တတိယအကြိမ်မြောက် သည်းခြေနှင့် ပန်ကရိယပုံရိပ်ဖော်မှန်ပြောင်းကြည့် ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်ကုသခြင်းပြုလုပ်


ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ၌ တတိယအကြိမ်မြောက်ပြုလုပ်သည့် သည်းခြေနှင့် ပန်ကရိယပုံရိပ်ဖော်မှန်ပြောင်းကြည့် ကုသမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်ကုသခြင်းကို ဇွန် ၃၀ ရက်နှင့် ယနေ့တို့တွင် အဆိုပါဆေးရုံရှိ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါကုသမှုဌာန၌ ပြုလုပ်ရာ ဌာနမှူး ဒုတိယဗိုလ်မှူးကြီးအေးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ ဟိုက်ဒါရာဘက်မြို့မှ အစာအိမ်အူလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး Dr. Sundeep Lakhtakia နှင့်အဖွဲ့ဝင်များ၊ တပ်မတော်မှ ဆေးကုသမှုဆိုင်ရာပါရဂူများ၊ သူနာပြုများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်းကုသမှုဌာနမှ ပါမောက္ခများ၊ ဆေးကုသမှုဆိုင်ရာပါရဂူများနှင့် စိတ်ဝင်စားသူများတက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲသည် သည်းခြေနှင့် ပန်ကရိယလမ်းကြောင်းကြည့် အထူးမှန်ပြောင်းနှင့် သည်းခြေနှင့် ပန်ကရိယပုံရိပ်ဖော် မှန်ပြောင်းတို့ကိုအသုံးပြု၍ သည်းခြေနှင့်ပန်ကရိယရောဂါရှင်များကို လက်တွေ့ ကုသပေးသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး အိန္ဒိယနိုင်ငံမှ အထူးကုဆရာဝန်ကြီးနှင့်အတူ သည်းခြေနှင့် ပန်ကရိယရောဂါဝေဒနာရှင် ၁၅ ဦးကို စမ်းသပ်ကုသပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ပညာရှင်တစ်ဦးဖြင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စင်ကာပူနိုင်ငံမှ ပညာရှင်တစ်ဦးဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလတွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး သည်းခြေနှင့် ပန်ကရိယရောဂါဝေဒနာရှင်များ အား စမ်းသပ်ကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ