သတိထားကာကွယ် တုပ်ကွေးအန္တရာယ်


အဆုတ်နှင့်ရင်ခေါင်းအထူး ကုဆရာဝန်ကြီးနှင့်တွေ့ဆုံခြင်း

အခုမိုးရာသီတုပ်ကွေးတွေ စဖြစ်ပြီဆိုတော့တုပ်ကွေးဖြစ်ရင် ဘယ်လိုလက္ခဏာမျိုးတွေပြတတ် လဲ
တုပ်ကွေးဖြစ်ရင် ကိုယ်တွေ လက်တွေကိုက်ခဲတယ်၊ ခေါင်း ကိုက်တယ်။ အဖျားက တအား များမယ် ၁၀၄-၁၀၅ လောက်ဖြစ် မယ်။ တစ်ကိုယ်လုံး က နုံးခွေပြီး မလှုပ်ချင်၊မကိုင်ချင် ဖြစ်မယ်။ နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတို့ဖြစ်မယ်။
တုပ်ကွေးနဲ့အတူ တွဲဖက် ဖြစ် နိုင်တဲ့ရောဂါတွေ၊ မှား ယွင်းပြီးတော့Diagnosis မှားဖြစ်နိုင်တာတွေရှိလား။
ဖြစ်နိုင်တာပေါ့၊ ဒီလိုမိုးရာ သီမှာ ဗိုင်းရက်စ်ပေါင်းများစွာ  ရှိပါတယ်။ တခြားဗိုင်းရပ်တွေဖြစ်  ရိုးရိုးဖျားတဲ့ Common Cold  လိုဟာမျိုးတွေကြောင့်  ရိုးရိုးသာ မန်ဗိုင်းရပ်မျိုးတွေကြောင့်ဖြစ်တဲ့ ဖျားနာတာတွေဖြစ်တတ်တယ်။ အဲဒီဖျားနာတာနဲ့ Common Cold  ဆိုတာနဲ့ တုပ်ကွေးနဲ့ဘာ ကွာလဲဆိုတော့ အအေးမိတဲ့ အခါ၊ ဖျားနာတဲ့အခါ အဖျားက နည်းနည်းပဲဖြစ်တယ်၊ တုပ်ကွေး လောက်မများဘူး။ နောက်ပြီး တော့ ကိုက်ခဲ့တဲ့ လက္ခဏာတွေ က တုပ်ကွေးလောက်မပြင်းထန် ဘူး။ သူကနည်းနည်းပါးပါးနှာစေး မယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက် တွေနည်းနည်းကိုက်မယ်၊ နောက် ပြီး သက်သာသွားမယ် အဲဒါ  common ပိုးရဲ့လက္ခဏာတွေပါ ပဲ။ အဲဒါတခြားလက္ခဏာတွေပါ ပဲ။ တုပ်ကွေးကျတော့ တအားကို ဆိုးဆိုးဝါးဝါး ကိုက်ခဲနေတာ၊ ကွေးကိုနေချင်တာ။
မိုးတွင်းမှာလည်း သွေးလွန် တုပ်ကွေးတွေ၊ ငှက်ဖျားတွေက လည်းဖြစ်တာဆိုတော့တုပ်ကွေး နဲ့ကျတော့ဘယ်လိုမျိုး ခွဲခြားလို့ ရလဲ။
သွေးလွန်တုပ်ကွေး ကတော့ သူလည်း virus ပဲလေ။  Virus ကူးစက်တာတော့ အတူတူ ပဲပေါ့။ သွေးလွန်တုပ်ကွေးကျ တော့ ဖြစ်တဲ့သူလည်းတအားကို ဖြစ်တယ်။ ဘာမှမဖြစ်ဘဲနဲ့ အသာ လေးနေတဲ့သူလည်းနေတယ်  အဲဒီတော့ အကြမ်းဖျင်းကြည့်လို့ တော့သိပ်မသိနိုင်ဘူး။ ဖျားတာ လဲတူတယ်၊ ကိုက်တာလည်းတူ တယ်။ တဖြည်းဖြည်းလူနာကို စောင့်ကြည့်တဲ့ဆရာဝန်အပေါ်မှာ မူတည်တယ်။ ဒီလိုမျိုးHess'Test လုပ်တယ်လို့ခေါ် တယ်၊ လက်ကိုစည်းပြီးHess'Test လုပ်လိုက်ရင်အစက်အ ပြောက်လေး ပေါ်လာတာလဲတူ တယ်။ တူတယ်ဆိုတာက ရိုးရိုး virus ၊ ဘယ် virus မဆိုလူတစ် ယောက်မှာဒီအစက်အပြောက် တွေထွက်တိုင်းလည်း သွေး လွန်တုပ်ကွေးလို့ပြောလို့မရ ဘူး။  virus တစ်ခုခုဝင်တယ်လို့ပဲ ပြောလို့ရတယ်။ သွေးဖောက် ကြည့်ရင်တော့သိတယ်။ နောက် ပြီးတော့ CP ဖောက်ကြည့်မယ်၊ လူနာရဲ့အခြေအနေကိုစောင့်ကြည့် မယ်။ ဒါပဲပြောလို့ရတယ်။ သွေး လွန်တုပ်ကွေးက တော်တော် ဆိုးတဲ့ရောဂါပဲလေ။ အဲဒါကြောင့် လူနာကိုစောင့်ကြည့်တဲ့ဆရာဝန် က တော်တော်အရေးကြီးတာပေါ့ နော်။ လူနာရှင်တွေအနေနဲ့က တော့ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေကိုသိထားရမယ်။  ရိုးရိုးတုပ်ကွေးကတော့ ဝမ်း အမည်း သွားတာတို့shock ဖြစ် တာတို့တော့မရှိဘူး။ သွေးလွန် တုပ်ကွေးကျတော့ ဝမ်းမည်းမည်း သွားတာတိှု့Shock ဖြစ်တာတို့ တော့ရှိတယ်။  ငှက်ဖျားကျတော့ ချမ်းတုန်ဖျားမယ်။  ငှက်ဖျားဖြစ်တဲ့ နေရာဒေသကိုသွားတဲ့သူတွေ အ ဖြစ်များတယ်။ သူကတစ်ရက် ခြားဆိုတစ်ရက်ခြား ချမ်းတုန်ဖျား ဖြစ်တယ်။ ငှက်ဖျားရဲ့လက္ခဏာ တွေကတော့ သွေးအားနည်း တာတို့ သည်းလုံးကြီးတာတို့၊ အသည်းကြီးတာတို့ဖြစ်တတ် တယ်။ ငှက်ဖျားပိုးကျတော့ သွေးထဲမှာရှာလို့ရတယ်။ Virus တွေကျတော့ ရှာလို့မရဘူး။
တုပ်ကွေးကဘာကြောင့်ကူး စက်တာများပါသလဲ။
သူလဲ Virus ကြောင့် တုတ် ကွေးကတော့InfluenzaVirus ကြောင့်ပါ။ Virus type တွေက တော့ A,B,Cဆိုပြီးရှိပါတယ်။
ကူးစက်ပုံကူးစက်နည်း တွေက ဘယ်လိုမျိုးတွေဖြစ် မလဲ။
ကူးစက်နည်းတွေက တော့Direct Contact လည်းရှိ တာပေါ့နော်။ လူတစ်ယောက်က တုပ်ကွေးဖြစ်တယ်။ လူနာနားမှာ ပြုစုတယ်။ လူနာက ကိုယ့်တည့် တည့်ကိုနှာချေလိုက်တယ်ဆိုရင် လည်း ကူးတတ်ပါတယ်။ နောက် တစ်ခုကတော့လူနာက ဟတ်ချိုး ချေလိုက်တယ်၊ ချောင်းဆိုးလိုက် တယ်၊ အဲဒါက လေတွေထဲမှာ တုပ်ကွေးပိုးပါနေတဲ့Droplets တွေကသွားနေတယ်၊ ကိုယ်က ရှူလိုက်မိတယ်ဆိုရင် အသက်ရှူ လမ်းကြောင်းကနေကူးပါတယ်။ နောက်တစ်ခါ အဲဒီအမှုန်အမွှား လေးတွေက စားပွဲပေါ်ကျမယ်၊ ပစ္စည်းလေးတွေအပေါ်ကျမယ်၊ ကိုယ်ကအဲဒီပစ္စည်းလေးတွေကို ကိုင်မိမယ်၊ သူ့မျက်နှာကိုကိုင်မိ တယ်ဆိုရင်လည်း ကူးပါတယ်။
ကိုယ့်ဘာသာတုပ်ကွေးဖြစ် ပြီလို့ လူနာတစ်ယောက်ကယူ ဆပြီဆိုရင်ဘယ်လိုပြုမူနေထိုင် သင့်သလဲ။
တုပ်ကွေးဖြစ်ပြီလို့ ကိုယ်က ထင်ပြီဆိုတာနဲ့ အလုပ်ဆိုရင် လည်းအလုပ်ကနေ၊ ကျောင်းဆို ရင်လည်းကျောင်းကနေ အနား ယူရမယ်။ တခြားသူတွေကိုကူး သွားမှာစိုးလို့ပါ။ နောက်ပြီးတုပ် ကွေးဖြစ်နေတဲ့သူရဲ့ လက္ခဏာ လေးတစ်ခုကတော့ လက္ခဏာ ဆိုတာက ဖျားရင်ပါရာစီတမော သောက်တာတို့၊ ရေများများ သောက်တာတို့ အစာအာဟာရ ပြည့်ဝအောင်စားတာတို့  ဒါတွေပဲ လုပ်ရမယ်။ တခြားအထူးတလည် ကြီး၊ တအားကြီး တခြားဘတ်တီး ရီးယားတွေမဝင်အောင် antibioticတွလည်းပေးစရာမလို ဘူး။ တကယ်တမ်းတအားဆိုး လာပြီဆိုရင်၊ နဂိုရောဂါအခံရှိတဲ့ သူတွေဆိုရင်တော့ သတိထားရ မယ်။ နဂိုရောဂါကရင်ကြပ်၊ ပန်း နာရှိတယ်ဆိုရင် ရင်ကြပ်တအား ထတာတို့ဆိုရင် ဆေးရုံတက်ရ မယ်။ နှလုံးရောဂါအခံရှိသူတအား မောလာပြီဆိုရင် ဆေးရုံတက်ရ တော့မယ်၊ ဒါလေးတွေကတော့ သတိထားရမယ်။
တုပ်ကွေးဖြစ်ပြီဆို ဘယ် လောက်ကြာတတ်လဲ။ တစ်ချို့ ကလည်းအိမ်မှာပဲ ဆရာဝန်မပြ ဘဲနဲ့ ကုတတ်တာမျိုးရှိတယ်၊ ဘယ်လောက်ကြာကြာမှာဆိုရင် တော့၊ ဘယ်အခြေအနေမှာ ဆိုရင် တော့ ဆရာဝန်နဲ့ပြသင့် တယ်ဆိုတာမျိုးရောရှိလား။
တုပ်ကွေးက ၃ရက်၊ ၅ရက် တော့ဖျားကြတာပေါ့။ လူတိုင်း လည်းဖျားဖူးကြပါတယ်။ ဖျားဖူး တဲ့အခါကျတော့ သူ့ဘာသာ လည်းကောင်းသွားကြတာဆိုတော့ ရိုးရိုးတန်းတန်း ကိုယ့်ဘာသာ ပါရာစီတမော်သောက်ရင်သောက် မယ်၊ ဆရာဝန်ဆီသွားပြီးအကိုက် အခဲပျောက်ဆေးထိုးရင် ထိုးမယ် ဒါလေးတွေနဲ့သက်သာသွားတာ ရှိမယ်။ ဘယ်အချိန်မှာဖြစ်ရမလဲ ဆိုရင်လူနာကိုကြည့်ရမယ်၊ လူနာ ကအသက်ရှူရတာမြန်လာတယ်၊ နှလုံးခုန်လာတာ မြန်လာတယ်၊ သူ့ကိုကြည့်ရတာ တအားအန်ပြီး အစာတွေမဝင်တော့ဘူး၊ သွေး ပေါင်တွေသွား တိုင်းတော့လည်း သွေးပေါင်တွေကျနေမယ်၊ ဒါမျိုး တွေဖြစ်လာရင်၊ နောက်အောက် ဆီဂျင်တိုင်းလို့  ရတယ်ဆိုရင် အောက်ဆီဂျင်ဓာတ်တွေကျလာ တယ်။ ဒါမျိုးတွေဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးဆေးရုံတက် သင့်ပါတယ်။ ရိုးရိုးတန်းတန်းတုပ် ကွေးကတော့ ကိုယ့်ဘာသာအိမ် ထဲမှာပဲနေပြီး ရေသောက်ပေးပြီး တော့ အာဟာရပြည့်အောင်စား သောက်ပေးရင်ရပါတယ်။
တုပ်ကွေးကိုကာကွယ် ဆေးနဲ့ ကာကွယ်လို့လည်းရ တယ်ပေါ့နော်။ ကာကွယ်ဆေး တွေလည်းရှိတယ်ပေါ့နော်။ အဲဒီတော့ ကာကွယ်ဆေးကို ဘယ်သူတွေထိုးသင့်လဲ၊ ဘယ်သူတွေကတော့မထိုးသင့် ဘူးလဲ ဆိုတာမျိုးလေး ပြောပြပေးပါဦး။
တုပ်ကွေးကာကွယ်ဆေးက တော့နှစ်စဉ်နှစ်တိုင်းWHOကနေ prepare လုပ်တာ ကတော့ နှစ်တိုင်းထိုးခိုင်းတယ်။ အဲဒီထိုးခိုင်းတဲ့ဆေးက တစ်နှစ်နဲ့ တစ်နှစ်မတူဘူးပေါ့နော်။  ဒီနှစ်ထိုး တဲ့ ဆေးကနောက်နှစ်တူချင်မှတူ တာ။ အဲဒီအခါကျတော့ကာကွယ် ဆေးကနှစ်တိုင်းနှစ်တိုင်း ထိုးရ မှာပေါ့။ ဖြစ်နိုင်ရင်တော့လူတိုင်း လူတိုင်းထိုးသင့်ပါတယ်။ ဒါပေမယ့် အထူးထိုးသင့်တဲ့လူတွေကတော့ ရောဂါကြီးကြီးမားမားနဂိုအခံရှိတဲ့ လူတွေ၊ အသက်အရွယ်သိပ်ငယ် တဲ့ ကလေးတွေ၊ ၆လအထက် ပေါ့နော်၊ အသက် ၆၅နှစ် အ ထက်ကြီးတဲ့သူတွေ၊ ဆီးချိုသွေး ချိုရောဂါရှိတဲ့သူတွေ၊ နှလုံးရော ဂါရှိသူတွေနဲ့ ရင်ကြပ်ပန်းနာရှိတဲ့ သူတွေကတော့အထူးထိုးသင့်ပါ တယ်။ နောက်ထပ် အထူးထိုးရ မယ့်သူရှိသေးတယ်။ ကျန်းမာရေး စောင့်ရှောက်နေတဲ့ဆရာဝန်၊ ဆရာမတွေကလည်းထိုးသင့်ပါ တယ်။ တကယ်လို့သူတိုတုပ် ကွေးဖြစ်တယ်ဆိုရင်သူတို့က တော့ကောင်းသွားကြတယ်၊ သူ တို့ဆီကနေ သူတို့လူနာကိုကူး သွားမှာ စိုးလို့ပါ။ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ထမ်းတွေကို လည်း တုပ်ကွေးကာကွယ်ဆေး ထိုးပေးဖို့လိုအပ်ပါတယ်။
မထိုးလို့မရတဲ့လူနာတွေကော ရှိလား။
မထိုးလို့မရဘူးဆိုတာက လောလောဆယ်တအားဖျားနေ တယ်၊ တခြားဘတ်တီးရီးယား တွေလည်းရှိမယ်ဆိုရင်တော့ မထိုး နဲ့ဦးပေါ့။ တုပ်ကွေးကာကွယ်ဆေး ထိုးတယ်ဆိုတာ တုပ်ကွေးပိုးသေး သေးလေးအသေကောင်လေးထည့် ပေးလိုက်တာဆိုတော့ အပိုင်းအစ လေးထည့်ပေးလိုက်တာဆိုတော့ သူ့ကိုယ်ခန္ဓာစနစ်က ဒီတုပ်ကွေး ပိုးကိုကာကွယ်တဲ့ဓာတ်တွေထွက် လာအောင်လုပ်ပေးတာဆိုတော့ သူ့ရဲ့indoor system က နဂိုထဲ ကကျနေတာဆိုတော့ ထိုးပေးလဲ ထူးမှာမဟုတ်ဘူးလေ။ ပိုဆိုးဖို့ပဲ ရှိတယ်။ အဲဒါကြောင့်ဖျားနာနေရင် အဲဒီဖျားနာတာပျောက်မှပဲ တုပ် ကွေးကာကွယ်ဆေးကိုထိုးသင့် တယ်။
ကာကွယ်ဆေးထိုးပြီး ရင် ဘယ်အချိန်မှာကာကွယ်တဲ့ ဓာတ်ကရမလဲ။
ကာကွယ်ဆေးကတစ်ကယ် ကတော့ မိုးမကျခင်တည်းကစ ထိုးတာ၊ မိုးတွင်းအ တွက်ဆိုSouthern trend ဆို မိုးမကျခင်၊Northern trend ဆိုရင်လည်း ဆောင်းတွင်းအပေါ်မှာမူတည်ပြီး ထိုးရတာ။ ဒါပေမယ့် မထိုးမိဘူး ဆိုပါတော့၊ မထိုးမိရင်လည်း ကြုံ တဲ့ဆီကနေစထိုးရင်လည်း ကာ ကွယ်လို့ရပါတယ်။
ကာကွယ်ဆေးထိုးပြီး လို့တခြားဖြစ်တတ်တာမျိုးကော ရှိလား။ ဘေးထွက်ဆိုးကျိုး ဆိုပြီးရှိတတ်လား။
ကာကွယ်ဆေးထိုးလို့ side effect ကတော့မရှိသလောက်   ရှားပါတယ်။ ထိုးတဲ့နေရာနည်း နည်းပါးပါး နာတာတို့၊ နည်းနည်း ကိုက်ခဲတာလောက်ပဲရှိတယ်။ ရှော့ဖြစ်တာတို့၊ တုပ်ကွေးအကြီး စားကြီးဖြစ်တာတို့မရှိဘူး။
တုပ်ကွေးဖြစ်ဖို့ကြောက်နေ တဲ့လူနာတွေအတွက်အမှတ်တရ စားလေးပြောပေးပါဦး။
တုပ်ကွေးဖြစ်ဖို့ကြောက်နေ တဲ့ လူတွေအတွက်မဖြစ်ချင်ဘူး ဆိုရင်တုပ်ကွေးဖြစ်နိုင်ချေရှိတဲ့ လူနားကိုမသွားပါနဲ့။ ကိုယ်ကိုယ် တိုင်ကတကယ်လို့ဖြစ် လာခဲ့ရင် လည်း သူများကိုမကူးဖို့ အတွက် ကိုချောင်းဆိုးတာ၊ နှာစေးတာကို ကာဖို့နဲ့ ကိုယ့်လက်ကိုခဏခဏ ဆေးနေဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ဒီလက်ကနေ ရောဂါပိုးမွှားများ စွာကူးတဲ့အတွက် လက်ဆေးဖို့ ကို အထူးသတိပေးနေရတာပါ။ အဲလိုသာဆိုရင်တုပ်ကွေးကူးစက် တာကိုတော်တော်လေးလျော့ကျ စေနိုင်ပါတယ်။
ယခုလိုဖြေကြားပေးပါသော ဆရာမကို ကျန်းသုခHealth Guide  မဂ္ဂဇင်းမှအထူးပင်ကျေးဇူး တင်ရှိပါသည်။


တွဲဖက်ပါမောက္ခဒေါက်တာအေးဝင်းဆက်
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ