Vomiting in babies ကလေးတွေအန်ရင်
၁။ မင်္ဂလာ ပါဆရာ ကျွန်မ အသက်က ၄၀ပါဆရာ။ သားဦးယောက်ျားလေးကို ခွဲပြီးမွေးထားပါတယ်ဆရာ။ ခုဆို သားက ၂ လနဲ့ ၅ရက်ရှိပါပြီ။ နေ့ဘက်ဆိုရင် သားကနို့အရမ်းစို့ပါတယ်ဆရာ။ ၁၀မိနစ် ၁၅မိနစ်လောက်နဲ့ကို သူ့ဗိုက်ပြည့်အောင် (တင်းနေအောင်) စို့ပါတယ်။ ပြီးရင် လေထုတ်ခက်ပါတယ်ဆရာ။ လေ ၂ခါလောက်တက်ပြီး ၃ခါမြောက်လောက်မှာ ဒိန်ချဉ်လိုမျိုးတွေ ပြန်ထွက်ပါတယ်ဆရာ။ တခါတလေမှာ လေမထွက်ပဲ ဒိန်ချဉ်လိုမျိုးတွေပဲ တော်တော်များများ ပြန်ထွက်ပါတယ်ဆရာ။ ဒိန်ချဉ်လိုမျိုးတွေထွက်ပြီးရင်နို့ပြန်စို့။ ပြီးရင်ပြန်အန်။ အဲ့ဒီလို၃ခါလောက်ဖြစ်ပြီးမှ သားက နေသာထိုင်သာရှိသွားပါတယ်ဆရာ။ အဲ့ဒီလို ဒိန်ချဉ်တွေခဏခဏအန်တာကောင်းပါသလား။ ဘာလုပ်သင့်ပါသလဲဆရာ။
ဆရာဝန်ပေးထားတဲ့ လေဆေး Colicaid ကိုတော့တနေ့ ၂ကြိမ်တိုက်ပါတယ်ဆရာ။
၂။ ဆရာ မင်္ဂလာပါရှင့်။ သားလေးကအခုဒီရက်နဲ့ဆို၂၂ရက်ပါရှင့်။ နို့စို့ပြီးရင်အန်ပါတယ်။ ဒီရက်ပိုင်းလေးမှာပဲစအန်တာပါ။ နည်းလမ်းလေးရှိရင် ညွန်ကြားပေးပါဦးရှင့်။
ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင်း လေကိုပါမျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေများလို့ အန်တယ်။ ကလေးငယ်တော့ သူ့ အစာလမ်းအထိန်းစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်တယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ လေကပေါ့လို့ လေထွက်မယ့် ပါးစပ်က ကလေးအစာအိမ်နေရာ (ရင်ခေါင်း) ရဲ့အထက်မှာထားရမယ်။
နို့တိုက်တာမှာ အချိန်ခြာတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ Gripe water/Gripe mixture လို လေဆေးကို အားမကိုးပါနဲ့။ အဲလိုဆေးက လေဗူဖေါင်း သေးသေးလေးတွေကို ပေါင်းစပ်စေပြီးကြီးအောင်လုပ်ပေးတယ်။ လေထွက်ရ လွယ်စေဘို့ဖြစ်ပါတယ်။ ခဏခဏမတိုက်သင့်ပါ။
ဝမ်းလျှောတာနဲ့ အန်တာ ရောနေတယ်ဆိုရင် (ဗိုင်းရပ်စ်) ဝင်တာဖြစ်မယ်။ ဝမ်းပိတ်ဆေးမလိုအပ်ပါ။ ရှားပါးတာတွေလည်း ရှိတယ်။ ကလေး ၂-၃ လအရွယ်မှာ အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ်အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေခြာစစ်ဆေးပြီး လိုအပ်ရင်ခွဲစိတ်ကုသရတယ်။
အန်လည်းအန်မယ်၊ ငိုလည်းငိုမယ်၊ ဝမ်းထဲမှာလည်း သွေးအနီရောင်ပါမယ်ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမှာပါပဲ။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါတမျိုးလည်းရှိတယ်။ အချိန်မှန် အန်နေတာမျိုး။
အန်တာများရင် အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေ-လက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မ-ကြည့်ရင် အောက်ပြန်ကျတာ အရင်တုံးကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည်ခမ်းနေမယ်၊ ဘယ်လိုချော့ချော့မရဘူး။
အဖတ်မပါတဲ့-နည်းတဲ့ ရေ-အရည်ကိုသာ သောက်ပါ-တိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင်တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့သူတွေကို ကုသလိုပါဘဲ။ RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့တိုက်မရရင် ထိုးပေးရတတ်တယ်။
အအန်ပျောက်ဆေးတွေ dexamethasone, dimenhydrinate, granisetron, metoclopramide ထဲက ondansetron က အထိရောက်မှုအများဆုံးလို့ လေ့လာမှုတခုကဆိုပါတယ်။ ဆေးမှန်သမျှကို ကိုယ်အလေးချိန်အရ တိုက်ရမည်။ Transderm Scop ဆေးကပ်ခွါကို အရေပြားမှာ ကပ်ထားလို့ ရတယ်။ Dramamine ဆေးက ကားမူးတတ်သူတွေအတွက် ကြိုတင်သောက်ရင်ကောင်းတယ်။ Bsmuth subsalicylate (Pepto Bismol or Kaopectate) ဆေး၊ Diphenhydramine (Benadryl) ဆေး၊ Coca-cola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊ Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။
• Baby Care ကလေးဗိုက်နာရင် https://doctortintswe.blogspot.com/2017/08/baby-care.html
• Gripe Water ကလေးလေဆေး http://doctortintswe.blogspot.com/2014/11/gripe-water.html
Dr. တင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin