Birth Control and Heart Disease နှလုံးရောဂါနဲ့ တားဆေး


ဆရာရှင့် ကျွန်မ အသက် ၃၃ ပါ။ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ရှိပါတယ်။ ထိုရောဂါများသည် သန္ဓေတားဆေးများနှင့်မတည့်ဟု ဖတ်ဖူးသဖြင့် မည်သည့်တားဆေးသုံးသင့်ပါသလဲရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

နှလုံးရောဂါရှိနေတဲ့ အမျိုးသမီးတွေအတွက် -
၁။ Barrier Methods အတားအဆီးနည်းများ
Condoms ကွန်ဒွမ်၊ Cervical caps သားအိမ်ဝအဖုံး၊ Diaphragms ဒိုင်ယာဖရမ်တွေကိုပြောတာဖြစ်တယ်။ ဟော်မုန်းမပါလို့ နှလုံးအပေါ်သက်ရောက်မှု မရှိပါ။ ဒါပေမယ့် ထိရောက်မှု ရာနှုန်းနည်းကြတယ်။

၂။ Combined Estrogen and Progestin Contraceptives
Combined oral contraceptives pill ဟော်မုန်း ၂ မျိုးတွဲပါ အများလုံး။ ၂၈ လုံးပါတားဆေး ထိရောက်ပေမယ့် ဟော်မုန်းတမျိုးက နှလုံးအတွက် မသင့်ပါ။ Transdermal patches (EVRA®) တားဆေးကပ်ခွါ၊ Vaginal rings (NuvaRing®) ဗဂျိုင်းနားထဲထည့်ရတဲ့ကွင်းတွေကလည်း အတူတူပဲ။ Arterial and venous thrombosis သွေးကြောပိတ်တာတွေဖြစ်စေနိုင်တယ်။

၃။ Progestin Only Contraceptives ပရိုဂျက်စတီရုန်းတမျိုးတည်းပါတားဆေး
Depo-Provera ဒီပိုပရိုဗားရားခေါ် ၃ လခံထိုးဆေး၊ Mini pill ခေါ် ဟော်မုန်းတမျိုးတည်းပါ တားဆေးအသေးစား၊ Subcutaneous (Depo-SubQ Provera®), Subdermal implants (Implanon®), Levonorgestrel-impregnated intrauterine systems (Mirena®) နည်းတွေကလည်းသင့်တယ်။

၎။ Intrauterine Devices (IUD) Intrauterine devices ခေါ် IUDs ခေါ် သားအိမ်ထဲထည့်ရတာမှာ ဟော်မုန်းမပါလို့ သင့်ပါတယ်။ Copper IUD လို့လည်းခေါ်တယ်။ Progestogen-releasing IUD (Mirena®) လို့လည်းခေါ်တယ်။

၅။ Sterilization သားကြောဖြတ်နည်း
ကလေးမလိုချင်တော့သူတွေက Tubal ligation သားအိပ်ပြွန်ကိုဖြတ်နည်းနဲ့ Intratubal stents (Essure®) တန့်ထည့်နည်းတွေ လုပ်နိုင်တယ်။

၆။ Emergency Contraception အရေးပေါ်တားဆေး
တခါတလေအတွက်တော့ သုံးလို့ရတယ်။

တခြားသတိထားစရာတွေ
၇။ ကိုယ်ဝန်တားဆေးတချို့ သွေးတိုးနဲ့မသင့်ပါ။ သွေးဖိအားကို အမြဲလိုလိုစစ်ဆေးနေရမယ်။ သွေးကျဆေးနဲ့ လူနေမှုပုံစံဂရုစိုက်နေရမယ်။

၈။ လူက ဝလွန်းနေသူတွေလည်း မသင့်ပါ။ ဆေးအလေးချိန်ဆိုတာ ကိုယ်အလေးချိန်အရပေးရလို့ ဟော်မုန်း မလုံလောက်တာ ဖြစ်တတ်တယ်။ အထူးလုပ်ထားတဲ့ဆေး ရွေးရမယ်။

၉။ ဆေးလိပ်သောက်တာနဲ့ ကိုယ်ဝန်တားဆေး (ဟော်မုန်း ၂ မျိုးတွဲ အများဆုံးသုံတဲ့ တလ ၂၈ လုံးပါတားဆေး) နဲ့ မတွဲသင့်ပါ။ အထူးသဖြင့် ငယ်ရွယ်သူအမျိုးသမီးတွေ ဆေးလိပ်သောက်ရင် နှလုံးရောဂါရဖို့ ၂ဝ% ပိုတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ