Common Causes of Sudden Unexpected Death ရုတ်တရက်သေဆုံးရခြင်း အကြောင်းတရားငါးပါး


ဆေးရုံဆေးခန်းတွေမှာ အရေးပေါ်အသက်ကယ်တဲ့ဌာနကို EMS လို့ခေါ်တယ်။ Emergency Medical Services အရေးပေါ်ဝန်ဆောင်မှုဖြစ်တယ်။ ဆရာဝန်-ဆရာမတွေ လေ့ကျင့်သင်ကြားထားရတဲ့ ရုတ်တရက်မျှော်လင့်မထားပဲ အသက်ဆုံးပါးစေနိုင်တဲ့ ရောဂါအခြေအနေ (၅) မျိုးရှိတယ်။ တခုခုကနေ Cardiac arrest ခေါ် နှလုံးရပ်သွားခြင်း ဖြစ်စေနိုင်တယ်။

၁။ Arrhythmia နှလုံးခုန်မမှန်ခြင်း
Fatal arrhythmias သေဆုံးစေတဲ့ နှလုံးခုန်မမှန်ခြင်းလို့လည်းခေါ်တယ်။ အဲတာမှာ Cardiomyopathies ခေါ် နှလုံးကြွက်သားရောဂါနဲ့တွဲလာတတ်တယ်။ Acute myocardial infarction (AMI) ခေါ် နှလုံးကြွက်သား သွေးမဝခြင်း ကနေ ဆက်ဖြစ်တာများတယ်။ အရင်ကလည်း အဲလိုဖြစ်ထားဘူးသူဖြစ်တတ်တယ်။ Electrolyte imbalance ဓါတ်ဆား မျှတမှုမရှိရာကနေလည်း ဆက်ဖြစ်နိုင်တယ်။ ဥပမာ ကျောက်ပ်မကောင်းသူတွေကို ကျောက်ကပ် ဆေးပေးနရာကနေ ဆက်ဖြစ်တဲ့ Hyperkalemia ပိုတက်ဆီယမ်များနေခြင်း၊ Hypokalemia ပိုတက်ဆီယမ်နည်းခြင်း ကတော့ ဆီးသွားစေတဲ့ ဆေးတွေ ရေရှည်သောက်နေရာကနေဆက်ဖြစ်တယ်။ သူတို့မှာ သည်အတိုင်းတော့ ကောင်းနေသလို မခံစားကြရဘူး။ ECG စစ်ရင်တော့ QT interval ရှည်နေတာတွေ့မယ်။ မူယစ်ဆေးသုံးသူတွေမှာလည်း နှလုံးခုန်မမှန်တာနေ အရေးပေါ်ဌာနရောက်လာတတ်တယ်။

၂။ Acute Myocardial Infarction (AMI) ရုတ်တရက်နှလုံးကြွက်သားသွေးမဝခြင်း
သွေးလွှတ်ကြောတွေအထဲမှာ (ပလိပ်) လို့ခေါ်တဲ့အလွှာပိုဖြစ်နေရင် သွေးစီးတာကိုနှေးစေမယ်။ သွေးလွှတ်ကြော ပေါက်ထွက်သွားနိုင်တယ်။ သူသွေးထောက်ပံ့ပေးနေတဲ့ နှလုံးကြွက်သားသွေးမရတော့တာဖြစ်လာမယ်။ အမခံနိုင်အောင် နာလာမယ်။ ခြေသလုံးကြွက်တက်သလို နှလုံးနေရာရင်ပတ်မှာအပြင်းအထန်နာမယ်။ Acute coronary syndrome (ACS) လို့လည်းခေါ်တယ်။ ဖြစ်တဲ့နေရာကျယ်ရင်၊ ဖြစ်တာကြာရင် နှလုံးကြွက်သား ဆဲလ်တွေသေမယ်။ နှလုံးထဲမှာ အလုပ်လုပ်ပေးနေတဲ့ လျှပ်စစ်စီးကြောင်းထိန်းတဲ့စနစ်ပါထိခိုက်ရင် နှလုံးခုန်နှေးသွားမယ်။ Bradycardia နဲ့ Heart block လို့ခေါ်တယ်။ လူနာတချို့မှာ အသက်ရှူမဝခြင်းဖြစ်မယ်။ ဇောချွေးပြန်မယ်။ သတိလစ်တာ၊ ခေါင်းမူးတာ၊ (ဆထုပ်) ရသလို ဖြစ်တာစတဲ့ ဗဟိုအာရုံကြောစနစ်နဲ့ဆိုင်တာတခုခုဖြစ်မယ်။ ပျို့-အန်၊ ဗိုက်အောင့်တာမျိုး အစာလမ်းနဲ့ဆိုင်တာတခုခု ဖြစ်မယ်။ အားကုန်သွားမယ်။

၃။ Intracranial Emergencies ဦးနှောက်တွင်းအရေးပေါ်ဖြစ်ခြင်း
နှလုံးကိုဂရုစိုက်နေရလို့ ဦးနှောက်မှာဖြစ်တာကို သတိမထားမိဖြစ်တတ်တယ်။ ဦးနှောက်ထဲမှာ သွေးယိုနေနိုင်တယ်။ သွေးခဲပိတ်နေတာဖြစ်နေနိုင်တယ်။

၎။ Pulmonary Embolism (PE) အဆုပ်သွေးခဲပိတ်ခြင်း
အသက်ကြီးသူတွေ၊ ကင်ဆာရှိသူတွေ၊ မကြာသေးမီက ခွဲစိတ်ကုသမှုခံယူထားသူတွေ၊ အမျိုးသမီးတွေ (အီစထိုဂျင်) ဆေး ပေးထားသူတွေက သတိထားရမယ်။ လူနာ ၂၅% အထိဖြစ်နိုင်တယ်။

၅။ Aortic Catastrophe (အေအိုတာ) သွေးကြောမကြီးရောဂါ
(အေအိုတာ) ခေါ် နှလုံးကနေထွက်တဲ့ အကြီးဆုံးသွေးလွှတ်ကြောမကြီးမှာ Dissection ကွဲတာနဲ့ Aneurysmal rupture ပေါက်တာဖြစ်နိုင်တယ်။ သွေးတိုးရောဂါနာတာရှည်ရှိနေသူ၊ (ကိုလက်စထော) များနေသူနဲ့ ဆေးလိပ်သောက်သူတွေမှာ ဖြစ်တတ်တယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ