ဒိန်ချဉ်သောက်ခြင်းက စိတ်ကျရောဂါကို သက်သာစေနိုင်မလား


စိတ်ကျရောဂါအတွက် ဆေးဝါးများဖြင့် ကုသခြင်း နည်းလမ်းများအပြင် အခြား ထိရောက်သော နည်းလမ်းတစ်ခုဖြစ်နိုင်ဖွယ်ရှိသည့် နည်းလမ်းသစ်တစ်ခု ထပ်မံတွေ့ ရှိခဲ့တယ်လို့ သုတေသန အသစ်တစ်ခုကဆို လိုက်ပါတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး၊ ဒိန်ချဉ်ထဲမှာပါတဲ့ Lactobacillus ဆိုတဲ့ လူသား အကျိုးပြု အဏုဇီဝဘက်တီးရီးယားပိုးမွှားများဖြစ်ပါတယ်။ Lactobacillus ဆိုတဲ့ ဘက်တီးရီးယားတွေဟာ ဒိန်ချဉ်တွေထဲမှာပါရှိတဲ့ဘက်တီး ရီးယားပိုးမွှားတွေဖြစ်ပြီး အူလမ်းကြောင်း တစ်လျှောက် မှာရှိတဲ့ အဏုဇီဝပိုးမွားအသိုက်အ၀န်း gut microbiome ကို ပြောင်းလဲစေခြင်းဖြင့် စိတ်ကျသော အပြုအမူများကို ပြန်လည်တည့်မတ်ပေးလိုက်နိုင်ပါတယ်လို့ ဓာတ်ခွဲခန်း စမ်းသပ်ခံကြွက်များမှာ စမ်းသပ်မှုပြုလုပ်စဉ်တွေ့ရှိခဲ့ရ တာဖြစ်ပါတယ်။

 သုတေသနစာတမ်းရှင်များက အလားတူဖြစ်စဉ် များဟာ လူသားများတွင်လည်း ဖြစ်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ လေ့လာမှုကို University of Virginia School of Medicine မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များကို Scientific Reports ဂျာနယ်တွင် ထုတ်ပြန်ခဲ့ပြီး စိတ်ဖိစီးမှုဟာ ဓာတ်ခွဲခန်းကြွက်များရဲ့အူလမ်းကြောင်းရှိ လူသားအကျိုး ပြု အဏုဇီဝ ဘက်တီးရီးယား ပိုးမွှားများ အရေအတွက်ကို လျော့နည်းစေကာ စိတ်ကျရောဂါကို အစပျိုးစေ ခဲ့တာကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

 လေ့လာစမ်းသပ်မှုမှာ Lactobacillus အဏုဇီဝ ဘက်တီးရီးယားပိုးမွှားများအရေအတွက် လျော့နည်း သွားသောအခါုkynurenine ဆိုတဲ့ ဓာတုဗေဒကွန်ပေါင်း တစ်ခုဟာ မြင့်တက်လာပြီး စိတ်ကျရောဂါ လက္ခဏာများ စတင်လာတာကိုတွေ့ ရှိခဲ့တာပါ။ Lactobacillus အဏုဇီဝ ဘက်တီးရီးယားပိုးမွှားများ ပြန်လည် ဖြည့်စွက်ပေးလိုက်တဲ့ အခါမှာတော့ စိတ်ကျခြင်းလက္ခဏာဟာ ပြန်လည် လျော့ပါးသွားတာကို တွေ့ရှိခဲ့ကြတယ်လို့ သုတေသီးတို့က ၄င်းတို့ရဲ့တွေ့ရှိချက်ကို ရှင်းပြခဲ့ကြပါတယ်။

Dr A.Z
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ