေမှာ 0.9% နဲ့ အာရှတိုက်မှာ 4-10% ဖြစ်တယ်။ 25-50% လောက်မှာ နားရွက်နှစ်ဘက်လုံးမှာပါတယ်။

အများအားဖြင့် ဘယ်လိုမှ မဖြစ် မခံစားကြရပါ။ ပိုးဝင်တာတော့ အဖြစ်များတယ်။ အရည်ထွက်မယ် နံမယ်။ ပြည်ထွက်မယ်။

ထွက်စရာရှိတာကို ထွက်အောင်လုပ်ပေးရမယ်။ ပိုးသေဆေးလိုတိုင်း ပေးရမယ်။ ပျောက်တာကတော့ ခွဲစိတ်ကုသနည်း ဖြစ်တယ်။ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့လုပ်သင့်တယ်။ အနီးအနားမှာ Facial nerve ဖေရှယ်အာရုံကြောရှိတယ်။

မေးခွန်းပါ မေ့ဆေးကိုတော့ ထူးမပြောတော့ပါ။ တကမ္ဘာလုံးမှာ လူထောင်ပေါင်းများစွာဟာ ထုံဆေး၊ မေ့ဆေးအမျိုးမျိုးနဲ့ အချိန်တိုင်းမှာ ခွဲစိတ်ကုသမှုခံယူနေကြရတယ်။ ကလေးတွေလည်းပါတယ်။ မွေးစကလေးငယ်တွေလည်းပါတယ်။ ဘယ်အရာမဆို ၁ဝဝ% ပါဖက်ဆိုတာ မရှိပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ