ကင်ဆာ တွန်းလှန်နိုင်တဲ့ အစားအစာများ


လူသားတွေ နေ့စဉ်စားသောက်တဲ့ အစာအာဟာရက ကင်ဆာကို ဆန့်ကျင် တိုက်ခိုက်ဖို့ လက်နက်ဖြစ်ကြောင်း ယုံကြည်လက်ခံ ထားကြပြီပဲ ဖြစ်တယ်။''အမေရိကန် အမျိုးသား ကင်ဆာသိပ္ပံ''က ကင်ဆာရောဂါ အားလုံးရဲ့ သုံးပုံတစ်ပုံ ဟာ နေ့စဉ်အာဟာရနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး သုတေသန ပြုချက်အရ စားသုံးတဲ့ အစားအစာ တွေက ကင်ဆာရောဂါ ဖြစ်ပွားမှု လျှော့ချပေးတယ်လို့ ညွှန်ပြထားပါတယ်။ နိုင်ငံပေါင်း ၁၇ နိုင်ငံက လတ်တလော ပြုစုထားတဲ့ သုတေသန ၁၇ဝ အရ သစ်သီးနဲ့ ဟင်းသီးဟင်း ရွက်ကို အများဆုံး စားသုံးသူက အနည်းအပါး စားသုံးသူ ထက် ကင်ဆာဖြစ်ပွားနှုန်း ထက်ဝက်လျော့နည်းကြောင်း ထောက်ပြကြပါတယ်။

အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ မမျိုးဥ အိမ်ကင်ဆာတို့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို မကြာခဏစားသုံးရင် ကင်ဆာ အန္တရာယ် လျော့နည်းနိုင်ကြောင်း အကြံပြုထားပါတယ်။ ဟင်းသီးဟင်းရွက်တွေက စီး ကရက်မီးခိုးလို ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းကို ဆန့်ကျင်ဖို့ ထိရောက်တယ်ဆိုတာ မယုံနိုင်စရာပဲ''ဟု ကင်ဆာပါရဂူ တင်ဘာယာက ဆိုတယ်။

ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ယူဆတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးမှာ ဘီတာ ကာရိုတင်းဖြစ်တယ်။ ယင်းကို အစိမ်းရင့်ရောင်၊အဝါရောင်နဲ့ လိမ္မော်ရောင် ဟင်းရွက်တွေမှာ သိပ်သည်းစွာ ပါရှိတယ်။ မုန်လာဥနီ၊ အာလူးနဲ့ ဟင်းနုနွယ်တို့ ဖြစ်ကြပါတယ်။ ဘီတာကာရိုတင်း မြင့်မားစွာပါတဲ့ သစ်သီးတွေက ဘင်္ဂလားဆီး သီး၊ ကင်တယ်လုခေါ် အရစ်ပါတဲ့ ဖရဲသီးတစ်မျိုးတို့ ဖြစ်တယ်။

ဘီတာကာရိုတင်းက ကင်ဆာအကျိတ်မှ ထုတ်ယူတဲ့ ကလာပ်စည်းဆဲလ်ပေါ်မှာ အဆိပ်အတောက် ဖြစ်စေတဲ့ သတ္တိရှိတယ်။ အဆုတ်ကင်ဆာ ကလာပ်စည်းတွေ တိုးပွားမှု လျော့စေတယ်။ အကျိတ်ပိုမို ကြီးထွားစေတဲ့ ပရိုတိန်း အသား ဓာတ်ကိုလည်း ပုံစံပြောင်းပေးတယ်။ ဘီတာကာရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ရက်တင်းနစ်အက်စစ်အဖြစ် ပြောင်းလဲ သွားနိုင်တယ်။ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစားအစာတွေ ဖြစ်ကြတယ်။

ခရမ်းချဉ်သီးမှာ ကင်ဆာရဲ့အန္တရာယ်ကို လျော့ကျစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ ခရမ်းချဉ်သီးကို နီစေတဲ့ သဘာဝ ဆိုးဆေးလိုင်ကိုပင် ပါဝင်တယ်။ လိုင်ကိုပင်ဟာ ဓာတ်တိုး ဆန့်ကျင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး ဖရဲသီးနဲ့ ဘင်္ဂလားဆီးသီးမှာလည်း တွေ့ရပါတယ်။

သွေးထဲမှာ လိုင်ကိုလင်းဓာတ် နည်းနေခြင်းက ပန်ကရိယ ကင်ဆာဖြစ်စေတဲ့ အန္တရာယ် မြင့်တက်နိုင်တယ်။ ခရမ်းချဉ် သီးနဲ့ပြုလုပ်တဲ့ ငရုတ်ရည်၊ ခရမ်းချဉ်သီးအဆီနဲ့ ခရမ်းချဉ်သီး ချဉ်ရေမှာ လိုင်ကိုလင်း ပါဝင်တယ်။

ဟင်းသီးဟင်းရွက် စိမ်းတွေက ကင်ဆာရောဂါ အန္တရာယ် လျှော့ချနိုင်တယ်။ ဘရိုကိုလီခေါ် အပွင့်များစိမ်းနေတဲ့ မုန်လာထုပ်၊ ပန်းဂေါ်ဖီ ထုပ်၊ ကေးခေါ် အရွက်တွန့်ပြီး အူတိုင်မပါတဲ့ ဂေါ်ဖီထုပ်နဲ့ အစိမ်းရင့်ရောင် ဆလတ်ရွက်တွေမှာ ဘီတာကာရိုတင်း၊ ဖော့လိတ်နဲ့ လူတင်အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အပြည့်အဝ ပါဝင်တယ်။ ဟင်းရွက်မှာ အစိမ်းရင့်လေ ဓာတ် တိုးဆန့်ကျင်ပစ္စည်း ပါဝင်နှုန်း များလေဖြစ်တယ်။

အနံ့ပြင်းထန်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နွေကြက်သွန်ဥ အပါအဝင် အနံ့ပြင်းတဲ့ အရွက်တွေမှာ ကင်ဆာရောဂါ ဟန့်တားနိုင်တယ်လို့ ယူဆရတဲ့ ဓာတုပစ္စည်း အများအပြား ပါဝင်တယ်။ တိရစ္ဆာန်တွေမှာ စမ်းသပ်မှုအရ ယင်းဓာတု ပစ္စည်းဟာ အူမကြီးကင်ဆာ၊ အစာအိမ်၊ အဆုတ်နဲ့ အသည်းကင်ဆာတို့နဲ့ ဆက်နွှယ်တဲ့ ကင် ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ပိတ်ဆို့ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပိုစားသုံးတဲ့သူတွေဟာ အစာလမ်းကြောင်း ကင်ဆာဖြစ်နိုင်ခြေ နည်းပါးပါတယ်။

ကြက်သွန်ဖြူဓာတ်ပေါင်းဟာ ကင်ဆာရောဂါ တိုးတက်မှုကို ဟန့်တားနိုင်ကြောင်း သုတေသနပြုချက်က အကြံပြုထားတယ်။ ကြက်သွန်ဖြူက အေဂျုံးဟာ ကင်ဆာကလာပ် စည်းတွေ အဆိပ်အတောက် ဖြစ်စေကြောင်း တွေ့ရှိခဲ့တယ်။ ကြက်သွန်ဖြူသည် ခန္ဓာကိုယ် ခုခံမှုစနစ်ကို မြှင့်တင်ပေးခြင်းကြောင့် ကင်ဆာရောဂါကို ဆန့်ကျင်ဆောင်ရွက်နိုင် ကြောင်း ကယ်လီဖိုးနီးယား လိုမာလင် တက္ကသိုလ် ဆေးကောလိပ်မှာ ပြုလုပ်တဲ့ သုတေသနအရ သိရှိခဲ့ရပါတယ်။ ကြက်သွန်ဖြူပါ ''ကန့်''ဓာတ်ဟာ အကျိတ်ကလာပ်စည်းကို ပျက်စီးနိုင်တဲ့ ခုခံမှုစနစ် စွမ်းရည်မြှင့်တင် ပေးပါတယ်။

ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ သံပရာသီးကို တတ်နိုင်သမျှ မကြာမကြာ စားပေးရင် ကင်ဆာရောဂါ ပျောက် နိုင်ကြောင်း အဆိပ်ဗေဒသုတေသီ ဟားဗတ်ပီယာဆင်က ဆိုတယ်။ ယင်းရှောက်နွယ်ဝင် အသီးတွေမှာ အင်အားကြီး တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ချေဖျက်နိုင်တဲ့ သဘာဝပစ္စည်း ကာရိုကင်နွိုက်၊ ပလာဗိုနွိုက်နဲ့ အခြားပစ္စည်း အ ဆင့်တန်း အမျိုးမျိုး ပါဝင်နေတယ်။ ရှောက်မျိုးနွယ်ပင်တွေက ပန်ကရိယ ကင်ဆာအန္တရာယ် လျှော့ချဖို့ ထိရောက် လှပါတယ်။

ပန်းပွင့်ပုံသဏ္ဌာန် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ အစိမ်းရင့်ရောင်မုန်ညင်း၊ ကိုက်လန်နဲ့ မုန်လာဥ စတဲ့အပွင့်သဏ္ဌာန် ဟင်းရွက်တွေက ရင်သားကင်ဆာကို လျော့စေတယ်။

ဂေါ်ဖီထုပ်နဲ့ အစိမ်းရင့်ရောင်ဟင်းသီး ဟင်းရွက်တွေကို အဆီနည်းတဲ့ အစာနဲ့ တွဲဖက်ကျွေးမွေးရင် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့နည်းစေကြောင်း သုတေ သီတွေ တွေ့ရှိခဲ့တယ်။နေ့စဉ်အစိမ်းလိုက်၊ ရေနွေးဖြောပြီး တို့စား သို့မဟုတ် အနည်းငယ်မျှ ချက်ပြုတ်စားသင့်တယ်။ အလွန်အကျွံ ချက်ပြုတ်ထားရင် ကင်ဆာကို ကာကွယ်စေနိုင် တဲ့ အင်ဒေါဓာတ်တိုးပစ္စည်း ပျက်စီးစေတယ်။

ပန်းပွင့်သဏ္ဌာန် အသီးအရွက်တွေက အစာအိမ်နဲ့ အူမကြီး ကင်ဆာမှာလည်း ရှေ့ဆုံးက ကာကွယ်ပေးတယ်။ ဟင်း သီးဟင်းရွက် အများဆုံး စားသုံးသူတွေဟာ ဟင်းသီး ဟင်းရွက် အနည်းအကျဉ်း စားသုံးသူတို့ထက်စာရင် အူမကြီး ကင်ဆာဖြစ်နှုန်း အန္တရာယ် ၇ဝ ရာခိုင်နှုန်းထိ လျော့နည်းကြောင်း ပြသခဲ့တယ်။

ပဲငံပြာရည် ပြုလုပ်တဲ့ပဲမှာ ကင်ဆာကို တားဆီးနိုင်တဲ့ ဓာတ်ပေါင်းငါးမျိုး ပါဝင်တယ်။ ဓာတ်ပေါင်းတစ်ခုမှာ တာမိုဇီဖင် ဆေးနဲ့အလားတူတယ်။ ယင်းကို အက်စတြိုဂျင်ဟော်မုန်း မှီခို မှုရှိတဲ့ ရင်သားကင်ဆာ ကုသဖို့ ပုံမှန်သုံးစွဲနေတယ်။ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ခြောက်သွေ့ပြီး စည်သွတ်ထားတဲ့ ပဲများ၊ ပဲကတ္တီပါ၊ ပဲပင်ပေါက်တို့က ကင်ဆာ ဆန့်ကျင်ပစ္စည်းဖြစ်တယ်။

ဂျုံဖွဲနုက အူမကြီးကင်ဆာ လျော့ကျစေတယ်။ နေ့စဉ်ဂျုံဖွဲနု နှစ်အောင်စကျိုပြီး တိုက်ကျွေးတဲ့ လူနာတွေမှာ ကင်ဆာ သိုင်ရာအူမကြီး ကင်ဆာအချွဲလွှာမှ ပေါလစ်ခေါ် အသားပိုငယ် များ ခြောက်လအတွင်း ရှုံ့တွစေကြောင်း သိရပါတယ်။ အဆီပြည့်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းက ကင်ဆာရောဂါ အားပေးနေချိန်မှာ အဆီထုတ်ထားတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းက ကင် ဆာကို ဆန့်ကျင်တယ်။ နွားနို့သောက်သူတွေက အစာအိမ်၊ အူမကြီးကင်ဆာ၊ အဆုတ်၊ ဆီးအိမ်၊ ရင်သားနဲ့ သားအိမ်ခေါင်းကင်ဆာတွေမှာ အခြေအနေ ကောင်းကြောင်း သိရပါ တယ်။ ကင်ဆာမဖြစ်အောင် ကင်ဆာ တွန်းလှန်နိုင်တဲ့ အစားအစာတွေ စားပေးကြဖို့ တိုက်တွန်းပါတယ်။ ။

ဒေါက်တာ လွင်သန့်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ