အဆိပ်ရှိတဲ့ ပိုးကောင်းများအကိုက်ခံရလျှင်


မနေ့က အိမ်မှာ ကလေးက ဆော့နေရင်း ပျားတစ်ကောင်ကို တက်နင်းလိုက်လို့ ခြေဖ၀ါးနုနုလေးကို ပျားတုပ်သွားပါတယ်။

အထိတ်တလန့် အော်ငိုသံကြောင့် အဖေရော အမေပါ ပြေးသွားကြည့်တော့ ပျားတစ်ကောင်က သူ့ခြေထောက်နားမှာ ချာချာလည်နေတာကို တွေ့လိုက်တော့ ပျားတုပ်သွားတယ်ဆိုတာ သိလိုက်ရတာကြောင့် မီးဖိုချောင်ထဲက ကြက်သွန်ဖြူယူ၊ ငရုတ်ကျည်ပွေ့နဲ့ ထုထောင်းပြီး ကြက်သွန်ဖြူအစေးနဲ့ ပွတ်လိမ်းပေးလိုက်တော့ ၃ မိနစ်တောင်မကြာပဲ အငိုတိတ်သွားပါတယ်။

၅ မိနစ်လောက်မှာပဲ ကိုက်ထားတဲ့နေရာကနေ ပျားအစွယ်က အပြင်ကို စူထွက်လာပါတယ်။ ဇာဂနာနဲ့ ဆွဲထုတ်လိုက်ပြီး ကြက်သွန်ဖြူကို ဓါးနဲ့ပိုင်းဖြတ်၊ အစေးနဲ့ တို့ပေးထားလိုက်တော့ ယောင်တာ၊ ကိုင်းတာမရှိပဲ နာလည်း မနာတော့တဲ့အတွက် ကလေးက ၁၀ မိနစ်လောက်မှာပဲ ပုံမှန်အတိုင်း ပြန်ဆော့နိုင်သွားပါတယ်။

ကြက်သွန်ဖြူရဲ့ ဆေးဖက်ဝင်ပုံများကို ထပ်လေ့လာကြည့်လိုက်ရင်လည်း ပုရွက်ဆိတ်၊ ပျား စတဲ့ ပိုးကောင်များရဲ့ အသေးအမွားအဆိပ်တွေကို ပြေစေနိုင်ကြောင်း တွေ့ရပါတယ်။ သံလွင်ဆီကလည်း ပိုးကောင်အဆိပ်များကို ပြေပျောက်စေကြောင်း ထပ်တွေ့ရပါတယ်။

ဒါ့ကြောင့် အဆိပ်ရှိတဲ့ ပိုးကောင်းများအကိုက်ခံရရင် လက်တစ်ကမ်းမှာ ရှိနေတဲ့ အရေးပေါ် ဆေးနည်းတိုများနဲ့ ကုသနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

စောနွဲ့ နေဆိုင် - ပူတာအို
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ