တီဘီရောဂါ ကြောက်မနေပါနဲ့


တီဘီရောဂါဆိုရင် လူတိုင်း မည်သူတစ်ဦးမျှ မကြောက်သူမရှိ ပါဘူး။ လူတိုင်း တီဘီရောဂါဖြစ် မှာကို ကြောက်ကြသလို တီဘီ ရောဂါကူးစက်ခံရမှာလည်းကြောက် ကြပါတယ်။ ကမ္ဘာကြီးပေါ်မှာလည်း တီဘီရောဂါဖြစ်ပွားမှုနှုန်း ကို ယခင်ကထက်ကျဆင်းအောင် ပြုလုပ်လျှက်ရှိနေပါတယ်။ မြန်မာ နိုင်ငံမှာလည်း တီဘီရောဂါဖြစ်ပွား နှုန်းကျဆင်းလာခြင်းမှ တစ်ဆင့် ပပျောက်အောင်အဘက်ဘက်မှ ဝိုင်းဝန်း ဆောင်ရွက်လျှက်ရှိပါ တယ်။ အဲဒီလိုပြုလုပ်တဲ့အဖွဲ့တွေ ထဲမှ မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် ရဲ့ စီမံချက်မန်နေဂျာဒေါက်တာ သက်နိုင်မောင်နဲ့ ပြောကြားချက် များကို ဖော်ပြပေးလိုက်ပါတယ်။

ဆရာတို့ Project  စတင်ခဲ့ တာက MMA PPM TBလို့ခေါ် တာပေါ့။ Public Private Mix TB စတင်ခဲ့တာ က ၂၀ဝ၇ ခုနှစ်မှာ 3Disease Fund နဲ့ စတင်ခဲ့တယ်။

ဆရာတို့ Project ရဲ့လုပ်ငန်း စဉ်တွေက။
Public Private Partnership အဓိက Private Centre က ဆရာဝန်တွေ၊ ပုဂ္ဂလိက အထွေထွေရောဂါကုဆရာဝန်တွေ နဲ့ လက်တွဲပြီးတော့ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း နဲ့ ပံ့ပိုးကူညီတဲ့လုပ်ငန်းဖြစ်ပါတယ်။ အဓိကလုပ်ငန်းစဉ်က နှစ်ခုပေါ့။ တစ်ကတော့ တီဘီရောဂါသံသ ယရှိတဲ့လူ၊ တီဘီရောဂါလက္ခဏာ ရှိတဲ့လူတွေကို ပြင်ပအထွေထွေ ရောဂါကုဆေးခန်းက ဆရာဝန် တွေကနေပြီးတော့ တီဘီရောဂါ တိုက်ဖျက်ရေးဌာနကို စနစ်တကျ ညွှန်ပို့တဲ့လုပ်ငန်း၊  စနစ်တကျ ညွှန်ပို့တယ်ဆိုတာက ကျန်းမာ ရေးပညာပေးပြီးတော့ စာရွက်စာ တမ်းလေးတွေနဲ့ တီဘီရောဂါဌာန ကို ရောက်အောင်ပို့ပေးတဲ့လုပ်ငန်း တစ်ခု၊ နောက်တစ်ခုကတော့  တချို့ဆေးခန်းတွေက တီဘီရော ဂါကို မညွှန်ပို့ဘဲနဲ့သူတို့ဆေးခန်း မှာလက်ခံပြီးတော့ ရောဂါကို ရှာဖွေပြီးတော့ ပျောက်တဲ့အထိ စနစ်တကျကုသမယ်၊ ထောက်ပံ့ မှုတွေကိုလည်းပေးမယ်။ အဲဒီဟာ ကတော့ အဓိကလုပ်ငန်းစဉ်နှစ် ခုပါ။ တီဘီရောဂါရှာဖွေရေးနဲ့ကုသ ရေးကို အထွေထွေရောဂါကုဆရာ ဝန်တွေနဲ့ပူးပေါင်းကုသတာပေါ့။
လောလောဆယ်မြန်မာနိုင်ငံ မှာ တီဘီရောဂါဖြစ်ပွားနှုန်း ဘယ် လောက်ရှိပါသလဲ။

၂၀၁၄ ခုနှစ်စာရင်းတွေအရ ဆိုရင်တီဘီရောဂါအသစ်က လူတစ် သိန်းမှာ ၃၇၃ ယောက်ရှိပါတယ်။ လူနာအသစ် ရော လူနာအဟောင်းရောဆိုရင် တော့ ၄၇၃ ယောက်ရှိတယ်။ လက်ရှိအနေနဲ့ တီဘီရောဂါက မြန်မာနိုင်ငံရဲ့အဓိကကျန်းမာရေး ပြဿနာလည်းဖြစ်တယ်။ အရင် တုန်းကတော့ တီဘီဖြစ်ပွားနှုန်း အများဆုံး ၂၂ နိုင်ငံလို့ပြောပေ မယ့် အခုနောက်ပိုင်းမှာW.H.O က ထုတ်ပြန်တာက တီဘီရောဂါ အဖြစ်ဆုံးနိုင်ငံ ၃၀၊ ဆေးယဉ်ပါး တီဘီအဖြစ်များဆုံးနိုင်ငံ ၃၀၊HIV တီဘီဖြစ်ပွားမှုအများဆုံးနိုင်ငံ ၃၀ ဆိုပြီး အခုနောက်ပိုင်းထွက်လာ တယ်။ ဆရာတို့ဆရာဝန်တွေက ပြင်ပက ဆရာဝန်တွေပါ ပူးပေါင်း ရမယ်ဆိုပြီးလုပ်ခဲ့တာ။ လုပ်ငန်း စဉ်တွေအနေနဲ့ပြီးခဲ့တဲ့နှစ်မှာ ထပ် တိုးချဲ့တာတွေရှိတယ်။

အခု နောက်ပိုင်းမှာTB HIV, MDR TBရောဂါအတွက်ကို အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း နဲ့ပူးပေါင်းပြီးတော့ ဆရာတို့ဆေး ခန်း ၂၃၀ထဲက တော်တော်များ များမှာHIV Testing  လုပ်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်းဆရာတို့ တော်တော်လေးလုပ်ပေးခဲ့တယ်။ လုပ်ပြီးလို့ အဖြေ Positvie ထွက် တယ်ဆိုရင်လည်း ညွှန်ပို့လိုက် တယ်။ အခုနောက်ဆုံး NTP ရဲ့ အညွှန်းအရဆိုရင် တီဘီလူနာ တိုင်း ကလေးပါမကျန်HIV Testing လုပ်ရမယ်။ အရင်တုန်း က လွှဲပေးရင်လူနာတွေကမသွား ချင်ဘူး။ အခုတော့ ကုတဲ့ဆေးခန်း တွေမှာ လူတိုင်းစစ်ဖြစ်အောင် တော့ တိုက်တွန်းနေရတယ်။

ဒါပေမဲ့NTP ရဲ့ မူအရ တီဘီရော ဂါဖြစ်တဲ့လူတိုင်းHIV စစ်ရတယ်။ ရောဂါရှိခဲ့ရင်လည်း ကုသဖို့အ တွက် စရိတ်တွေဘာတွေနဲ့လွှဲပေး တယ်။ ဆရာတို့ဆေးခန်းတွေမှာ ပြီးခဲ့တဲ့ ၂၀၁၅မှာလုပ်နေပြီ။ နောက်တစ်ခုကMDRTBပေါ့။ ဆေးယဉ်ပါးတီဘီက ပြီးခဲ့တဲ့ ၂၀၁၄ ကနေပြီး ၂၀၁၅အထိNTP ရဲ့တောင်းဆိုမှုနဲ့ မြို့နယ်တွေ ထဲက ဆေးယဉ်ပါးတီဘီလူနာ တွေကို ငွေကြေးထောက်ပံ့တာ လုပ်တယ်။ အခုထိမြို့နယ် ၂၀ မှာMDRTBနဲ့ပတ်သက်တဲ့ လူထုအသိပညာပေးရေးလုပ်ငန်း တွေလုပ်တယ်၊ အဲဒါက ၂၀၁၄-၂၀၁၅ နှစ်နှစ်ရှိပြီ လုပ်နေတာပေါ့။ ခုနကပြောသလို ရိုးရိုးလွှဲတာ၊ ကု တာမဟုတ်တော့ဘဲနဲMDRTB မှာလည်း ပါလာတယ်။TB HIV မှာလည်းပါလာပြီ။ မနှစ်ကထူးခြား တာက Private Hospital မှာ စည်းရုံးပြီးတော့လုပ်တယ်။

ဘာ ဖြစ်လို့လုပ်တာလဲဆိုရင် Private Hospital ဆိုတာ ဝင်ရအရမ်း ခက်တယ်။Specialist တွေရှိ တယ်။ ဆေးခန်းတွေကတော့ ဝင် လို့ရပေမဲ့ ပုဂ္ဂလိကဆေးရုံတွေကို မနှစ်ကစပြီး မြောက်ဒဂုံက တိုးလင်းအောင်ဆေးရုံ၊ နောက် တစ်ခုက ဇီဝိတဒါန သံဃာ့ဆေး ရုံကြီးရဲ့ လူပုဂ္ဂိုလ် OPD မှာ ဆရာ တို့ဆီကထားပြီးတော့ အဲဒီကနေ လူနာတွေကိုလက်ခံပြီး ကုပေး တယ်။ အဲဒါလည်းအများကြီး အောင်မြင်တယ်။ အဓိကက ငါးခု ပေါ့။ လူနာတွေလွှဲတယ်၊ လူနာ တွေကုတယ်။HIV စစ်ဆေး တယ်။MDRTB ကိုလည်း ထောက်ပံ့ပေးတယ်။ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ကုပေးတယ်။

တီဘီရောဂါက အဆုတ်အပြင် ခန္ဓာကိုယ်ရဲ့အခြားနေရာမှာ ဖြစ်တာရောရှိလား။
           တီဘီမှာက ဆရာတို့လည်း မသိတာရှိမှာပေါ့နော်။ အဆုတ် မှာဖြစ်သောတီဘီနဲ့ အဆုတ်ပြင်ပ မှာဖြစ်သောတီဘီတွေရှိတယ်။ အ ဆုတ်မှာဖြစ်သောတီဘီကတော့ လူတွေသိတယ်။ အဆုတ်ပြင်ပမှာ က အများကြီးပါပဲ။ လူတွေတော် တော်များများသိတာ ကျောရိုးမ ကြီးတီဘီ၊ အူမှာဖြစ်တဲ့တီဘီတွေ ရှိတယ်။ ဦးနှောက်အမြှေးပါးရောင် တဲ့ တီဘီတွေရှိတယ်။ ကျောက် ကပ်မှာ ဖြစ်တာတွေရှိတယ်။

အကျိတ်တွေမှာဖြစ်တဲ့ တီဘီတွေ ရှိတယ်။ အဲဒါတွေအားလုံးက အဆုတ်ပြင်ပတီဘီတွေဖြစ်တယ်။
အဆုတ်ပြင်ပတီဘီတွေက တကယ်တော့မနည်းလှဘူး။ ဒါပေ မဲ့ ဒါတွေကအဆုတ်မှာ အရင်းခံ သွားကြတာပါပဲ။ အဆုတ်ရောဂါ တီဘီက နည်းအမျိုးမျိုးနဲ့မပျောက် ဘဲ ကျန်တဲ့နေရာတွေကူးသွား ကြတာ။ တီဘီက ခန္ဓာကိုယ်နေ ရာ တော်တော်များများမှာဖြစ်နိုင် တယ်။ နောက်တစ်ခုရှိသေးတယ်၊ အဆုတ်ရဲ့အမြှေးပါးမှာ ရေဝင် တယ်၊ အဆုတ်ထဲရေဝင်တယ်လို့ ပြောကြတယ်၊ တကယ်တော့ အဆုတ်ရဲ့အမြှေးပါးမှာရေဝင်သွား တာ။ ရေဝင်သွားတယ်ဆိုတာ တီဘီကဝင်တာ၊ ဒါပေမဲ့ အဲဒါက အဆုတ်တီဘီမဟုတ်ဘူး။ အ ဆုတ်ရဲ့ပြင်ပမှာဖြစ်တာ။ အဆုတ် မှာအပြောက်တွေဖြစ်နေပေမယ့် ရေတွေဝိုင်းနေတာက အဆုတ် ရဲ့အမြှေးပါးထဲ ရေကဝင်သွား တာ။ လေဝင်တယ်ဆိုတာက လည်း အဲဒီအတိုင်းပဲ။ တီဘီမှာ ဆိုရင်အဆုတ်တီဘီနဲ့အဆုတ်ပြင် ပတီဘီ။ ဆရာတို့ကတော့အကုန် လုံးကို စစ်ဆေးကုသပေးတယ်။ ဥပမာ-အဆုတ်ပြင်ပတီဘီအ ကျိတ်ဆိုရင်လည်း အကျိတ်ရိုးရိုး တန်းတန်းကုလို့ရတယ်ဆိုရင်လည်း ရိုးရိုးတန်းတန်းကု၊ အကယ်၍ Biopsy လုပ်ရမယ့်အကျိတ်ဆို ရင်လည်း ပိုက်ဆံမတက်နိုင်ရင် ပိုက်ဆံထောက်ပံ့ပေးတယ်။ တီဘီ မှန်သမျှ အကုန်ကုတယ်။ ဒါပေမဲ့ သိပ်ခက်တဲ့ တီဘီဆိုရင်တော့ National TB Program ရဲ့Guideline အတိုင်းလုပ်တယ်။ သိပ်ပြီးခက်ရင်တော့ လွှဲပေးခိုင်း တယ်။ ကိုယ်တွေကအထွေထွေ ရောဂါကု ဆရာဝန်တွေဖြစ်တယ် လေ။ တီဘီSpecialist တွေမ ဟုတ်ဘူး။ သူတို့ကုတယ်လေ။ အခုဆေးရုံမှာ အကုန်တန်းစီနေ တော့ ဆေးခန်းတွေကကုလိုက် ရင် လျော့သွားတာပေါ့။ ဆေးခန်း လေးတွေမှာကုလို့ရတယ်ဆိုတော့ တော်ရုံတန်ရုံဆေးခန်းမှာ ကုတာနဲ့ ပျောက်သွားတာပေါ့။ လူနာလည်း စိတ်ချမ်းသာတယ်။ အခုဆိုဆရာ ဝန်အသင်းနဲ့အများကြီးSupport ရတယ်။ ဆရာတို့အဓိကလုပ် ဆောင်နေတာတွေကိုပြောပြပြီး တော့ ဘေးနားမှာ အထောက် အပံ့လုပ်ဆောင်တာတွေ ရှိသေး တယ်။ လူနာတွေကိုSocial Nutrinational Support ပေး တယ်။ တီဘီသံသယရှိလူနာတွေ ကို Chest X-ray ရိုက်ဖို့အတွက် ဆင်းရဲတဲ့သူတွေကို ငွေကြေးပေး တယ်။ လမ်းစရိတ်တင်ရင်ပေး တယ်။ သလိပ်က အခမဲ့စစ်ပေး တယ်။ တီဘီလူအတိုင်းကို ဆန်၊ နို့မှုန့်၊ ကွေကာအုတ်တို့ အာဟာရ ထောက်ပံ့ပေးတယ်။ ဓာတ်ခွဲခန်း တွေကိုလည်း အပြင်မှာထောင် ထားပေးတယ်။ ၂၀၁၅ ခုနှစ်အရ ဆိုရင် Private Labဘေ ထောင်ထား တာ ၁၅ ခုလောက်ရှိနေပြီ။ Private Lab ဘေ မရှိတဲ့နေရာမှာ သလိပ် ကိုလက်ခံပြီး စုဆောင်းတဲ့နေရာ လေးတွေလုပ်ထားတာရှိတယ်။

ဒီဘက်ရပ်ကွက်ကလူတွေများတယ်။ ဟိုဘက်ကဝေးတယ်ဆိုရင် ဝေးတဲ့ နေရာကစု၊ စုပြီးတော့သွားပို့ပေး တယ်။ သွားပို့ပေးတဲ့လူကိုလည်း လမ်းစရိတ်ပေးတယ်။ ဆရာဝန် တွေကိုTraining ပေးတယ်။ ညှိနှိုင်းဆွေးနွေးပွဲလေးတွေကိုသုံး လတစ်ကြိမ်၊ လေးလတစ်ကြိမ် လုပ်ပေးတယ်။ ဒါမှဆရာဝန်တွေ နဲ့ ဒီအဖွဲ့တွေနဲ့ရင်းနှီးမှာလေ။ ပြီးခဲ့ တဲ့နှစ်ကစပြီးတော့ volunteer တွေမွေးထားတယ်။ ဘယ်လိုမွေး လဲဆိုတော့မြို့နယ်တစ်မြို့နယ်မှာ မြို့နယ်တာဝန်ခံဆရာဝန်တွေရှိ တယ်။ သူ့ကိုကူညီတဲ့ဝန်ထမ်း လည်းရှိတယ်။ တခြားGP တွေရှိ တယ်။

ဒါပေမဲ့ မလုံလောက်ဘူး။ တာဝန်ခံဆရာဝန်က ကြီးကြပ်ပေး ရတာ။ သူ့ Assistant က သူ့ကို ကူညီပေးရတာ။ ဒါပေမဲ့ အဲဒီ အ ပြင် Volunteer  တစ်ယောက်ထပ် ပြီးမွေးထားတယ်။ အခုဆိုရင် ၂၅ ယောက်လောက်ရှိပြီ။GP တွေနဲ့ လူနာတွေကြားမှာ လူနာတွေလို အပ်တဲ့ဆေးတွေ အချိန်မှန်သတိ ပေးဖို့ သူတို့ရဲ့နေရာတွေမှာဖြစ်နေ တဲ့ လူတွေရှိရင် စစ်ပေးဖို့၊Health Education  ထပ်ပေးဖို့၊ လူနာတွေ အိမ်စေ့လူနာတွေပိုပြီး ထိရောက်အောင် ခုနက ဝန်ထမ်း နှစ်ယောက်တည်းနဲ့ လုံလောက် မှုရှိအောင်ဆိုပြီးတော့ Volunteer တွေမွေးပြီး လုပ်ပေးနေတယ်။GP တွေဆီကိုလည်းNTP နဲ့ပူးပေါင်း ပြီးတော့ ဆရာတို့က monitring Super Visionသွားတာလေးတွေ လည်း ရှိတယ်။

တီဘီရောဂါကူးစက်တဲ့အ ကြောင်းလေးရှင်းပြပေးပါ။
      တီဘီရောဂါပိုးရှိတဲ့လူကတဆင့် လေထဲကကူးစက်တာ။ လူ တိုင်းလူတိုင်းက အသက်ရှူနေရ တဲ့အတွက်ကြောင့် ရှောင်လို့မ လွယ်တဲ့ ကူးစက်နည်းမျိုးပဲဖြစ် တယ်။ တီဘီရောဂါပိုးကလေထဲ မှာ ဘယ်နှရက်ကြာရင်အသက် မရှင်ဘူးပြောတယ်ဆိုပေမဲ့ လေထဲ ကတစ်ဆင့် ပျံ့နှံ့ကူးစက်တာ ရှောင်ရခက်တယ်။ အဓိက ကူး စက်တာက ရောဂါပိုးရှိတဲ့လူ ချောင်းဆိုးနှာချေတာကနေ ရောဂါ ပိုးတွေ တစ်ယောက်ကနေတစ် ယောက်ကို ကူးစက်သွားတယ်။

တစ်ခုပြောချင်တာက ရောဂါပိုးကူး စက်တာရယ်၊ ဖြစ်တာရယ်၊ ရောဂါပိုး ထိတွေ့တာရယ်မတူ ဘူး။ ရောဂါပိုးက ကူးစက်တယ် ဆိုတာက ဆ ရာတို့ရောဂါပိုးကူး စက်နိုင်တယ်။ ဆရာတို့က လူနာ တွေနဲ့အများကြီးတွေ့နေတယ်။ ထိတွေ့တာ Exposure လို့ခေါ် တယ်။ ကူးစက်တာInfection လို့ခေါ်တယ်။ တကယ်ရောဂါဖြစ် တာကိုDisease လို့ခေါ်တယ်။ အဲဒီသုံးခုကို တွဲသိဖို့လိုတယ်။ ထိတွေ့တာကတော်တော်များများ ထိတွေ့တယ်။ ဆေးရုံမှာနေတယ်၊ ဘတ်စ်ကားပေါ်မှာ ထိတွေ့တယ်။ ကူးစက်တယ်ဆိုတာကကိုယ်ခန္ဓာ ကိုယ်ထဲမှာရောဂါပိုးရောက်တာရှိ တယ်။ လူတွေတော်တော်များ များကူးစက်ခံရနိုင်တယ်။

အကြမ်းဖျင်းပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူသုံးပုံတစ်ပုံဟာ တီဘီရောဂါကူးစက်ခံနေရတယ်။ လူဦးရေ သန်းပေါင်းခြောက်ထောင် ဆိုရင် နှစ်ထောင်လောက်ကူးစက် နေတယ်။ ရောဂါမဖြစ်သေးဘူး။ Exposure ကအများကြီးဖြစ်ရင် ဖြစ်မယ်။ အဲဒီအထဲမှာမှ ရောဂါ ဖြစ်တယ်ဆိုတာက ဘဝတသက် မှာ လူတစ်ယောက်ရောဂါဖြစ်နိုင် ခြေဟာ ဆယ်ပုံပုံ တစ်ပုံပဲရှိတယ်။ ဒါပေမဲ့ ခုခံအားနည်းလာပြီ။ ဒါမှ မဟုတ်HIV နဲ့ဆက်တာ ကိုယ် က ပင်ပန်းနေမယ်ဆိုရင် ခန္ဓာ ကိုယ်ထဲမှာ သုံး၊ လေး၊ ငါးနှစ်၊ ဆယ်နှစ်နေပြီးတော့မှ ရောဂါစ ဖြစ်မယ်။ အဲဒီကျမှDisease အဲ ဒီအခါ ချောင်းဆိုးမယ်၊ သွေးပါ မယ်၊ ဖျားမယ်၊ ပိန်သွားမယ်၊ ရောဂါဖြစ်ပြီ။ ရောဂါဖြစ်မှ ဆေးကု ရမှာ။ အဲဒါလေးသိဖို့လိုတယ်။

ကူးစက်တာနဲ့ရောဂါဖြစ်တဲ့အဆင့်ကို နည်းနည်းတော့သိရမယ်။ ကူး စက်ခံရနိုင်တယ်။ ဒါပေမဲ့ ကိုယ်ခံ အားကောင်းအောင် နေရမယ်။HIV ဖြစ်တဲ့လူဆို ပိုကူးနိုင်တာ ပေါ့။ နောက်ပြီးတော့ သွေးချို၊ ဆီးချိုဖြစ်နေတဲ့လူ ပိုကူးနိုင်တယ်။ ဒါကတော့ လူတိုင်းလူတိုင်း သိထားရမယ်။

ကိုယ်ဝန်ဆောင်တွေမှာ တီဘီဖြစ်ရင် မွေးလာမယ့်ကူးစက် နိုင်လား။
တီဘီရောဂါက အခုချိန်ထိ တော့ မွေးရာပါရောဂါမဟုတ်ဘူး၊ မျိုးရိုးလိုက်သောရောဂါမဟုတ်ဘူး။ ဒါတွေက ရှားရှားပါးပါးစာတွေထဲ မှာရေးထားတယ်ဆိုပေမယ့်လို့ တီ ဘီရောဂါဟာမွေးရာပါမျိုးရိုးလိုက် သောရောဂါမဟုတ်ပါ။ တီဘီရော ဂါဖြစ်တဲ့လူရှိလားဆိုရင် ဘယ်လို ဖြေလဲဆိုတော့ ဆရာရယ် ကျွန်မ တို့မျိုးရိုးထဲမှာမရှိပါဘူး။ အဲ့လိုပြော တာမဟုတ်ဘူး။ အတူနေ သို့မ ဟုတ် မိမိရဲ့မိသားစုသော်လည်း ကောင်း၊ တီဘီရောဂါဖြစ်နေသ လား၊ ချောင်းဆိုးနေသလား၊ ချောင်းဆိုးပြီးတော့ ကူးနိုင်တာပေါ့။ ဒါကြောင့်မို့ အတူနေသူတွေမှာ ရောဂါကူးစက်နိုင်တဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်တွေမှာလည်း တီဘီဖြစ်နိုင်တယ်။ ကုသတဲ့အခါ မှာ သေသေချာချာလေးကုသရ တယ်။ ဆေးတွေက ကလေးကို ထိခိုက်နိုင်တယ်။ တီဘီရောဂါဖြစ် လို့ ဆေးသောက်နေရင်းမွေးရမယ် ဆိုရင်တော့ သူ့ကိုမကူးစက် အောင်ကာကွယ်ထားရင် ကလေး ကိုမကူးဘူးပေါ့။ ဒါကလည်းတီဘီ ရောဂါမှာ အရေးကြီးတယ်။ ရော ဂါပိုးတွေမကူးစက်အောင်ထိန်း သိမ်းတဲ့နည်းတွေကိုလုပ်ရင်မကူး စက်ပါဘူး။

ရောဂါပိုးတွေမကူးစက်အောင် ဘယ်လိုထိန်းသိမ်းတဲ့နည်းတွေရှိ လဲ။
အဲဒါကအရေးကြီးတဲ့အပိုင်း ပေါ့။ ဆရာတို့လုပ်နေတဲ့GP  ဆေး ခန်းတွေမှာ ရောဂါပိုးမကူးစက်နိုင် ဖို့အတွက် သူတို့ဘယ်လိုလုပ်လဲ ဆိုတာကို သုတေသနလုပ်ခဲ့ တယ်။ တစ်နိုင်ငံလုံးမှာဆရာတို့ ဆေးခန်း ပေါင်း ၂၄၀ရှိတယ်။ ဒါ က ဘာလို့သိသင့်လဲဆိုတော့ ဆရာဝန်တွေက ပိုကူးစက်နိုင်ဖို့များ တယ်လေ။ သူတို့ရဲ့ဆေးခန်းတွေ မှာ ဘယ်လိုကျင့်သုံးနေလဲ။ သူတို့ ရဲ့လက်ရှိအနေအထားဘယ်လောက် ရှိလဲ။ လူနာတွေကိုဘယ်လိုပုံစံနဲ့ ဆက်ဆံပြီးတော့ရောဂါကူးစက်မှု အနေအထားတွေ ဘယ်လောက် ရှိလဲ။ အခုနောက်ပိုင်းမှာ အရမ်း အရေးကြီးတယ်။ တီဘီရောဂါက ဘာကြောင့်ကူးလဲ၊ လေထဲကနေ ပြီးတော့ ချောင်းဆိုး၊ နှာချေ၊ ရယ်မောရင်း ရောဂါပိုးရှိရင်ကူး တယ်။ အဲဒီလိုနည်းတွေနဲ့မကူး စက်နိုင်အောင်ကိုယ်ကကြိုတင် ပြီးတော့ကာကွယ်ရမယ်။ တီဘီ ရောဂါကိုမကူးစက်အောင်နည်း လမ်းတွေကတော့Administrative measure စီမံအုပ်ချုပ်မှုလို့ ခေါ်တယ်။ Environmental measure  သဘာဝပတ်ဝန်းကျင်။ Personal Protective မိမိကိုယ်ကိုကာကွယ်တာ။

တီဘီ ရောဂါဆိုရင်လူတွေကလှမ်းမြင် တယ်။ Mask (နှာခေါင်းစည်း) တွေ။ အဲဒါကနောက်ဆုံးမှ။ ခုနက ပြောတဲ့သုံးခုထဲက ပထမအရေး ကြီးဆုံးက Administrative ပဲ။ ဆေးခန်းတွေမှာချောင်းဆိုး၊ နှာ ချေတဲ့အခါမှာ လက်နဲ့အုပ်ပြီး ဆိုး နိုင်ဖို့အတွက် အသိပေးကြတဲ့ အ ချက်အလက်တွေ၊ ဆေးခန်းမှာ လာတဲ့လူတွေကို ဦးစားပေးရမယ်။ ချောင်းဆိုးနေတဲ့လူ ချက်ချင်းသွင်း ဖြစ်နိုင်ရင် တီဘီလူနာတွေအ တွက်waiting areaသပ်သပ် ထား။ တစ်နည်းအားဖြင့် တီဘီ ရောဂါကိုစတင်ပြီးတော့မကူးအောင် အုပ်ချုပ်မှုအရ ချောင်းဆိုးနေတဲ့သူ တွေမြန်မြန်သွင်း၊ သူတို့တွေကို လက်ကိုင်ပုဝါမပါရင်ပေးထား၊ စီမံ အုပ်ချုပ်မှုကောင်းရင်မကူးဘူး။ သူ့ ကိုချက်ချင်းသွင်း၊ ချက်ချင်းကု၊ အဲဒီလိုမလုပ်ရင် ဘေးလူတွေကူး ကုန်မယ်။ နောက်တစ်ခါ Environmental အဲဒါကလူတိုင်းသိ တယ်။ လေဝင်လေထွက်ကောင်း ရမယ်။

လေသေမဖြစ်ရဘူး။ လေကစီးဆင်းနေရမယ်။ ဆေးခန်း တွေမှာ Air- Con တွေနဲ့ပိတ်နေ တယ်။ တကယ်တော့ဆေးခန်းမှာ Air- Con မတပ်ရဘူး။ တီဘီတစ် ခုတည်းမဟုတ်ဘူး တခြားဟာ တွေရှိတယ်။ ဖြစ်နိုင်ရင် လေဝင် လေထွက်ကောင်းရမယ်။ တံခါး တွေနဲ့ အပေါက်ဖွင့်ထားရင် ပိုကောင်းတယ်။ Environmental ဆိုတာလေဝင်လေထွက် ကောင်းရမယ်။ ပြီးခဲ့တဲ့နှစ်က ဆေးခန်းတွေမှာ Air Flow ဘယ် လောက်ရှိလဲဆိုတာတိုင်းတဲ့ကိရိယာ လေးနဲ့တိုင်းတယ်။ အဲဒါလေးကW.H.O ကကူညီပေးတာ။ Air Flow ကမရှိဘူး၊ ပြတင်းပေါက်မှာ သွားတိုင်း ဘယ်လောက်ရှိရမယ်၊ Air Flow နိမ့်ရင် ဆေးခန်းကမ ကောင်းရင် တီဘီရောဂါကူးနိုင် တယ်။ တချို့ဆေးခန်းတွေက Exalt Fanတပ်ထားတယ်။

အမြင့် ပေက အနည်းဆုံးကိုးပေရှိရမယ်၊ ကျဉ်းကျဉ်းလေးနဲ့ပိတ်ပိတ်လေးလား၊ နောက် Personal protective ကတော့Maskပဲ၊Mask မှာN35ဆိုတာနောက်ဆုံးပေါ့။ တီဘီ ရောဂါဖြစ်နိုင်ချေရှိတဲ့လူတွေနဲ့ ဖြစ် နေတဲ့လူတွေကတော့ ချောင်းဆိုး နေရင် အကောင်းဆုံးက ရိုးရိုးSurgical mask က အကောင်း ဆုံးပါပဲ။ ဒါက လူနာဖြစ်နိုင်ခြေရှိ တဲ့လူ။ အဲဒါက မိမိကနေအပြင်မ ထွက်အောင်ကာကွယ်တာ။ကျန်း မာရေးဝန်ထမ်းတွေ စောင့်ရှောက် တဲ့လူတွေအနေနဲ့ကN 35 လို့ခေါ် တဲ့ Maskကိုတပ်ရတယ်။ ဆေးရုံ တွေမှာက MDRTBကိုင်တဲ့လူ တွေဆို အဲဒါတပ်ရတယ်။ ဆရာ တို့ဆီမှာMDRTB Support လုပ်တဲ့လူတွေကို အဲဒါပေးထား တယ်။ ရိုးရိုးTB ဖြစ်ဖြစ်၊MDR TB ဖြစ်ဖြစ် သူကရိုးရိုး Mask တပ်လို့ရတယ်။ သူတို့ကိုမပြော ထားဘူး။ ဆရာဝန်ကတကယ် တမ်းတပ်ရမှာကN35 တပ်ရမှာ။ အဲဒါမှ ကာကွယ်နိုင်မှာ N35 က သူများဆီကလာတာကိုကာ ကွယ်ဖို့။ ရိုးရိုး Mask  က ကိုယ့် ဆီကဟာ အပြင်မထွက်သွားဖို့။ လူနာနဲ့ဖြစ်နိုင်ချေရှိတဲ့လူတွေက ရိုး ရိုးSurgical Mask ကိုတပ်ရမယ် အဲဒါက Personal  ပဲ။ ဒီနည်းလမ်း သုံးခုက တီဘီရောဂါကာကွယ်မှု ပဲ။ အဲဒါ အရေးကြီးတယ်။

တီဘီရောဂါဖြစ်ပြီးလို့ရောဂါ ပျောက်သွားရင် ဘယ်လိုနေထိုင် သင့်လဲ။

တီဘီရောဂါကတော့ ကုသ လို့ပျောက်ကင်းတဲ့အထဲမှာပါဝင် တယ်။ တီဘီရောဂါကူးစက်ပြီးလို့ ပျောက်ကင်းသွားတဲ့ လူအဖို့က လည်း တီဘီရောဂါကပြန်ဖြစ် တယ်ဆိုတာနည်းတယ်။ ဒါပေမဲ့ ပြန်ဖြစ်တတ်တယ်။ ပြန်ပြီးကူး စက်ခံရနိုင်တယ်၊ မိမိရဲ့ကိုယ်ခံ အားကိုကောင်းအောင်နေရမယ်။ အရက်တို့ဆေးလိပ်တို့ မသုံးဘဲ မိမိရဲ့ကိုယ်ခံအားကို အာဟာရ ပြည့်ဝအောင်စားသုံးပြီးနေရမယ်။

တီဘီရောဂါဖြစ်ဖူးတဲ့လူတွေ၊ တီဘီရောဂါသလိပ်ပိုးတွေ့တဲ့ လူ တွေက ဖြစ်နိုင်ရင်သလိပ်ကိုပြန် လည်စစ်ဆေးဖို့ ပျောက်သွားပြီး တောင်ပထမခြောက်လမှာတစ်လ တစ်ကြိမ်ပြန်ပြီးဆေးကုသတဲ့ ဆေးခန်းတွေ ညွှန်ကြားချက်အ တိုင်း သလိပ်စစ်ဖို့လိုအပ်တယ်။ ခြောက်လအတွင်းတစ်လတစ်ကြိမ် တော့ ပြန်စစ်ကြည့်ဖို့ညွှန်ကြား ထားတာလည်းရှိတယ်။ အဓိက ဆိုလိုချင်တာကမိမိရဲ့ကိုယ်ခံအား မကျဆင်းအောင်ရှောင်သင့်တာရှောင် ရမယ်။ အာဟာရပြည့်ဝအောင် စားပြီးတော့နေရမယ်။ မိမိမှာ ထူးခြားတဲ့လက္ခဏာတွေပေါ် လာရင်တော့ ဆေးရုံတက်သင့် တယ်။ ဒါပေမဲ့ ဘာမှစိုးရိမ်စရာမ ရှိပါဘူး။

ဒေါက်တာသက်နိုင်မောင်
Health Guide
http://www.mmhealthguide.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ