မိုးရာသီနဲ့ အရေပြား ပြဿနာ


မိုးရာသီမှာဘယ်လို အရေ ပြားပြဿနာတွေ ကြုံတွေ့ ရနိုင်လဲဆိုတာ သိချင်ပါတယ် ဆရာ။
မိုးရာသီကျတော့ အဓိက ရေနဲ့ပတ်သက်တဲ့ရောဂါတွေ၊ စွတ် စိုထိုင်းမှိုင်းတာတွေ ဒါတွေနဲ့ ပတ်သက်တာတွေပဲ ဖြစ်တတ်ပါ တယ်။ အဓိကကတော့ မိုးတွင်း မှာဆိုရင် 'အစိုရှိမှ မှိုရှိ' ဆိုသလိုပဲ အစိုဓာတ်ရှိရင်မှိုရှိပါတယ်။ စားတဲ့ သောက်တဲ့အခါမှာလည်း အစို ဓာတ်ရှိမှ၊  အိမ်နံရံမှိုတက်တယ် ဆိုတာလည်း အစိုဓာတ်ရှိမှမှို တက်တာပါ။ အဓိကကတော့မှို ပေါ့။ ချွေးတွေထွက်မယ်၊ စိုထိုင်း မယ်၊ အကြိုအကြားမှာမှိုပေါက် မယ်။ ဒီလိုအချိန်မှာ အရမ်းကို မှိုပေါက်တဲ့အချိန်ပါပဲ။ အဲဒီတော့ ပေါင်ခြံတွေမှာပေါက်တယ်၊ ရင် သားအောက်တွေမှာ ပေါက်တယ် စွတ်စိုတဲ့နေရာတွေမှာပိုပေါက် တယ်။ မိုးတွင်းမှာ အရေပြားမှိုတွေ ပေါတဲ့ အကြောင်းကိုပြောပြပေး တာပါ။ အတွင်းခံဘောင်းဘီတွေ ဝတ်တဲ့အခါကျတော့ လေဝင်လေ ထွက်နည်း၊ ပူအိုက်စွတ်စိုပြီးတော့ ချွေးထွက်တာနဲ့ဆိုတော့ ပိုပြီး မှိုပေါက်တတ်တယ်။ ဒါတွေက မိုး တွင်းမှိုပေါက်တဲ့ကိစ္စတွေပေါ့နော်။

နောက်တစ်ခုက မိုးတွင်းကျ တော့ မြောင်းတွေ၊ ချောင်းတွေထဲ ဖြတ်ကြရတော့drainage က မကောင်းတော့ ရေတွေလျှံတယ်၊  လမ်းပေါ်မှာရေတွေလျှံတော့ ခေတ်စကားနဲ့သာတည့်တည့်ပြော ရရင်လမ်းပေါ်မှာကလမ်းလျှောက် လို့မရဘူး၊ အဲဒီတော့ အောက်ကို ဆင်းပြီးလျှောက်ရတယ်၊ အောက် ထဲမှာလဲ မြောင်းထဲကရေတွေက လျှံထွက်လာတယ်။ အဲဒါတွေက တစ်ကယ့်ကို ရေပုပ်ရေဆိုးတွေ ပေါ့။ အဲဒီထဲကို မလွဲသာမရှောင် သာဆင်းလျှောက်ရတယ်။ အဲဒီ မြောင်းရေချောင်းရေမှာ ရောဂါ ပေါင်းစုံရှိတယ်။ မိုးရွာတဲ့အခါကျ ရင် မြောင်းထဲချောင်းထဲက ဘတ် တီးရီးယားပိုးတွေက မိုးရွာရင် မိုးရေချိုးမယ်ဆိုပြီး ပျော်ရွှင်စွာနဲ့ လမ်းမပေါ်ထွက်လာစေသတည်း ဆိုတဲ့အတိုင်းပဲ ထွက်လာကြတာ အဲဒီမှာ ကိုယ်ကမလွဲသာမရှောင် သာ ဖြတ်သွားတဲ့အခါကျရင် ခြေ ထောက်ကို ခြောက်အောင်လဲမ သုတ်မိဘူး၊ သန့်ရှင်းရေးလည်း မလုပ်မိဘူးဆိုရင် ခြေထောက် ကိုမှိုစွဲပြီးတော့ ခြေသည်းမှို၊ ခြေ ချောင်းကြားမှို အဲဒါတွေစွဲပြီးတော့ အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ တစ် ကိုယ်ရေသန့်ရှင်းမှုညံ့တဲ့သူတွေ က မိုးတွင်းမှာဆိုရင်အဲဒီလိုပြဿ နာတွေ တွေ့ရတတ်တယ်။  အဲဒီ တော့ တစ်ချို့chemical  နဲ့ မတည့်တဲ့သူတွေ ယားယံတာ တွေရှိတယ်။ တစ်ချို့ဆို ရေထဲ ကပြန်လာတာနဲ့ ယားယံလာ တယ်။ အဲဒါကို ကျွန်တော်တို့က Alargie Contact Dermatitis    လို့ခေါ်တယ်။

 ဓါတ်မတည့်လို့ယား တာပေါ့နော်။ chemical တွေပါ တာကိုး။ အောက်ပိုင်းပြဿနာပေါ့   ဘတ်တီးရီးယားပိုးတွေပါတာ တော့ ပြောမနေနဲ့။ ခြေထောက် ကhealthy ဖြစ်တဲ့skin ဆိုရင် တော့ မှိုတွေ၊ ပိုးတွေကဝင်လာဖို့ ခဲယဉ်းတယ်။ ဥပမာခြေ ထောက် မှာ ကိုယ်ကအကြောင်းတစ်ခုခု ကြောင့် ကုတ်ရာရှိမယ်၊ ပဲ့ရာရှိ မယ်abrasion တွေရှိမယ်၊ သူ့သာသူကုတ်ထားတဲ့အရာရှိ မယ်ဆိုရင် အဲဒီက နေပြီးဝင်တာ။ Normal skin barrier ကတော့ ပေါက်ဖို့မလွယ်ဘူး၊ သို့သော် ကိုယ်ကsomething wrong တစ်ခုခုနဲ့injury   ဖြစ်ထားရင် တော့ အဲဒီနေရာကနေ မှိုလည်း ဝင်နိုင်တာပဲ၊ ဘတ်တီးရီးယား တွေလည်းဝင်နိုင်တာပဲ။ နဂိုက အနာတွေရှိနေရင် ပိုတောင် ရင်းသွားနိုင်တယ်။ အဲဒီတော့ ပြည်တည်နာတွေဖြစ်တတ်တယ်။  မိုးတွင်းမှာ အနာတွေရှိရင် ရင်း တယ်၊ နှင်းခူတွေဆိုရင်လည်း စားပြီးတော့ အူ ကုပ်ပြီးပဲ့ပြီးတော့ အနာတွေရင်းတာတွေ ဖြစ်တတ် ပါတယ်။
နောက်တစ်ခုကတော့ မိုး တွင်းရယ်လို့မဟုတ်ဘဲရေနဲ့ပတ်သက် တဲ့ရောဂါleptospirosis  ပေါ့၊ ကျွန်တော်တို့ဆီမှာ သိပ်တော့မ ဖြစ်ပါဘူး၊ အညာမှာတော့ရှိတယ်၊ြွကက်သေးကနေ ဖြစ်တဲ့ရောဂါ ပေါ့။ အသားဝါလို့ပဲခေါ်ရမယ်ထင် တယ်။ အဲဒီရောဂါကseawage workers တွေမှာဖြစ်တတ်တယ်။ အဲဒီရောဂါလည်းContamination ရတာပဲ။ ဒါလည်းမိုးတွင်းမှာ သတိထားရမယ့်ကိစ္စတစ်ခုပါပဲ။  အထူးသဖြင့် စည်ပင်သာယာ လုပ်တဲ့သူတွေ၊ လယ်သမားတွေ အထူးသတိထားရမယ့်အချက် လေးတွေပါ။
နောက်တစ်ခုကတော့ တစ် ချို့လည်း နွေလည်းရှိတာပဲ၊ မိုး လည်းရှိတာပဲ ချွေးတွေထွက်ပြီး တော့ ညှင်းတွေပိုပြီး ပေါက်တတ် တယ်။
နောက်တစ်ခုကတော့ မိန်းကလေးတွေကျတော့သူတို့ မှာ မိုးတွင်းလည်းဖြစ်တယ်၊ မိတ်ကပ်တွေလည်းလိမ်းတယ်။  တစ်ချို့ဆို ဝက်ခြံတွေလည်းရှိ ကြတယ်။ အဲ့ဒါကိုလည်း ထူး ထူးခြားခြားပြုမူနေထိုင်ဖို့လို သေးသလား။

မိုးတွင်းမှာတော့ ဝက်ခြံက သိပ်စိုးရိမ်စရာတော့မရှိဘူး၊  ဝက်ခြံတွေကတော့ နွေရာသီမှာ ပိုဆိုးတယ်၊ မိုးတွင်းကျရင်တော့ ပြောရမယ်ဆိုရင် နွေတုန်းက မိတ်တို့ဘာတို့တွေက မိုးလာရင် မိုးရေချိုးမယ်လုပ်လိုက်တာနဲ့ တော်တော်များများတော့ မိတ် တွေလည်းဝပ်သွားတာပဲ၊ မိုးများ များရွာရင်ပေါ့။ မိုးကမစို့မပို့ရွာရင် တော့ မိတ်တွေကပိုဆိုးတတ် တယ်။ ဝက်ခြံတွေလည်းပိုဆိုး တတ်တယ်။ အထူးသဖြင့်တော့ ဝက်ခြံက နေရောင်ခြည်ထိမှပိုဆိုး တာ ဝက်ခြံကတော့ရာသီမရွေး ရှိတယ်။ ဒါပေမယ့် မိုးတွင်းမှာ ဝက်ခြံကပိုဆိုးတာမျိုးသိပ်မတွေ့ရဘူး။

ဒါဆို စိုထိုင်းမှုနဲ့ ဝက်ခြံက တော့သိပ်ဆက်စပ်မှုမရှိဘူးပေါ့ နော်ဆရာ။
စိုးထိုင်းမှုနဲ့ကတော့ သိပ်မရှိ ပါဘူး၊ ဟုတ်ပါတယ် ကျွန်တော် တို့ကတော့ ဝက်ခြံဆို နေပူရှောင် မယ်၊ အညိုအမဲတွေလဲ စွဲတတ် တယ်၊ မိုးတွင်းမှာတော့ အနာ တွေကတော့တစ်ကယ်ပေါတယ် အနာတွေရင်းတယ်။
ကလေးငယ်တွေ အနေနဲ့ ဘာတွေအဖြစ်များတတ်လဲဆရာ။
ကလေးတွေမှာဆိုရင် နှင်းခူ တို့ဘာတို့ကလည်း ဖြစ်ရိုးဖြစ်စဉ် ပဲ။ ရောဂါကလည်း နွေရာသီမှာ ပိုဖြစ်တယ်။ ဒီမှာတော့မှိုရောဂါ တွေပဲလာတယ်။ ခြေထောက်ကို သဲဝဲစားတာတို့၊ မှိုစွဲတာတို့၊ ခြေ ထောက်အနာဖြစ်တာတို့ အနာ ရင်းတာတို့ အဲလောက်ပါပဲ။ နောက်တစ်ခုတော့ရှိတယ် မိုးတွင်း ရယ်လို့မဟုတ်ဘဲ သန်ကောင် တွေလဲ မိုးတွင်းမှာ ပိုများတယ်၊ ချိတ်သန်ကောင်တွေပေါ့၊ သူတို့ တွေက စွတ်စိုတဲ့နေရာတွေမှာ ပေါက်တာပေါ့။ ကလေးတွေ ကကစားနေကြတာဆိုတော့  အဲဒါတွေလည်းဖြစ်တတ်တယ်။
ဒါတွေမဖြစ်ချင်ဘူးဆိုရင် ဘယ်လိုပြုမူနေထိုင်ရမလဲ။

အဓိကတော့ Personal Hygience  ပေါ့နော်။ ရေထဲဖြတ် မသွားလို့မှမရတာ သွားရမှာပဲ လေ၊ အဲဒီတော့ ခြေထောက်ကို ရေစိုကြီးနဲ့မနေနဲ့၊  မသန့်တဲ့ရေကို သန့်တဲ့ရေနဲ့ဆေး၊ ရေစိုထဲသွား ပြီးပြန်လာရင် ချက်ချင်းရေသန့် နဲ့ပြန်ဆေး၊ ခြောက်အောင်သုပ်၊ ကိုယ်တိုက် ဆပ်ပြာနဲ့သေချာ တိုက်ပေါ့နော်၊ အိမ်မှာဆိုရင်တော့ သိပ်ပြဿနာမရှိဘူး၊ ရုံးသွားတဲ့ သူတွေ ရုံးမှာရေမရှိရင်ဘယ်လို လုပ်မလဲ၊ အဲဒီတော့ ဖိနပ်အစိုကြီး နဲ့မနေဘဲနဲ့ ဖိနပ်အစိုကို ချက်ချင်း လဲဖို့ပေါ့နော်၊ တစ်ခါတစ်လေ ရေစိုကြီးနဲ့နေရတာတွေ၊ အဝတ် စိုကြီးနဲ့နေရတာတွေရှိတတ်တယ်လေ၊  ခြေထောက်ကိုလည်းတက်နိုင်သမျှ  ရေဆိုးကြောင့်ဖြစ်တဲ့အညစ်အကြေး ကို တက်နိုင်သမျှ ရေသန့်နဲ့ပဲပြန် ဆေး၊ ပြီးတော့ခြေထောက်ကြား လေးတွေမှာ ကိုယ်သန့်ပေါင်ဒါ လေးတွေကို ခြေထောက်ကြား လေးမှာ ထည့်ပေးပေါ့နော်။ ယောကျာ်းလေးတွေပေါ့နော်၊ အထူးသဖြင့် ခြေထောက်မှာ ယား နာလေးတွေရှိမယ်ဆိုရင် ပိုးသတ် ဆေး Antiseptic cream လေး တွေလိမ်းပေါ့နော်။ လက်တွေ ဆိုရင်လည်း ပိုးသတ်ဆပ်ပြာတွေ နဲ့ သန့်ရှင်းရေးလေးတွေလုပ်ပေး လို့ရတယ်။ အထူးသဖြင့် အသက် ကြီးတဲ့သူတွေ၊ ဆီးချိုရှိတဲ့သူတွေ  ဆိုရင် မှိုတွေကပိုပြီးတော့ဝင်နိုင် တယ်။ ကိုယ်ခံအားကျတဲ့လူတွေHIV လူတွေမှာဆို ပိုဝင်နိုင်တယ်။ သူတို့ဆိုရင်ပိုပြီးတော့ Personal Hygience ကောင်းဖို့လိုတယ်။ နောက် ကလေးတွေဆိုရင်လည်း လက်ဆေးဖို့ပါပဲ။ ဒီလောက်ပါပဲ။

နောက်ပြီးတော့Leptospirosis ဆိုရင်ကိုယ်က မဖြစ် မနေ ရေထဲနှိုက်ရမယ်ဆိုရင်  လုပ်ငန်းခွင်သုံးလက်အိတ်တွေဘာ တွေသုံးရမှာပေါ့နော်။ ရေလုံလက် အိပ်(လုပ်ငန်းခွင့်သုံး) ဖြစ်နိုင်ရင် ခြေထောက်ဆိုရင်လည်း လည် ရှည်ဖိနပ်တွေစီးပေါ့။ ဒါက ကိုယ့် အတွက်တော့safe ဖြစ်တာပေါ့။ လယ်သမားတွေဆိုရင်လည်း စီးရမယ်၊ စည်ပင်သမားတွေ ဆိုရင်လည်း လည်ရှည်ဖိနပ်တွေ စီးသင့်တယ်။ ခုမိုးတွင်းကတော့ မှိုတို့အကြိုက်ပေါ့၊ အိမ်မှာတောင် အဝတ်အစားတွေမှိုတက် သေး တာ၊ ဖားဥတက်တယ်ခေါ် တယ်။ တစ်ကယ်တန်းတော့ ဒါက မှိုတတ်တယ်လို့ခေါ်တာပေါ့။    အဝတ်အစားတွေတင်မှိုတက်တာ မဟုတ်ဘူး၊ မှန်ဘီလူးတွေရော ကင်မရာမှန်ဘီလူး၊ microscope lens တွေရော  မှိုတတ်တယ်။ မှိုတက်သွားရင် သိပ်ကြောက်စရာ ကောင်းတယ် သုံးလို့မရတော့ဘူး။ everything ကတော့ မိုးတွင်းဆို မှိုတတ်တာပဲ။ လူပါမှိုတတ်သွား တတ်တယ်။ အဲဒီတော့ မှိုမတက် အောင်နေမယ်၊Keep dry, Clean and dry  နေမယ်။
တစ်ချိ့ကလည်း  ကိုယ့် ကိုယ်ကိုယ် မှိုဆွဲပြီဆိုပြီးတော့ မှိုလိမ်းဆေးတွေလိမ်းကြတာ ပေါ့၊ အဲဒါလိမ်းသင့်လား ဆရာ ဝန်နဲ့တိုင်ပင်ဖို့လိုလား။

ပေါင်ခြံယားတာတို့ဆိုရင် အလွယ်ရတဲ့လိမ်းဆေးလေး တွေကို ဆေးဆိုင်ကနေဝယ်လိမ်း တယ်။ ဆေးဆိုင်ကလည်း ဆရာ ဝန်လက်မှတ်မပါဘဲရောင်းတယ်၊  ပြဿနာက ဘာတက်လဲဆိုရင်steroid  ပါတဲ့လိမ်းဆေးတွေပေါ့။Steroid  ဆိုတာကိုလည်း အရပ် က နားမလည်ဘူး။ အရပ်သူအ ရပ်သားနားလည်အောင် ကျွန် တော်တို့ကဆောင်းပါးတွေတော့ ရေးထားတယ် သို့သော်steroid တွေရဲ့ chemical names တွေက ရှုပ်ထွေးတတ်တာကြောင့် အရပ် သူအရပ်သားအနေနဲ့ လိမ်းတဲ့ ဆေးတိုင်းမှာsteroid တွေ ပါမပါ ဆိုတာမသိနိုင်ဘူး။ မသိရှာနိုင်ဘူး။ အဲဒီလိုမသိတဲ့အတွက် ခဏ သက်သာအောင်လိမ်းတဲ့ အခါ လိမ်းရင်းလိမ်းရင်းနဲ့ steroidတွ ရဲ့ဆိုးကျိုးတွေ ရသွားတာတွေ ရှိတယ်။ အလွယ် ဥပမာပေးရ မယ်ဆိုရင်steroid ပါတဲ့လိမ်း ဆေးလေးတွေကို ဆေးဆိုင်က အလွယ်တကူရတော့ လိမ်းရင်း နဲ့ပေါင်ကြောတွေပြတ် သွားတာ တွေကိုမတွေ့ချင်မှအဆုံး မြင် နေရတယ်။ အဲဒါကြောင့် ဖြစ်ရင် လည်းဆရာဝန်နဲ့ပဲ ပြဖို့လိုတယ်၊ အထူးသဖြင့်steroid ပါတဲ့လိမ်း ဆေးတွေလိမ်းမိရင် သူ့ရဲ့ဆိုးကျိုး တွေက နောင်တရလို့မဆုံးဘူး။ အဲဒီအကြောတွေ ပြတ်သွားရင် ပြန်မကောင်းတော့ဘူး။ အဲဒါ ကြောင့် အလွယ်ရတဲ့ ဆေးတွေနဲ့ ဝယ်မသုံးကြဖို့။steroid ပါတဲ့ လိမ်းဆေးတွေပေါ့။steroid ပါ၏ မပါ၏ကို အရပ်သားတစ်ယောက် အနေနဲ့ နားလည်နိုင်ဖို့မလွယ်ဘူး၊ ဘာလို့လဲဆိုတော့ သူ့chemical names တွေက ရှုပ်ထွေးပြီးရှည် လျားနေလို့ပဲ။ မြန်မာလိုsteroid ပါ၏လို့ ရေးထားတာမဟုတ်ဘူး၊ အဲဒီတော့steroid ဆိုတာဘာလဲ ဆိုတာလည်းမသိကြဘူး၊ အယား သက်သာဖို့ပဲလိမ်းကြတာဆိုတော့  လွဲမှားနေတဲ့ misuse ပေါ့နော်  ဒါတွေကိုရှောင်ကျဉ်ဖို့လိုပါတယ်။

ဒေါက်တာ ကျော်ကျော်
(အရေပြားအထူးကုဆရာဝန် ကြီး)
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ