အင်ပျဉ် ထခြင်း


အင်ပျဉ်ထခြင်းဟာ အရေပြားမှာ ဓာတ်မတည့်ခြင်း တုံ့ပြန်မှု တစ်ခုခုကြောင့် ဖြစ်ရတယ်။ ကလေးငယ်တွေမှာ အဖြစ်များပြီး မတည့်တဲ့ အစာတစ်ခုခု စားမိတဲ့အခါ ဖြစ်တတ်တယ်။ စတော်ဘယ်ရီသီး၊ အခွံမာသီး၊ အက်စပရင်နဲ့ ဆက်သွယ်တဲ့ဆေးဝါးတွေ၊ ပင်နီဆီလင်နဲ့ ဆာလ် ဖာဆေးဝါးတွေမှာ ဓာတ်မတည့်ခြင်း ဖြစ်တတ်တယ်။ မတည့်တဲ့အရာ တစ်ခုနဲ့ အရေပြား ထိတွေ့တဲ့အခါမှာလည်း ဖြစ်တတ်တယ်။ အခြား အကြောင်းရင်းတွေက စိတ်ခံစားမှု၊ လေ့ကျင့်ခန်း၊ နေရောင်ခြည်၊ အေးတဲ့အရာတစ်ခုခု၊ ရေစတာတွေနဲ့ ဓာတ်မတည့်မှုတွေကြောင့် ဖြစ်တယ်။ ပစ္စည်းတစ်ခုခုနဲ့ ရေရှည် ထိတွေ့မှုကြောင့် အင်ပျဉ်ထတာလည်းရှိတယ်။
ဥပမာ လယ်သာသိုးမွေးအင်္ကျီတို့၊ လက်ပတ်နာရီတို့ဖြစ်တယ်။

ဓာတ်မတည့်တုံ့ပြန်မှုဟာ မိနစ်ပိုင်းအတွင်း ထိတွေ့ရုံနဲ့ ဖြစ်ပေါ်နိုင်ပါတယ်။ အေ ရပြားဟာ ယားယံလာပြီး အရှိုးရာထင်အောင် ရောင်ရမ်းလာပါတယ်။ အလယ်မှာ အရောင် ဖျော့ပြီး ဘေးဘက်တွေမှာ နီမြန်းလာတယ်။ အဖုအပိမ့်တွေက အကြီးအသေးမျိုးစုံရှိပြီး အင်ပျဉ်ထတယ်လို့ခေါ်တယ်။ အဖုအပိမ့်အကွက်တွေဟာ လျော့လိုက်များလိုက်ဖြစ်နေပြီး မိနစ်အ နည်းငယ်ကနေ ရက်အနည်းငယ်ထိ ကြာနိုင်ပါ တယ်။

အင်ပျဉ်ထခြင်း အကြောင်းအချက်တွေ ကတော့ (၁)အဆိပ်ရှိတဲ့ပျား၊ ပဒူ၊ ကင်းမြီးကောက် ကိုက်ခံရခြင်း၊ (၂)သန်း၊ မွှားကိုက်ခံရခြင်း၊ (၃) ပရိုဗိုင်းရပ် (B19)ကြောင့်ဖြစ်တဲ့ ဖစ်ရောဂါ၊ (၄)အရေပြားမင်၊ (၅)အရေပြား ဝဲယားနာ၊ (၆)နှင်းခူ ယားနာရောဂါ၊ (၇) ဟေးရောဂါ၊ (၈)စကား လက်ရောဂါ၊ (၉)ရူးမတစ်အဖျားရောဂါ၊ (၁ဝ)ဗိုင်းရပ်မိုနို နျူကလိုဆစ်ရောဂါ၊ (၁၁) ပွေးရောဂါ၊ (၁၂)ဝက်သက်ရောဂါ၊ (၁၃)ကန်ဒီဒါမှိုရောဂါ၊ (၁၄) ဗေရီကို့ကြောင့်ဖြစ်တဲ့ စတေးစစ်ရောဂါ၊ (၁၅) ဂျာမန်ဝက်သက်ရောဂါ၊ (၁၆) သွေးဆိပ်တက်ခြင်းရောဂါ၊ (၁၇) ဝက်စနိုင်းရောဂါ၊ (၁၈) ရေကျောက်၊ (၁၉) လူးပက် ခုခံမှုအားနည်းရောဂါ၊ (၂ဝ) ဗက်တီးရီးယားကြောင့် ဓာတ်မတည့်ရောဂါ၊ (၂၁) ရုတ်တရက် အိပ်အိုင်ဗီပိုးဝင်ခြင်း၊ (၂၂) ပါးစပ်၊ လက်၊နှုတ်ခမ်းရောဂါ၊ (၂၃)အက်ကိုအရေပြားရောဂါ၊ (၂၄)တုတ်ကောင်ရောဂါ၊ (၂၅)ကာဝါးစကီ၊ (၂၆) ဆစ်ဖစ်၊ (၂၇) တိုက် ဖွိုက်ရောဂါ၊ (၂၈)သွေးလွန်တုပ်ကွေးရောဂါ၊ (၂၉) အီဘိုလာရောဂါ၊ (၃ဝ) ဆားစ်ရောဂါတို့ဖြစ်ကြပါတယ်။

ကမ္ဘာတစ်လွှား အရေပြားယားယံခြင်း၊ အင်ပျဉ်ထခြင်းကြောင့် လူပေါင်းများစွာ သန်းနဲ့ချီရှိနေပြီး ကုသဖို့လိုအပ်နေ တယ်။တစ်ကိုယ်ရေ သန့်ရှင်းရေးစတဲ့ အရေပြားသန့်ရှင်းဖို့၊ ဆေးကုသဖို့ လိုအပ်တဲ့အပြင် အချို့အိမ်မှာတင် ကုသနိုင်ပြီး အချို့ပြင်းထန်ပါက ဆေးရုံတက်ကုသရ တယ်။ အဝတ်အစားမှာပါတဲ့ ဆိုးဆေး၊ အလှကုန်ပစ္စည်း၊ မှိုစတဲ့အစား အစာများ၊ အရက်ဘီယာမတည့်ခြင်း၊ ရော်ဘာ သို့မဟုတ် လယ်သာ တိရစ္ဆာန် အရေခွံ၊ သိုးမွေးစတာတွေနဲ့ မတည့် ရင်ဖြစ်တတ်တယ်။ နေရောင်ခြည်ကြောင့် မိတ်ဖုထွက်၊ အင်ပျဉ်ထွက်နိုင်သလို တိုက်နံရံမှာ တွယ်ကပ်ပေါက်နေတဲ့ အလှစိုက်သစ်ပင်၊ ကူးစက်ရောဂါများ၊ မှိုရောဂါ၊ လူးပက် ခန္ဓာကိုယ်ခုခံအား စနစ်ဆိုးဝါးရောဂါ၊ ပဋိဇီဝဆေးရဲ့ ဘေး ထွက်ဆိုးကျိုးတွေကနေ အင်ပျဉ်ထွက်စေတယ်။ ရနံ့ပြင်းတဲ့ရေမွှေး၊ ဆပ်ပြာ၊ ရှန်ပူ၊ မိတ်ကပ်မသုံးသင့်ပါဘူး။

အင်ပျဉ်ထတာ သိပ်မပြင်းထန်ရင် anti-histamine ဆေးဝါးတွေနဲ့ကုသနိုင်ပါတယ်။ သည်ဆေးဝါးတွေထိုးသွင်းခြင်း သို့မဟုတ် ဆေးပြားပုံစံနဲ့ ရရှိလာနိုင်တယ်။ ကယ်လ်မင်းလို အင်ပျဉ်ထတာသက်သာစေတဲ့ လိုးရှင်းကို ကလေးတွေကို လူးပေးလို့ရတယ်။ သွေးလန့်ခြင်းဖြစ်ရင် Adrenaline ကို သွေးပေါင်ချိန်ထိန်းဖို့ ချက်ချင်းထိုးသွင်းပေးရမယ်။
စတီးရွိုက်နဲ့ အင်တီဟစ်တမင်ဆေးဝါးတွေနဲ့ ကုသပေးဖို့လိုပါတယ်။ အစားအစာရွေးစားဖို့လိုတယ်။ မတည့်တဲ့အစာ တစ်ခုစားမိပြီး သိပ်မကြာ ခင် အင်ပျဉ်ထတတ်သူတွေမှာ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို မြန်မြန်ဆန် ဆန်ခြေရာ ကောက်နိုင်တယ်။ ဓာတ်မတည့်မှုကို ငယ်ရွယ်စဉ် ဖြစ်ပွားတာတွေ့ရတယ်။ ကလေးငယ်တစ်ယောက်ဟာ ဓာတ်မတည့်တဲ့ အစားအစာ တစ်ခုခုစားမိပြီး အင်ပျဉ်ထတယ်ဆိုရင် ဘယ်အစာလဲဆိုတာ အတိအကျဖော်ထုတ်ဖို့ လိုတယ်။ နောင်တစ်ချိန် မစားဘဲရှောင်ရှားရမယ်။ အစာရဲ့ပင်ကိုသဘာဝက ဓာတ်မတည့်တာ လား၊ ပြုပြင်စီမံထားတဲ့ အခြားအစားအစာမှာ ပါဝင်တဲ့ ပစ္စည်းတစ်ခုခု ဓာတ်မတည့်တာလား ဒါမှမဟုတ် ဒိန်ခဲမှာပါတဲ့ စတော်ဘယ်ရီနဲ့က ဓာတ်မတည့်တာလား ခွဲခြားသိရမယ်။

တစ်ခါတစ်ရံမှာ အစားအစာနဲ့ အင်ပျဉ်ဆက်နွှယ်မှုဟာ မထင်မရှားဖြစ်နေပြီး ခွဲခြားသိဖို့ ခဲယဉ်းတတ်တယ်။ ကြာရှည် အင်ပျဉ်ထတတ်တဲ့ သူတွေမှာတော့ တိုက်ရိုက်ကိုယ်ခံအား အဖွဲ့အစည်းတုံ့ပြန်မှုနဲ့ လက္ခဏာတွေကို အရေပြားနဲ့ သွေးစစ်ဆေးမှုပြုလုပ်ရုံနဲ့ မတွေ့ရတတ်ဘူး။

အင်ပျဉ်အဖုအပိမ့်တွေထပြီး အလွယ်တကူ ပျောက်မသွားဘူး။ ဖြစ်နိုင် ခြေတစ်ခုက သူတို့စားသောက်တဲ့ အစားအစာတွေမှာ ဇီဝတွင်းပရိုတင်း ဖြစ်ပျက်မှုက ထွက်တဲ့ပစ္စည်း ပါဝင်မှုများနေ တဲ့အတွက် တုံ့ပြန်မှုဖြစ်စေတဲ့ အစားအစာတွေကို သိရှိအောင် ကြိုးစားရှောင်ကြဉ်သင့်ပါတယ်။ ရက်လွန် ဒိန်ခဲ၊ ကြက် အူချောင်း၊ ဆာလမီ၊ မက်ကရက်၊ တူနာငါးတွေနဲ့ ပြုလုပ်ထားတဲ့ ငါးအူချောင်း၊ ဂေါ်ဖီချဉ်၊ အရက်၊ ဝိုင်အနီတွေကို ရှောင်ရမယ်။ နေရောင်ကြောင့် မဖြစ်ရအောင် နေပူထဲထွက်ရင် လုံလောက်တဲ့ အဆောင်းအကာနဲ့ သနပ်ခါးလိမ်း နိုင်ပါတယ်။

အစားအစာအ တွက် အကြံပြုချက်အနေနဲ့ ကစီဓာတ်ပမာဏ များပြားနေရင် အူလမ်းကြောင်းထဲ ဗက်တီးရီးယားတွေက တုံ့ပြန်မှုကြောင့် ဇီဝတွင်းပရို တင်းဖြစ်ပျက်မှုက ထွက်တဲ့ပစ္စည်း (histumine) တွေထုတ်ပေးတယ်။ ဒါကြောင့် ကစီဓာတ်များတဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ လျှော့စား သင့်တယ်။ လတ်လတ်ဆတ်ဆတ်ရှိတဲ့ ဒိန်ချဉ်ဟာ အူထဲက သဘာဝဗက်တီးရီးယား ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ တကယ်လို့ ကစီ ဓာတ်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လျှော့စားခဲ့ရင် ကီဝီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးလို သစ်သီးတွေကနေ ဗီတာမင် ဓာတ်ပြည့်ဝ အောင် စားသုံးသင့်ပါတယ်။

အချို့လူတွေက ဓာတ်မတည့်မှုတွေကို အရေပြား သို့မဟုတ် သွေးစစ်ဆေးမှုပြုတဲ့အခါ ကောင်းမွန်တဲ့တုံ့ပြန်မှု ပြတတ်တယ်။ ပင်နီဆီလင်၊ ဆာလ်ဖာ၊ အက်စပရင်မတည့်တဲ့ သူတွေကို အရေပြားမှာ စမ်းကြည့်ရုံနဲ့၊ လျှာနဲ့တို့ကြည့်ရုံနဲ့ ဓာတ်မတည့်မှုဖြစ်ကာ အင်ပျဉ်ထလာတယ်။ သူတို့ရဲ့ကိုယ်ခံအား အဖွဲ့အစည်းက ဓာတ်မတည့်မှုဖြစ်စေတဲ့ ပစ္စည်းကို တိုက်ဖျက်ပေးတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးနေလို့ သည်လို တုံ့ပြန်မှု ချက်ချင်းပေးနိုင်တာပဲဖြစ်တယ်။ အစားအစာ၊ ဆေးဝါးစတဲ့ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းကို ကိုယ်ခံအားပြည့်အောင် စမ်းသပ်စားကြည့်တာ မျိုးကို ရှောင်ရခြင်းဖြင့် အင်ပျဉ်ထခြင်းကို ကာကွယ်နိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဒေါက်တာ လွင်သန့်
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ