ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးရဲဘူး ရတယ်မလားဆရာ

ဆေးခန်းမှာ အဲ့လို အမေးခံရတိုင်း လွန်ခဲ့တဲ့ 7 နှစ်လောက်တုန်းက မြောက်ဥက္ကလာပ ဆေးရုံ ကလေးလူနာဆောင်က ကလေးလေး နဲ့ သူ့အဖွား မျက်နှာကို ပြေးမြင်ယောင်မိတယ်။

''ဆရာရေ ကလေးတက်နေလို့ လာကြပါအုန်း'' လို့ ဖိနပ်မစီးနိုင်၊ထမိန်စွန်တောင် ဆွဲပြီး လာခေါ်နေရတာ တနေ့ကို ၁ဝကြိမ် လောက်....
ကလေးက ဖျားတယ်...ပြီးတော့ တက်တက်သွားလို့ ဆေးရုံကိုရောက်လာတာ။
သူဖျားပြီးတက်တယ်ဆိုက febrile convulsion လို တရက်မှာ တခါလောက်ပဲ မဟုတ်...တရက်ကို ၁၀ခါ လောက်တက်တက်နေတာ...

ဆေးခန်းကို လာတဲ့ febrile convulsions တွေတောင် ကလေးနည်းနည်းတက်သွားတာနဲ့ အမေတွေက ငိုကြီးချက်မ လူးလိမ့်နေအောင် စိုးရိမ်ကြတာ...အဲ့ကလေး အမေ ဘယ်လို ခံစားနေရမလဲ တွေးတောင် မတွေးရဲ.... ၂ နာရီ ၃ နာရီ တခါလောက် တက်နေတဲ့ ကလေးလေးလည်း ဘယ်လောက် အထိ ခံစားရမလဲ...

ကလေးကို စစ်လို့ရတာ အကုန်စစ်တယ်...TB,malaria,သွေးစစ်၊ဆီးစစ်...ကျောရိုးက အရည်ကို ဖောက်ပြီးစစ်...diagnosis မထွက်သေးဘူး...ဆေးရုံမှာ ၁၀ ရက်ကျော်နေပြီ ...အတက်က မကျသေး...Professor တွေလည်း ခေါင်းခြောက်နေပြီ။
နောက်ဆုံး သွေးတွေကို ဖောက်ပြီး singapore ပို့စစ်တာတောင် ၂ ခါ ၊၃ ခါ.... ကလေးက တိုက်ကြီးလား လှည်းကူးလား(သေချာမမှတ်မိ) မှာနေတာ။
ဒီ ကလေးတယောက်အတွက်နဲ့ တင် သိန်းရာဂဏာန်းလောက် ကုန်ပြီ...ပြန်ကောင်းဖို့ မပြောနဲ့ ဘာဖြစ်တာလဲတောင် ရှာနေတုန်း...hopeless လို့ပြောရမယ့် အခြေအနေ၊
ကလေးမိသားစု နဲ့ ကိုယ်နဲ့ ရင်းနီးလာတော့ သူ့အဖေကို မတွေ့မိလို့မေးကြည့်မိတယ်...အဖေ နဲ့ အဖိုးက ကုန်စုံဆိုင်မှာ ပိုက်ဆံ အလျင်မီ ပို့နိုင်အောင် ကုန်းရုန်း ရှာနေတာ။ ကိုယ့်သားသမီးတောင် လာမကြည့်နိုင်ရှာဘူး....
နောက်ဆုံး...ဆေးရုံက ကိုယ့်အိမ်လိုဖြစ်ပြီး..ပိုက်ဆံတွေလည်းတော်တော်ကုန်ပြီး...လူတွေလဲ ဖြူကာပြာကာ ကျပြီးတဲ့နောက်....အဖြေထွက်လာတယ် ...ဂျပန် ဦးနှောက်ရောင် ပိုးတဲ့....
အဖြေထွက်တာနဲ့ တပြိုင်တည်း ဆေးရုံက အဲ့အိမ်ရှိတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ချက်ချင်း ခြင်ဆေးမှုတ်ဖို့ လုပ်တာ...အဲ့လောက်ထိ ကြောက်ရတဲ့ ရောဂါ။

ကံတရားကြောင့် အဲ့ကလေးလေး မသေလိုက်ဘူး...သူ့အဖွားက ဆေးရုံဆင်းတဲ့ နေ့မှာ ကိုယ့်အတွက် ကလေးဓါတ်ပုံလေး ၂ ပုံ လက်ဆောင်ပေးတယ်။ကလေးနေကောင်းတုန်းကပုံ...
အဲ့ပုံထဲက ကလေးမျက်နှာပြုံးပြုံး နဲ့ ဝဝကစ်ကစ်လေး ဆော့ကစားနေတဲ့ ပုံ(အောက်မှာ ဆရာလေး အတွက် အမှတ်တရ သားသား လို့တောင် စာလေးရေးထားသေးတယ်) အဲ့ပုံ နဲ့ ဆေးရုံက ဆင်းသွားတဲ့ ပိန်ပိန် နွမ်းနွမ်းကလေးလေး၊ တက်တဲ့ အကြိမ် များလွန်းလို့ လမ်းတောင် ကောင်းကောင်း မလျှောက် နိုင်တဲ့ ကလေးကို ယှဉ်ကြည့်ရင်း စိတ်မကောင်းဖြစ်လိုက်တာ...
ဆေးရုံက ဆင်းသွားပေမဲ့ ဇာတ်လမ်း မပြီးသေးဘူး...ကလေး ဦးနှောက် နဲ့ အာရုံကြောထိသွားလို့ ပြန်လည် သန်စွမ်းရေး ဌာနကို သွားသွားပြရတယ်။ ကိုယ်ပဲ လိုက်ပြပေးရတာ...
ဆရာဝန်မကြီးပြောတဲ့ 'လမ်းတော့ ဖြည်းဖြည်း ပြန်လျှောက်မှာပါ၊အိမ်မှာလည်း ဝါးလုံးတန်းလေးတွေ လုပ်ပေးပြီး ကျင့်ပေးပါ့' လို့ ပြောတဲ့ စကားတွေကြားပြီး ကလေးလေး လမ်းပြန်လျှောက်ပါစေ၊ဒုက္ခိတ မဖြစ်ပါစေနဲ့ လို့ အကြိမ်ကြိမ်ဆုတောင်းမိတယ်။

ဘာကြောင့် ကာကွယ်ဆေးထိုးခိုင်းလဲ ရိပ်မိလောက်ပါပြီ။လုံးဝ မထိုးချင်ဘူးဆိုရင်တော့ နည်းတခုရှိတယ်...သူက culex ခြင် ကိုက်လို့ ဖြစ်တာဆိုတော့ ခြင်မကိုက်အောင် ၂၄ နာရီ သံကွန်ခြာနဲ့ အုပ်ထားဖို့ ကြိုးစားပေါ့ 🙂
100% safe ဖြစ်တယ် မပြောပေမယ့် ကာကွယ်ဆေးကြောင့် ဒုက္ခရောက်ရတာ တော်တော်ရှားပါတယ်။ဒီနိုင်ငံလို ခြင်ကို control မလုပ်နိုင်လို့ သွေးလွန်တုပ်ကွေးတောင် အမြဲ out break ဖြစ်နေတဲ့ နေရာမျိုးမှာ ထိုးကိုထိုးသင့်ပါတယ်။
အောက်မှာ မထိုးသင့်တဲ့ အခြေအနေတွေ ကိုတင်ပေးထားပါတယ်။ G6PD ကလေးတွေလည်း ထိုးလို့ရပါတယ်တဲ့။

"ရင်ကျပ် ပန်းနာရောဂါကြောင့် steroid ရှူဆေးသုံးနေရတဲ့ ကလေးတွေလည်းထိုးလို့ရပါတယ်။WHO အသိအမှတ်ပြုပြီးသားဆေးမလို့ ကမ္ဘာမှာ အလုံးပေါင်း သန်း ၄၀၀ ကျော် ထိုးပြီးပါပြီ။" လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဆရာဦးစောဝင်း ရဲ့ facebook မှာတင်ပေးထားပါတယ်ခင်ဗျာ။
(P.S ထိုးဆေးတိုင်းကတော့ မတည့်တာရှိနိုင်တယ်။ ဒါပေမယ့် နိုင်ငံတဝှမ်း ကလေးပေါင်းသိနိးဂဏာန်း ကျော်မှာတောင် ဆေးထိုးလို့ အသေအပျောက်မရှိခဲ့တော့ ထိုးသင့်တယ်ပဲ ပြောရမှာပေါ့။တချို့ ကလေးတွေ အင်ပျဉ်လေးတွေ ထ တတ်တယ်၊နောက်နေ့ ကိုယ်နည်းနည်းပူတတ်တယ်။ ဆေးထိုးပြီး တခုခု သံသယ ဖြစ်ရင်တော့ နီးစပ်ရာ ပြန်ပြသင့်တယ်။)
Credit # Nyein Htetဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးရဲဘူး ရတယ်မလားဆရာ??

Nyein Htet
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 
Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ