ဆရာရှင့် ကျွန်မ ကလေးကို ကလေးဆရာဝန်က ၆ လအထိ မိခင်နို့ တစ်မျိုးထဲပဲ တိုက်ရမယ်ပြောပါတယ်.. ကျွန်မက အလုပ်ပြန်တက်ရမှာမို့လို့ မိခင်နို့အစား နို့မှုန့် ပြောင်းတိုက်ချင်ပါတယ်


မွေးကင်းစမှ လေးလအရွယ်အထိကလေးငယ်အတွက် မိခင်နို့လောက်ကောင်းတဲ့တခြားအာဟာရမရှိပါဘူး။ မိခင်နို့ဟာ ကလေးငယ်အသက်(၆)လအထိ အာဟာရအပြည့်ဝဆုံးအစာဖြစ်သလို ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နို့မှုန့်ဆိုတာကတော့ နွားနို့ကနေတဆင့်ထုတ်ယူထားရတဲ့ပစ္စည်းဖြစ်တဲ့အတွက် လူသားမိခင်ရဲ့နို့ရည်လိုတော့ အရည်အသွေးမရနိုင်ပါဘူး။ ဒါကြောင့်မို့မိခင်နို့တိုက်ရန် လုံးဝမဖြစ်တဲ့ အခါမှသာ နို့မှုန့်၊နို့ဗူးတိုက်ကျွေးမှုကို ပြုလုပ်သင့်ပါတယ်။ အလုပ်သွားရလို့ နေ့ခင်းဘက်မှာ မိခင်နို့ကို မတိုက်နိုင်ရင်တောင် မိခင်ကအလုပ်မသွားခင်မှာ ကလေးငယ်အတွက်နို့ညှစ်ထားပေးခဲ့ပြီး တစ်ဦးဦးက နို့တိုက်ပေးထားလို့လဲရပါတယ်။

မိခင်နို့ဟာ အခန်းအပူချိန်မှာ လေးနာရီခန့်ထားလို့ရပြီး ရေခဲသေတ္တာထဲမှာ ၂၄နာရီ(တစ်ရက်ခန့်) အထားခံပါတယ်။ ဒါနဲ့မလုံလောက်မှသာ နို့မှုန့်ကူသင့်ပါတယ်။ အလုပ်အပြန်ညနေ၊ညခင်းဘက်မှာလည်း မိခင်နို့ကို ကိုယ်တိုင်ရင်ခွင်ပိုက် ပြန်လည်တိုက်ကျွေးသင့်ပါတယ်။ ဗူးနို့တိုက်တဲ့အခါမှာ နို့ဘူးနဲ့နို့သီးခေါင်းကို ဘယ်လိုပဲစင်အောင်ဆေးဆေး၊ပြုတ်ပြုတ် ကလေးကစို့လိုက်၊ နို့ဗူးကိုဟိုပစ်သည်ပစ် ထားလိုက်ပြုလုပ်တဲ့အခါမှာ မသန့်ရှင်းတော့ဘဲ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်နိုင်ခြေအင်မတန်များပါတယ်။ ဒါကြောင့်တတ်နိုင်သမျှ ကလေးအသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးစေချင်ပြီး လုံးဝမဖြစ်တဲ့အခါမှသာ နို့မှုန့်၊နို့ဗူးကူသင့်ပါတယ်။

Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ