ဂျူးမြစ်နှင့် ကျန်းမာရေး


ဂျူးမြစ်ကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်နှင့် နောင်တရားမြို့နယ်ခွဲတို့တွင် စိုက်ပျိုးကြသည်။ ဂျူးမြစ်ကိုကြော်၍လည်းကောင်း၊ အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ချဉ်ဟင်းချက်၍လည်းကောင်း၊ အသား၊ ပဲပုတ်တို့နှင့် ရောချက်၍လည်းကောင်း စားသုံးကြ သည်။

ဂျူးမြစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန် ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကြောင့် ဖြစ်သော ရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေပါသည်။

ဂျူးမြစ်တွင် ပါဝင်သော အာဟာရဓါတ်များမှာ ဂျူးမြစ် (၁၀၀) ဂရမ်လျှင် ကာဗွန်ဟိုက်ဒရိတ် ၄.၃၅ ဂရမ်၊ ပရိုတိန်း ၃.၂၇ ဂရမ်၊ အဆီ ၀.၇၃ ဂရမ်၊ ကိုလက်စထရော ၀.၀ မီလီဂရမ်၊ အမျှင်ဓါတ် ၂.၅ ဂရမ်၊ စွမ်းအင် ၃၀ KcaL ပါရှိပါသည်။

ဂျူးမြစ်တွင် ပါဝင်သော ဗီတာမင်များမှာ ဖောလစ်အက်ဆစ် ၁၀၅ µg၊ နိုင်ယာစင် ၂၁၂.၇ µg၊ ဗီတာမင် အေ ၄၃၅၃ lU၊ ဗီတာမင် ကေ ၂၁၂.၇ µg၊ သိုင်ယာမင်း ၀.၀၇၈ mg၊ ဗီတာမင် စီ ၅၈.၁ mg၊ ဗီတာမင် အီး ၀.၂၁ mgတို့ ပါရှိပါသည်။

ဂျူးမြစ်တွင် ပါဝင်သော သတ္တုဓါတ်များမှာ ကယ်ဆီယမ် ၉၂ mg ၊ ကော့ပါး ၀.၁၅၇ mg၊ သံဓါတ် ၁.၆၀ mg၊ မဂ္ဂနီဆီယမ် ၄၂ mg၊ မဂ္ဂနီးစ် ၀.၃၇၃ mg၊ ဆီလီနီယမ် ၀.၉၀ µg၊ ဇင့် ၀.၅၆ mg ပါရှိပါသည်။

ကင်ဆာရောဂါကာကွယ်သည့် ဒြပ်ပေါင်းများမှာ သိုင်အိုဆိုင်ဖိုနိတ်စ် ၃.၆ mg၊ β -ကယ်ရိုတင်း ၂၆၁၂ µg၊ β- ကရိုင်တို ဇန်သင် ၀.၀ µg၊ လူတိန်း - ဇီဇန်သင် ၃၂၃ µg ပါရှိသည်။

စိုက်ပျိုးသည့် ဒေသ၏ အပူချိန်ပေါ်မူတည်၍ ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် သိုင်အိုဆိုင်ဖိုနိတ်စ် ဓါတ်ပေါင်း ပါဝင်မှု ကွာခြားသည်။ နေ့အပူချိန် (၂၁•) စင်တီဂရိတ်တွင် ၁၅ µmol/ g၊ (၂၅•) စင်တီဂရိတ်တွင် ၃၆ µmol/ g နှင့် (၃၁•) စင်တီဂရိတ်တွင် ၅၃µmol/ g ပါဝင်သည်။

ဂျူးမြစ်၏ အာဟာရတန်ဖိုးမပျက်စီးစေရန် သိုလှောင်နည်းစနစ်မှာ အပူချိန် (၃ ± ၁•C) အတွင်း သိုလှောင်ပါက (၂၅-၃၅) ရက် အထိ သိုလှောင်နိုင်သည်။ ပုံမှန်အခန်းအပူချိန် (၂၅ ± ၁•C) ဖြင့် သိုလှောင်ပါက (၅ - ၇) ရက်အထိ အာဟာရတန်ဖိုးများ မပျက်စီးပဲ သိုလှောင်နိုင်သည်။ အခန်း၏ စိုထိုင်းဆ (၉၀ - ၉၅%) တွင် သိုလှောင်ရန် အသင့်တော်ဆုံးဖြစ်သည်။ ပါကင်တစ်ဘူးလျှင် (၅ - ၁၀) kg စီ ပလတ်စတစ်ပါးစဖြင့် ထုတ်ပိုး၍ ထည့်သွင်း၍ ဈေးကွက်သို့ တင်ပို့နိုင်သည်။ ပန်းပွင့်ချိန်တွင် ဟော်မုန်း (၂, ၄ - D) သို့ GA3 ပတ်ဖျန်းထားပါက သိုလှောင်ချိန်တွင် အရည်အသွေးပိုမို ကောင်းမွန်စေသည်။

ဂျူးမြစ်မှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့် ထုတ်ကုန်များမှာ အအေးခံဂျူးရွက် (Forzen Chinese chives leaves) ၊ ဂျူးမြစ် ရှာလကာရည် (vine gar with Chinese chives) ၊ သီးရွက်စုံ ဆလတ် (Basil, Chinese chives, leek Salad)၊ ငါး + ဂျူးမြစ်ခဲပတ်ကင် (First Backed Chinese chives Sprinkled) ၊ အသင့်သုံး ကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင် (User-Friendly Herbs Ready Made Spices)တို့ ဖြစ်ကြပါသည်။

( မှတ်ချက်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော လက်ကမ်းစာစောင်ကို ရည်ညွှန်းကိုးကား ဖော်ပြလိုက်ပါသည်။)

Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ