ဖိအားမျိုးစုံကြောင့် စိတ်ကျန်းမာရေးထိခိုက်နေသည့် သြစတြေးလျဆရာဝန်ငယ်များ


ဆရာဝန်လောကဆိုတဲ့ ပညာရှင်အဆင့် အသက်မွေးဝမ်းကျောင်းမှုလောကမှာ ဆရာဝန်အငယ်လေးတွေ ခံစားနေရတဲ့ဒုက္ခကို THE GUARDIAN သတင်းစာကြီးက သြစတြေးလျက ဆရာဝန်လေးတွေကို နှိုက်နှိုက်ချွတ်ချွတ် အင်တာဗျူးပြီး ဖော်ပြထားတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ သူတို့ လေးတွေ မအိပ်မနေအလုပ်လုပ်ရတာ၊ စီနီယာ-ဂျူနီယာ ခွဲခြားဆက်ဆံခံရတာ၊ ဖိအားမျိုးစုံ၊အနိုင် ကျင့်မှုမျိုးစုံ မျက်စိရှေ့ မှာဖြစ်နေပေမယ့် မပြောရဲကြဘဲ အဖွဲ့ အစည်းရဲ့ ကူညီစောင့်ရှောက်မှုကိုလည်း မရတာတွေကြောင့် အလုပ်မှာ နေ့ တိုင်းမျက်ရည်ကျရတဲ့ ဆရာဝန်လေးတွေ ရှိတယ်လို့  THE GUARDIAN က ဖော်ပြထားပါတယ်။

 ဘယ်တော့မှလျော့မသွားတဲ့ဖိအားတွေ၊ လူတစ်ယောက် ခံနိုင်ရည်ကုန်ဆုံးတဲ့အထိ လုပ်ရတဲ့အလုပ်ချိန် တွေကြောင့် ရေကုန်ရေခမ်းပင်ပန်းလှတဲ့နေ့ တွေမှာ ဆရာဝန်ငယ်လေးတွေ၊ နောက်ဆုံးနှစ်ဆေးကျောင်း သားလေးတွေဟာ ကြောက်စရာကောင်းလှတဲ့ ယှဉ်ပြိုင်မှုလမ်းကြောင်းပေါ်မှာလည်း အပြိုင်ပြေးနေရပြန် ပါတယ်။ ဖိအားမျိုးစုံကိုမခံနိုင်တော့တဲ့အဆုံး စိတ်ကျဝေဒနာ၊ စိုးရိမ်မှုလွန်ကဲခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နေ့ စဉ်ဆိုးရွားစွာ ခံစားနေရခြင်းကြောင့် စိတ်ဖိအားများလွန်းပြီး အပြောအဆိုအနေအထိုင် မူမမှန်တော့ ဘဲ ကြောက်စိတ်လွန်ကဲတာတွေကိုခံစားရပြီး နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ပဲ ကျန်တော့သလိုမျိုး ခံစားကြရပါတယ်တဲ့။

 မောက်မာမှုအဆိပ်သင့်နေတဲ့အသိုင်းအ၀ိုင်းထဲမှာ မရေမတွက်နိုင်တဲ့ Night Duty တွေဆင်းပြီး ကိုယ့်ရဲ့  အားနည်းချက်ကို လူသိမခံဝံ့ဘဲ တစ်ချက်မှားရင် လူနာအသက်အန္တရာယ်ဖြစ်သွားနိုင်သလို ကိုယ့်ရဲ့  အလုပ်ကိုလည်း ထိခိုက်စေနိုင်မယ့် ဘယ်လိုကြည့်ကြည့် ဖိအားများလှတဲ့ ဒီအဆင့်မြင့်ပညာတတ်လောက ကြီးထဲက ဖိအားတွေကို ဘယ်လိုရင်ဆိုင်နေကြရသလဲ ဆိုတာ ကိုယ်တွေ့ ကြုံရသူတွေရဲ့  ပြောပြချက် တစ်ချို့ ကနေ သိနိုင်ပါတယ်။ စိတ်ဓါတ်အနိမ့်ဆုံးအထိကျသွားတဲ့အခါ ကျွန်မအလုပ်မှာ နေ့ တိုင်းငိုခဲ့ရပါတယ်လို့  Laura က ပြောပါ တယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဆရာဝန်တွေကြားထဲရောက်နေပေမယ့် သူ့ စိတ်ကျန်းမာရေးထိခိုက် လာတာကို ပျက်ရယ်ပြုခြင်းပဲ ခံခဲ့ရပါတယ်။

စိတ်ကျန်းမာရေးမကောင်းလို့  ခွင့်တိုင်တော့လည်း ခွင့်မရခဲ့ ပါဘူး။ Laura မှာ စားချိန်သောက်ချိန်လည်းမမှန်ခဲ့တဲ့အတွက် တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၂ ကီလိုဂရမ် ကျဆင်းခဲ့ပါတယ်။ ထွက်ပေါက်မရှိတဲ့အခြေအနေမှာ ၆ နှစ်ကျော် ပေးဆပ်ခဲ့ပြီးပေမယ့် အခုမှ အထူးကုဆိုတဲ့လမ်းကြောင်းရဲ့  တစ်ဝက်ကိုပဲ ရောက်ပါသေးတယ်။ သို့ သော် ဖိအားတွေနဲ့ ပြည့်နှက်နေ တဲ့ နောက်ထပ်လမ်းတစ်ဝက်ကို အားတင်းလျှောက်လှမ်းပြီးရင် Laura အတွက် အလုပ်က ရှိချင်မှရှိမယ့် အခြေအနေဆိုးကြီး ဖြစ်နေပြန်ပါတယ်။ သြစတြေးလျမှာ Laura လို တက်သစ်စအထူးကုတစ်ယောက် အတွက် နေရာသိပ်မရှိပါဘူး။ လမ်းလျှောက်ရင်းလမ်းပျောက်နေတဲ့ Laura ပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းတောင်မသိတော့ဘူးလို့  Nancy က ပြောပါတယ်။ တစ်ပါတ်ကို နာရီ ၁၀၀ အနည်းဆုံး ဂျူတီဝင်ရတဲ့ Nancy တစ်ယောက် တအားပန်းတဲ့ဒဏ်ကို မခံနိုင်တော့ပါဘူး။ အဲဒီလို စိတ်အခြေအနေမျိုးနဲ့  လူနာရဲ့ အသက်ကိုလုပြီးကယ်ရတဲ့ သေရေး၊ရှင်ရေး ဆုံးဖြတ်ချက်မျိုးချဖို့ ဆိုတာ Nancy အတွက် အလွန်ခက်လာပါတယ်။ တစ်ခါတုန်းက ၁၇ ရက်အတွင်းမှာ ၂၅ နာရီဆက်တိုက် ဂျူတီ ၀င်ရတာ ၅ ကြိမ် ရှိခဲ့တဲ့နောက် ပင်ပန်းမှုဒဏ်ကိုမခံနိုင်တဲ့အဆုံး Nancy ဟာ လူနာတွေကို ရှင်တို့ က ဘာဖြစ်လို့  ဒီလောက်နေထိုင်မကောင်းဖြစ်ရတာလဲ လို့  ရန်တွေ့ မိရှာသတဲ့။ စိတ်ထဲကလည်း လူနာ တစ်ယောက်လောက် သေသွားရင် ငါ ဆယ်မိနစ်လောက်တော့ အိပ်လို့ ရမှာပဲ လို့ တောင် တွေးမိရှာ သတဲ့။

 နောက်ဆုံးတော့ Nancy ဟာ အလုပ်ထွက်မှပဲ နားရတော့မှာပါလား ဆိုတာ တွေးမိရှာသတဲ့။
အဓိကအကြောင်းရင်းကတော့ ကိုယ့်ကိုကြည့်ပေးမယ့်သူမရှိလို့ ပါ လို့  David က ပြောပါတယ်။ ဆရာဝန် တွေ စိတ်ဓါတ်ကျရတာ ဂျူတီချိန်တွေက တစ်ညလုံး၊တစ်ညလုံး ဖြစ်နေလို့ ပါလို့  သူကပြောပြပါတယ်။ Training ကလည်း လေးလွန်းတဲ့အပြင် ကိုယ့်ကို ကိုယ်စိတ်နှလုံး ရွှင်လန်းအောင် ပံ့ပိုးပေးနိုင်တဲ့ မိသားစု တွေ မိတ်ဆွေတွေနဲ့ လည်း အဆက်ဖြတ်ထားသလိုဖြစ်လေတော့ စိတ်ဓါတ်ကျပါတယ်။ ဒါကို စီနီယာ တွေက ဆရာဝန်တစ်ယောက်က ဒီလိုပဲကြုံတာပဲ၊ မညည်းပါနဲ့  လို့ ပဲ ပြန်ပြောကြပါတယ်။ အိမ်သာ တက်ချိန်လေးရရင်ကို ကျေနပ်ပါပြီ။ ထမင်းစားချိန်မပေးလည်းနေပါ။ အဆိုးဆုံးက အလုပ်ချိန်ပြီးသွားပြီး နောက်မိနစ် ၃၀ ကျော်ကြာတဲ့အထိ လူနာအလွဲအပြောင်း လုပ်နေရတာမျိုးတွေ ဖြစ်ပါတယ် လို့  David က ပြောပါတယ်။ ဆေးလောကမှာ ညအချိန်မတော်လာတဲ့ဖုန်းတွေကြောင့် စိတ္တဇရောဂါ ဖြစ်လာနိုင်ပါတယ်လို့  Queensland မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်လေး Wendy က ပြောပါတယ်။ Night Duty ပေါင်းများစွာဆင်းပြီးတဲ့နောက် ရှားရှားပါးပါး တစ်ညလောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရတုန်းလေးမှာ ဖုန်း သံက ဆူးဝါးစွာထွက်လာရင် လန့် ဖြပ်ပြီး အိပ်ယာထဲကနေ ခုန်ထမိပါတယ်။ ဖုန်းကို ဂရုတစိုက်ပြန်ဖြေရင်း တလှပ်လှပ်တုန်နေတဲ့ရင်ဘတ်ကို ဖိထားရပါတယ်။ အသက်ရှူသံမြန်နေတာကို မနည်းထိန်းထားရင်း ပြောနေရတဲ့အတွက် ပိုပြီးစိတ်မောပါတယ်။ ရင်ဘတ်တွေနာပြီးအန်ချင်သလိုလိုတွေဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ ဖုန်းပေါ်ကနေ ညွှန်ကြားစရာရှိတာတွေကို ညွှန်ကြားပြီးသွားလည်း ပြန်အိပ်လို့ မပျော် တော့တဲ့ပြဿနာပါပဲလို့  Wendy က ပြောပြပါတယ်။

ဒါဟာ ဆရာဝန်လေးတွေ ကြုံတွေ့ ခံစားနေရတာတွေထဲက အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ သို့ သော် သူတို့ ကြုံတွေ့ နေရတဲ့ ဒုက္ခရဲ့ အတိမ်အနက်ကိုတော့ ခန့် မှန်းကြည့်လို့ ရနိုင်ပါတယ်။ စီနီယာဆိုတဲ့ အဆင့်ကိုမရောက်သေးခင် ဒီလိုဒုက္ခတွေ ကြုံတွေ့ နေရတယ်ဆိုပေမယ့် စီနီယာဆိုတဲ့အဆင့်ကိုရောက် သွားရင်လည်း အခြားအခြားသော စိန်ခေါ်မှုတွေက ရှိနေဦးမှာပဲလို့  တွေးကြည့်မိပါတယ်။ အထူးကုဖြစ်ဖို့ ၊ အတန်းတူသူငယ်ချင်းတွေကြားမှာ ခေါင်းတစ်လုံးမသာတောင် အမှီလိုက်နိုင်ဖို့  ကြိုးစား နေရသလို ဂျူတီချိန်မှာလည်း မအိပ်၊မစား၊မနားဘဲ အလုပ်လုပ်နေနေရပြီး စီနီယာရဲ့ ဖိအား၊ လူနာရဲ့  ဖိအား၊ လူနာစောင့်ရဲ့ ဖိအား၊ စနစ်ရဲ့ ဖိအား၊ အဖွဲ့ အစည်းရဲ့ ဖိအား၊ ဒီကြားထဲ သား၊သမီး ဆရာဝန်ဖြစ် နေပြီဆိုပြီး ၀ိုင်းအားကိုးလာကြတဲ့ မိသားစုဆွေမျိုးရဲ့ ဖိအား၊ IELTS တက်ရဦးမယ့်ဖိအားတွေကြားမှာ ပြုံးနိုင်ပျော်နိုင်သေးတဲ့ ဆရာဝန်ငယ်လေးတွေရဲ့ အကြောင်း The Guardian က ဖော်ပြထားတဲ့အတိုင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ