ပြင်းထန်သည့် ဗက်တီးရီးယားရောဂါများ အတွက်ပဋိဇီဝဆေးသစ် စမ်းသပ်မှုအောင်မြင်


အမေရိကန်နိုင်ငံ မက်ဆာချူးဆက် ပြည်နယ်အခြေစိုက် တက်ထရာဖေ့စ်ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီသည် ပြင်းထန်သည့် ဗက်တီးရီးယား ရောဂါများအတွက် ထုတ်လုပ်ထားသည့် အာရာဗာဆိုင်ကလင်း (Eravacycline) အမည်ရှိ ပဋိဇီဝဆေးသစ်ကို အဆင့်-၃ လက်တွေ့စမ်းသပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဇူလိုင် ၂၅ရက်က ရေးသားတင်ပြ ထားသည်။

ဆေးဝါးသစ်၏ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရသည့် အဆင့်-၃စမ်းသပ်မှုတွင် တက်ထရာဖေ့စ် ဆေးကုမ္ပဏီသည် ဆေးယဉ်ပါး ဗက်တီးရီးယား များကြောင့် ဖြစ်ပွားသော ဝမ်းဗိုက်ရောဂါများ ခံစားနေရသူလူနာဦးရေ ၅ဝဝ တို့ကို အာရာဗာဆိုင်ကလင်း ပဋိဇီဝဆေးကျွေး၍ လေ့လာစောင့်ကြည့် ခဲ့သည်။

လေ့လာချက် ရလဒ်များအရ အာရာဗာဆိုင်ကလင်း ပဋိဇီဝဆေးဖြင့် စမ်းသပ်ကုသမှု ခံယူခဲ့သော ရောဂါသည်များ၏ အခြေအနေမှာ သိသိသာသာတိုးတက် ကောင်းမွန်လာသည်ကို တွေ့ရကြောင်း တက်ထရာဖေ့စ် ဆေးထုတ်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။

အာရာဗာ ဆိုင်ကလင်းဆေးသစ်သည် ဆေးယဉ်ပါး ဗက်တီးရီးယားများကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများအတွက် ထုတ်လုပ်ထားသော တက်ထရာဆိုင်ကလင်း (Tetracycline) ပဋိဇီဝဆေး ပုံစံကွဲဖြစ်သည်။

ဆေးယဉ်ပါး ဗက်တီးရီးယားပိုး များကြောင့် ဝမ်းဗိုက်ပိုးကူးစက် ရောဂါများ (Intra-Abdominal Infections) ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိရာ အာရာဗာဆိုင်ကလင်းကဲ့သို့ ပဋိဇီဝကုထုံးသစ်များ အောင်မြင်မှုရရှိရန် လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။

 ပြည်ချစ်သား
The Myawady Daily
https://www.facebook.com/TheMyawadyDaily/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ