H1N1 အကြောင်းသိကောင်းစရာများ


H1N1ဆိုသည်မှာ influenza virus ကိုအရင်းအမြစ်ခံပါတယ်။
သူ့ရဲ့ genetic sequences မှာ Hန့ N ဆိုတာရှိပြီး လူမှာအဖြစ်များတာက H1,H3,H4,H5,ဖြစ်ပြီး N 1နဲ့ N2ဟာ အဖြစ်များပါတယ်

H ဟာ စုစုပေါင်း 16ထိရှိပြီး
Nဟာ 9ခုရှိပါတယိ

#လက္ခဏာတွေအနေနဲ့

ဖျားမယ်
ချမ်းမယ် တုန်မယ်
တုပ်ကွေးဖျားဖျားမယ်
အဖျားတာရှည်မယ်
ချောင်းဆိုးနှာစေး အရိုးအဆစ်နာကျင်ကိုက်ခဲပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်မယ်
များသောအားဖြင့် ကလေးငဟ်တွေ သက်ကြီးရွယ်အိုတွေနဲ့ကိုယ်ဝန်ဆောင်တွေအထူးသတိထားသင့်တယ်။

#H1N1ကူးစက်စေသောနည်းတွေက

ချောင်းဆိုးတာ နှာစေးတဲ့အခါ အကာအကွဟ်မရှိရာကနေလည်းကောင်း

ရောဂါရှိသူထံမှ တစ်ဆင့်ကူးစက်ပျံ့နှံ့ခြင်းဖြင့်လည်းကောင်း

အဓိကကူးစက်နိုင်တဲ့နေရာတွေက

အသက်ရှုလမ်းကြောင်းနဲ့အစာစားတဲ့လမ်းကြောင်းတွေပဲဖြစ်တယ်။

#ကာကွယ်နိုင်တဲ့နည်းတွေက-

-ပါးစပ်နဲ့နှာခေါင်းတွေကိုသေချာကာကွယ်ထားရမဟ်

-လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးကြောရမယ်

-ဖျားနာသူကို ကုသတဲ့နေရာမှာနှာခေါင်းစည်း စတာတွေဆောင်သင့်တယ်

-ဖျားနာသူကိုကိုင်တွယ်ကုသပြီးတိုင်းလက်ကိုဆပ်ပြာနဲ့စင်ကြယ်စွာဆေးကြောရမယ်။

-တတ်နိုင်ရင်လူထူထပ်တဲ့နေရာရှောင်ရမယ်။

-အိမ်ကိုလေဝင်လေထွက်ကောင်းအောင် ထားရှိရမယ်

-အစားမစားခင်နဲ့စားပြီး ညစ်ပတ်တဲ့အရာတွေကိုကိုင်ပြီး အိမ်သာ အသုံးပြုပြီးတိုင်းလက်ကိုဆပ်ပြာနဲ့ဆင်ကြယ်စွာဆေးကြောရမယ်။

-ဖျားနာသူကို ပြုစုတဲ့အခါဖြစ်စေ
လူထူထပ်တဲ့နေရာသွားတဲ့အခါဖြသ်စေ နှာခေါင်းစည်းတပ်ဆင်ရမယ်

#ဖျားနာနေတဲ့လူနာအိမ်မှာရှိရင်>

>အဖျားကြီးတာ သတိလစ်တာ ၂ ရက်သုံးရက်ထက်ပိုဖျားတာဆို ဆေးရုံဆေးခန်းမှာကုသမှုခံယူရမယ်

>အရည်များများသောက်ရမယ်

>မိမိလည်း နှာခေါင်းစည်းသုံးရမယ်
သူ့ကိုလည်းတပ်ထားပေးရမယ်

>လေဝင်လေထွက်ကောင်းရာ အလင်းရောင်ရတဲ့နေရာမှာထားရမယ်

>အာဟာရရှိတဲ့အစားအသောက်တွေကို စီမံရမယ်

>သူ့ရဲ့အသုံးအဆောင်အဝတ်အစား စတာတွေကိုင်ပြီးတိုင်းလက်ကိုဆပ်ပြာနဲ့ဆင်ကြဟ်စွာဆေးကြောရမယ်။

#သင်ဖျားနာတဲ့အခါမှာ~

~နာခေါင်းစည်း တပ်ထားပါ

~ရေများများသောက်ပါယအရည်များများသောက်ပါ

~နားနားနေနေ နေထိုင်ပါ

~အစာ အာဟာရမျှတစွာစားသုံးပါ

~လေကောင်းလေသန့်နဲ့လေဝင်လေထွက်ကောင်းရာ နေရာမှာနေထိုင်ပါ

~အသက်ရှုကြပ်တာ မောတာ တအားမှိန်းတာ ချွေးစေးထွက်တာ အဖျားကြီးတာ သတိလစ်မေ့မြောတာ
စတဲ့မူမမှန်တာတွေဖြစ်လာရင်နီးစပ်ရာဆေးရုံဆေးခန်းမှာကုသမှုခံယူပါ

~စပ်ဆေး လမ်းဘေးဆေး မသုံးပါနဲ့

အရေးကြီးတာက
မကြောက်ပါနဲ့
မလန့်ပါနဲ့
မပြာပါနဲ့

အရေးကြီးတာကိုစနစ်တကျစီမံခန့်ခွဲနိုင်ဖို့က အခရာပါ

သူဟာ သာမာန် တုပ်ကွေး virusတစ်ခုပါပဲ
မပေါ့ပဲ ကာကွယ်ရန်အချက်တွေကိုစနစ်တကျဆောင်ရွက်ရင် ကာကွယိနိုင်ပါတယ်။

မကြောက်ကြပါနဲ့
သူက တခြားရောဂါတွေလို တမ မဟုတ်ချင်းမပြန့်ပါဘူး
စနစ်တကျကာကွယ်ကြပါ

WHO အနေနဲ့ လေဆိပ်မှာ အဝင်အထွက်လုပ်ချိန်မှာစစ်ဆေးခြင်းကို မလုပ်လိုက မလုပ်လို့ရကြောင်းပြောထားပြီး ခရီးသွားခြင်းကိုလည်းမတားမြစ်ထားပါ။

မောင်ည
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ