အိုင်တီပစ္စည်း အသုံးများသော ကလေးငယ်များတွင် အဝေးမှုန်သည့် လက္ခဏာရပ်များ ပိုမိုတွေ့ရှိလာ


ပြည်တွင်း၌ အိုင်တီပစ္စည်းများ အသုံးများသော ကလေးငယ်များတွင် အနီးမြင်ပြီး အဝေးမှုန်သည့် လက္ခဏာရပ်များ ပိုမိုတွေ့ရှိလာရကြောင်း ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီး ဆရာဝန်ကြီး တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောငါးနှစ်ခန့်မှစ၍ ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် စသည်တို့ကို လူကြီးများသာမက ကလေး သူငယ်များလည်း အသုံးပြုမှု များပြားလာကြပြီး အဆိုပါ အိုင်တီပစ္စည်းများ အသုံးပြုသောအခါ မျက်လုံးများကို အား စိုက်ကြည့်ရှုရသည့်အတွက် ပြည်တွင်းရှိ အသက်ငါးနှစ်မှ ၁ဝ နှစ်အတွင်းရှိ ကလေးငယ်များတွင် အနီးမြင်ပြီး အဝေး မှုန်သော လက္ခဏာရပ်များ ပိုမိုဖြစ်ပွားလာကြောင်း သိရသည်။

ထိုကဲ့သို့ ကလေးငယ်များတွင် အနီးမြင်ပြီး အဝေးမှုန်သော လက္ခဏာရပ်များကို မြန်မာနိုင်ငံ၌သာမက တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း တွေ့မြင်ရပြီး ယင်းလက္ခဏာရပ်အတွက် တစ်ကမ္ဘာလုံးက လက်ခံထားသည့် တိကျသော ကုထုံးမျိုး ယခုအချိန်ထိ မရှိသေးဘဲ အဝေးကြည့် မျက်မှန်များကိုသာ တပ်ဆင်ပေးလေ့ရှိကြသည်။

ထို့ပြင် ကလေး သူငယ်များ၌မွေးရာပါ အတွင်းတိမ်နှင့် ရေတိမ်များလည်း ဖြစ်ပွားတတ်ပြီး အ သက် ၅ဝ နှစ်အထက် လူကြီးပိုင်းများ တွင် အတွင်းတိမ် အများဆုံးဖြစ်ပွားလေ့ရှိကာ ဒုတိယအများဆုံးမှာ ရေတိမ်ဖြစ်ကြောင်း၊ မျက်စိသည် လူ တစ်ယောက် အတွက် အရေးကြီးဆုံးသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် မျက်စိဝေဒနာ ခံစားလာရပါ က နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် အမြန်ဆုံးကုသရန် လိုအပ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ