ရေတစ်အားငတ်တဲ့ နွေရာသီမှာရေသောက်သင့်တဲ့ အကောင်းဆုံးအချိန်များ


ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုးပေးတာပါ။
ဒါကြောင့် ရေတစ်အားငတ်တတ်တဲ့ နွေရာသီမှာ ရေသောက်ဖို့ အကောင်းဆုံးအချိန်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ မနက် အိပ်ယာထချိန်
ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက်သုံးခြင်းဟာဆိုရင်တော့ သွေးလည် ပတ်မှုကိုမြင့်တင်ပေးတာ ၊ သွေးစေးပျစ်မှု လျော့ချပေးတာနဲ့ ကိုယ်တွင်း အူလမ်းကြောင်းတွေကို သန့်ရှင်းစေပြီး ပိုမို သန်မာစေပါတယ်။ ဒါ့အပြင် တစ်ညလုံးရေဓာတ်ဆုံးရှုံးထားတဲ့ ခန္ဒာကိုယ်က ပြန်ပြီး လန်းဆန်းလာမှာပါ။
၂။ အစားမစားမှီ
အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ အဲလို သောက်သုံးခြင်းဖြင့် အစာခြေစနစ်ကို ပိုအသက်ဝင်စေပြီး အာဟာရတွေကို ပိုပြီးစုပ်ယူပေးနိုင်တယ်လို့ သိရပါတယ်။
၃။ အစားစားပြီး
အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်တွေက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် အဲ့ဒီရေဟာ ကိုယ့်ရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။
၎။ ညနေအချိန်
ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။
၅။ ညအိပ်ယာဝင်ခါနီး
ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။
ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။
ဒါ့အပြင် သကြားတစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်တာကလည်း အားဖြည့်အချိုရည်တွေလိုပဲ အကျိုးများစေပါတယ်။
အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ