သခွားသီးက ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဘာတွေအကျိုးပြုပါသလဲ။


တို့စရာအဖြစ် အများဆုံးစားသုံးကြတဲ့ သခွားသီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အကျိုးအာနိသင်များစွာပါဝင်ပါတယ်။ သခွားသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးပြုပုံများကို ဖော်ပြလိုက်ပါတယ်။
(၁) သခွားသီးမှာ ပါဝင်တဲ့ (fisetin) ဟာ ဦးနှောက်ကျန်းမာရေးဖို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပဲဖြစ်ပြီး ဦးနှောက်သတိမေ့ရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးပါတယ်။
(၂) သခွားသီးမှာ ပါဝင်တဲ့ (polyphenols) ဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ဖြစ်စေမဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။
(၃) သခွားသီးဟာ အဖျားရောဂါပိုးမွှားများ မ၀င်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးပါတယ်။
(၄) သခွားသီးအချပ်ကလေးတွေကို အာခေါင်မှာ ခနကပ်ပေးထားပြီးမှ ပြန်ခွာပေးမယ်ဆိုရင် အသက်ရှူလမ်းကြောင်းကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
(၅) သခွားသီးမှာ အမျှင်ဓါတ်နဲ့ရေဓါတ်များစွာ ပါဝင်တာကြောင့် အစာချေဖျက်မှုလမ်းကြောင်းကို ကောင်းမွန်စေပြီး ၀မ်းမှန်စေပါတယ်။
(၆) သခွားသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။
ရောဂါကင်းဝေးတဲ့ ကျန်းမာရေးကို ပိုင်ဆိုင်ရဖို့အတွက် အကျိုးပြုတဲ့ သခွားသီးကို စားသုံးပေးသင့်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ