မျက်ကပ်မှန်နှင့် ကျန်းမာရေး


အမြင်အာရုံ အားနည်းခြင်း အတွက် တချို့က မျက်မှန် တပ်သလို တချို့က မျက်ကပ်မှန် တပ်တယ်။
တချို့ကတော့ အမြင်အာရုံ အားနည်းလို့ မဟုတ်ဘဲ ဖက်ရှင်တစ်ခု အနေနဲ့ မျက်ကပ်မှန် ရောင်စုံအမျိုးမျိုး တပ်ကြတယ်။ မျက်ကပ်မှန် တပ်ခြင်းဟာ တစ်ခါတစ်ရံမှာ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ မျက်ကပ်မှန် တပ်ခြင်းကြောင့် မျက်လုံးကို ရောဂါပိုး ကူးစက်ပြီး အမြင်အာရုံ ဆုံးရှုံးတဲ့ အထိ အန္တရာယ်ရှိလို့ သတိပြု ဆင်ခြင် သင့်ပါတယ်။

ဆောင်ရန်

(၁) မျက်ကပ်မှန် တပ်ရမယ့် အချိန်ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာရမယ်။

(၂) မျက်ကပ်မှန် မကိုင်မီ မျက်ကပ်မှန်ရော လက်ကိုပါ ဆပ်ပြာနဲ့ စင်အောင် ဆေးပါ။

(၃) ဖယ်ရှားရ ခက်တဲ့ အဆီနဲ့ ပရိုတိန်းများ ကပ်ငြိမှုမှ ကာကွယ်ဖို့ မျက်ကပ်မှန်ချွတ်ပြီး မသိမ်းဆည်းမီ အသေအချာ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

(၄) မျက်ကပ်မှန် ဆေးရာမှာ မကွဲ၊ မပွန်း အောင် ခပ်ရွရွ ကိုင်တွယ် ဆေးကြောရမယ်။

(၅) ညစဉ် မျက်ကပ်မှန် ထည့်တဲ့ ဘူးထဲက အရည်ကို အသစ် လဲရမယ်။

( ၆) မျက်ကပ်မှန် တပ်တဲ့အခါ ဘေစင် ဒါမှမဟုတ် စားပွဲအနားမှာ နေပြီး တပ်ရမယ်။ ဒါမှ မျက်ကပ်မှန် ကြမ်းပေါ် မကျမှာဖြစ်တယ်။ အဝတ်ပေါ် မျက်ကပ်မှန် ကျရင် ဆေးရည်နဲ့ အသေအချာ ဆေးရမယ်။

( ၇) ဘေစင်နားမှာ မျက်ကပ်မှန် တပ်တဲ့ အခါ ရေဆင်းပေါက်ကို အဝတ်နဲ့ ဆို့ ထားသင့်တယ်။

( ၈) မျက်ကပ်မှန် တပ်ထားစဉ် တတ်နိုင်သလောက် မျက်လုံး အကာအကွယ် ယူရမယ်။ အားကစား လုပ်ဆောင်ရာမှာ မျက်ကပ်မှန် တပ်ထားရင် မျက်လုံးကို အကာအကွယ် တစ်ခုခု တပ်ဆင် ထားရမယ်။

( ၉) မျက်ကပ်မှန် တပ်ထားစဉ် စပရေး၊ ရေမွှေး၊ ဆံပင်ဖျန်းဆေး၊ မှုတ်ဆေး မဖျန်းသင့်ပါ။

(၁ဝ) ရေနွေးငွေ့၊ မီးတောက်၊ ဖုန်ထူတဲ့နေရာ၊ မီးဖို၊ မီးလင်းဖိုနဲ့ အပူချိန် သုညဒီဂရီရှိတဲ့ နေရာတွေ ရှောင်ပါ။

(၁၁) Lotion၊ မိတ်ကပ်၊ မျက်တောင်ကော့ဆေး၊ Eye Shadow စတဲ့ အလှပြင်မှု မှန်သမျှ မျက်ကပ်မှန် ချွတ်ပြီးမှ လုပ်ပါ။

ရှောင်ရန်

(၁) မျက်ကပ်မှန် တပ်တဲ့အခါ သက်သောင့်သက်သာ မရှိရင် လုံးဝ မတပ်ဆင်ရပါ။

(၂) မျက်ကပ်မှန်မှာ အစင်းကြောင်း၊ အနားသား ပဲ့နေရင် မတပ်သင့်ပါဘူး။

(၃) မျက်ကပ်မှန်ကို သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပြီး မတပ်သင့်ပါ။

(၄) ပြုတ်ကျသွားတဲ့ မျက်ကပ်မှန်ကို လက်သည်းနှင့် ညှပ်ယူခြင်း၊ ကြမ်းပြင်ရဲ့ မျက်နှာပြင်မှာ ပွတ်ဆွဲယူခြင်း မလုပ်သင့်ပါ။ လက်ချောင်းများ စိုစွတ်စေပြီး အလိုက်သင့် ကပ်ပါလာအောင် ယူပြီးမှ တပ်သင့် ပါတယ်။

(၅) မတူညီတဲ့ မျက်ကပ်မှန် ဆေးရည်များ ရောနှော မထားသင့်ပါဘူး။ မျက်ကပ်မှန်ကို တံတွေးနဲ့ မထိတွေ့ သင့်ပါ။

( ၆ ) ရေပိုင်ခေါင်းက လာတဲ့ ရေနဲ့ မျက်ကပ်မှန်ကို မဆေးသင့်ပါ။ သတ်မှတ်ထားတဲ့ မျက်ကပ်မှန် ဆေးရည်နဲ့သာ ဆေးပါ။

( ၇) မျက်ကပ်မှန်များကို အဝတ်၊ တစ်ရှူး တွေနဲ့ မသုတ်သင့်ပါ။

( ၈) မျက်ကပ်မှန် တပ်ထားစဉ် ရေကူး၊ ရေချိုးခြင်း မလုပ်သင့်ပါ။

( ၉) အအေးမိ၊ ဖျားနာနေစဉ် မျက်ကပ်မှန် မတပ်သင့်ပါ။ အိပ်နေရင် မျက်ကပ်မှန်ချွတ်ပြီး အိပ်ရမယ်။

(၁ဝ) မျက်ကပ်မှန်ကို ပူတဲ့နေရာ တီဗွီ၊ ပြတင်းပေါက်နား၊ သဲပူနား မထားသင့်ပါ။

(၁၁) ကားမှန်များကို ဖွင့်ပြီး စီးတဲ့အခါ မျက်လုံးကို အကာအကွယ် ထားပြီး စီးရမယ်။

ဒေါက်တာလွင်သန့်(ဆေး-၂)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ