ကိုယ်ခံအားစနစ်တွင် ဦးနှောက်ကဲ့သို့လုပ်ဆောင်မှုကိုတွေ့ ရှိ


သြစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) မှ သုတေသန ပညာရှင်များသည် ကိုယ်ခံအားစနစ်တွင် ဦးနှောက်ကဲ့သို့ လုပ်ဆောင်မှုကို ရှာဖွေတွေ့ရှိပြီး ယင်းတွေ့ရှိမှုသည် ပဋိပစ္စည်းကြောင့် ဖြစ်ပွားသည့် ရောဂါ များကို ပိုမိုကောင်းမွန်စွာ ကုသနိုင်ကြောင်း သိရသည်။
ကိုယ်ခံအားဆဲများတွင် ဒိုပါမင်းကဲ့သို့ ဓာတုဒြပ်ပေါင်းများ ပါဝင်သည်ကို ပထမဆုံး အကြိမ် အတည်ပြုနိုင်ခြင်း ဖြစ်ပြီး အဆိုပါ ဒြပ်ပေါင်းသည် ယခင်က ဦးနှောက်တွင်သာ ပါရှိသည်ဟု ယူဆထားကြောင်း သုတေသန ပညာရှင်များက ပြောသည်။

အဆိုပါရှာဖွေတွေ့ရှိမှုသည် သွေးဖြူဥ ကင်ဆာရောဂါနှင့် ကိုယ်ခံအားကျဆင်းမှု ရောဂါများ အပါအဝင် ပဋိပစ္စည်းများ ကြောင့် ဖြစ်ပွားသည့်ရောဂါများကို ပိုမိုကောင်းမွန်စွာ ကုသနိုင်စေမည်ဖြစ်ကြောင်း ANU မှ သုတေသန ခေါင်းဆောင် အိုင်လန်နီအာပါပါက ပြောသည်။

၎င်းဒြပ်ပေါင်းများသည် ဦးနှောက်ရှိနျူရွန် များတွင်သာ တည်ရှိသည်ဟု ယခင်က ထင်မြင် ယူဆခဲ့ကြောင်း၊ ယင်းဒြပ်ပေါင်းများသည် သက်ဆိုင်သည့် ရောဂါအပေါ်မူတည်ပြီး ကိုယ်ခံအားတုံ့ပြန်မှုကို လျင်မြန်စေရန် ရောဂါ ကုထုံးများအတွက် အကောင်းဆုံးအရာ တစ်ခုဖြစ်နိုင်ခြေရှိကြောင်း ပါပါကထုတ်ပြန်ချက်တစ်ရပ်တွင်ပြောသည်။ အဆိုပါအဖွဲ့သည် မကြာသေးမီက အာသီးများထုတ်ခဲ့သောကလေးငယ်များထံမှ တစ်သျှူးနမူနာ ၂ဝဝ ကျော်ကို စာရင်းပြုစုကာ အာရုံ ကြောတုံ့ပြန်မှုမှတစ်ဆင့် T ဆဲနှင့် B ဆဲမှ ဒိုပါမင်းကူးပြောင်းမှုကို လေ့လာဆန်း စစ်ခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ